Category: ajax
-
Ajax နည်းပညာ မိတ်ဆက်
သူငယ်ချင်းရေ……… ဒီနေ့ နင့်ကို Ajax ဆိုတဲ့ ဒီကနေ့ ခေတ်စားနေတဲ့ နည်းပညာ အကြောင်းကို ပြောပြချင်တယ်။ ဒီနည်းပညာက အခုနောက်ပိုင်း web application တွေမှာ အသုံးများလာတယ်။ ဘာလို့လဲ ဆိုရင် ဒီနည်းပညာက web application တွေရဲ့  အားနည်းချက်ကို ဖြေရှင်းပေးလို့ပေါ့။ ဒီနည်းပညာကို သုံးလိုက်ရင် web application တစ်ခုက window application နဲ့မခြား လွယ်လွယ်ကူကူ သုံးနိုင်လာတယ်။ ပိုပြီးတော့လည်း သုံးလို့ကောင်း အဆင်ပြေစေတာပေါ့။ ဒီ Ajax နည်းပညာကို Google.Inc ကသုံးလိုက်တော့ လူသိများ ထင်ရှားလာတယ်။ နင်နေ့တိုင်းသုံးနေတဲ့ Google မှာ Ajax နည်းပညာတွေ အများကြီး သုံးထားတာပေါ့။