ကိုယ်ကိုတိုင်ကစရမည်သာ


သူငယ်ချင်းရေ

မနေ့က အာဇာနည်နေ့ မိုးတွေကရွာ လေတွေကတိုက် ဘာရယ်မဟုတ်ဘူး လွမ်းပစ်လိုက်တယ်။
လွမ်းဆွေးမှုရသကို ခံစားရင်း တစ်ခုစဉ်းစားမိတယ်။
သူငယ်ချင်းကြားဖူးပြီးသားဖြစ်ချင်ဖြစ်မယ်ထင်တယ်။ Chicken Soup for the Soul
စာအုပ်ထဲက ရေးထားတဲ့ စာသားလေးတွေပါ။

ငါလေ ငယ်ငယ်ရွယ်ရွယ်

လွတ်လပ်တဲ့ စိတ်ကူး

ကန့်သတ်မဲ့အတွေးတွေနဲ့

ငါ့အိပ်မက်ခဲ့တယ်

ကမ္ဘာကြီးကို ပြောင်းလဲပစ်မယ်ပေါ့။

အသက်လေးနည်းနည်းကြီးလာတော့

‘ပညာ’တွေနည်းနည်းတတ်တော့

ကမ္ဘာကြီးကို ငါပြန်ကြည့်တော့မှ

ကမ္ဘာကြီးဟာ ကမ္ဘာကြီးပါပဲ။

ငါလေ ငါ့အိမ်မက်ကို ဈေးဆစ်ပြီး

ငါချစ်တဲ့ ငါ့တိုင်းပြည်ကိုတော့

တစ်ခုခုဖြစ်အောင်လုပ်မယ်ပေါ့

ဒါပေမယ့်လည်း အချိန်တွေကုန်လာတော့

တိုင်းပြည်ဟာ တိုင်းပြည်ပါပဲ။

ဘ၀ရဲ့  နေ၀င်ဆည်းဆာ

ငါ့အိပ်မက်တွေ လေးလံလာတယ်

ဇနီးသားတွေအတွက် ငါပေးဆက်

ဘယ်လိုပဲ ကြိုးစားလည်း

မိသားစုတွေကလည်း ဒီအတိုင်းပါပဲ။

သေမင်းရဲ့  ခေါ်သံစောင့်နေတဲ့ အခိုက်

လဲလျောင်းမှေးစက်ရင်း

ငါသိရပြီ (ပထမဆုံးအကြိမ်ပါပဲ)

ငါဟာ ငါပဲ၊ ဘာမှ မပြောင်းလဲပါလား…….လို့။                    ။

ငါတို့တွေဟာလေ ပညာလေးနည်းနည်းတတ်လာတာနဲ့ အကြီးကြီးတွေပြောကြပြီး
ပြောင်းလဲမှုကြီးတွေကို ငတ်မွတ်ကြတယ်။ အိပ်မက်အကြီးကြီးတွေမက်ပြီး
စိတ်ကူးယဉ်ကြတယ်။ အဲလိုပြောလို့ အိပ်မက်မက်တာ ရည်ရွယ်ချက်ကြီးတာ မကောင်းဘူးလို့
ပြောချင်တာ မဟုတ်ပါဘူး။ တကယ့်တကယ်တော့ အိပ်မက်မက်တာ အပြစ်မဟုတ်ပါဘူး။
မမက်တတ်တာကမှ အပြစ်ပါတဲ့။ ဒါပေမယ့် ငါတို့ အိပ်မက်တွေက အစီအစဉ်တွေ
မှားနေသလားပဲတဲ့။

ငါတို့ ငယ်အိပ်မက်တွေက တခါတလေ သိပ်ကြီးကျယ်ပြီး လောကကြီး၊ ကမ္ဘာကြီးနဲ့ချီ
နိုင်ငံကြီးနဲ့ချီတယ်။ ပြီတော့ တဖြည်းဖြည်းကျုံ့ ဝင်လာပြီး သေးသေးသွားတယ်။
ကြီးရာကသေးနေတယ်။ တကယ်က သေးရာကကြီးထွားရမှာ မဟုတ်လား။ အရေးကြီးတဲ့ ပထမခြေလှမ်း
ကိုယ်ကိုတိုင်က ပြောင်းလဲမှုကို လုပ်ရမယ်ဆိုတာကို သေခါနီးမှ
သဘောပေါက်နေလို့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်လို
အကြောင်းကိစ္စကို မဆို ကိုယ်ကိုတိုင်ကနေ စတင်ပြီး ကိုယ့်ဆီကနေမှတဆင့်
တိုးပွားသွားအောင် လုပ်ဆောင်သင့်ပါတယ်။

ကိုယ်ကိုတိုင်က ကောင်းအောင်နေရင် ကိုယ့်ရဲ့ မိသားစုက ကောင်းအောင်နေလာမယ်၊
ပြီးတော့ ကိုယ့်မိသားစုပတ်ဝန်းကျင်က သူတွေက ကောင်းအောင်နေလာမယ်၊
ကိုယ့်မြို့နယ်ကသူတွေ ကောင်းလာမယ်၊ ဒီလိုနဲ့ တဖြည်းဖြည်း ကမ္ဘာလောကကြီးတစ်ခုလုံး
ကောင်းမလာနိုင်ဘူးလို့ ဘယ်သူကမှ မပြောနိုင်ပါဘူး။

ငါတို့ အာဇာနည်ခေါင်းဆောင်ကြီးတွေလည်း ငါတို့နိုင်ငံကို ပြောင်းလဲနိုင်ဖို့ကို
သူတို့ကိုယ်တိုင် ပြောင်းလဲပြီး တဖြည်းဖြည်း တစ်နိုင်ငံလုံးကို
ပြောင်းလဲနိုင်အောင်ကြိုးစားခဲ့ကြလို့ ငါတို့ အခုလို လွတ်လပ်တဲ့ နိုင်ငံရဲ့ 
နိုင်ငံသားအဖြစ် နေနေနိုင်တာပေါ့ကွာ။

ဒါကြောင့် ငါတို့တွေက ဘယ်ဟာကိုပဲ ဖြစ်ဖြစ် ကိုယ်ကိုတိုင်က စတင်နိုင်တဲ့
လူငယ်လူတော်လူကောင်းတွေဖြစ်အောင် ကြိုးစားကြရအောင်ကွာ။

ခင်တဲ့

ကောင်းမြတ်ထွန်း

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

One response to “ကိုယ်ကိုတိုင်ကစရမည်သာ

  • hololodilolo

    right
    အားလုံး ကိုယ်ကိုယ်တိုင်ကစရင်တော့ ဖြစ်လာမှာပေါ့..
    အရင်ဆုံး ကိုယ်ကိုယ်တိုင်ကစဖို့ အသိလေးတော့ လိုသေးတယ်နော့..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: