ချစ်ဒုက္ခ


၂၀၀၉ အောက်တိုဘာ ၁၁ ရက် ည ၂၃ နာရီ ၄၆ မိနစ်

သူငယ်ချင်းရေ

ဆရာအတ္တကျော်ရဲ့  ယောက်ျားတို့ရဲ့  အချစ် ဆိုတဲ့ ဘလော့ခ်ကို ကူးယူပြီး ဖော်ပြပေးတာ အလွန်ကို ပဲ ကျေှးှဇူးတင်ပါတယ်။ ကျွန်တော်လည်း ဆရာ အတ္တကျော်ရဲ့ စာတွေကို ဖတ်သားမှတ်သားခဲ့ဖူးပါတယ်။

ဆရာအတ္တကျော်က ဒီစာကို ယောက်ျားများကြောင့်ဒုက္ခရောက်ခဲ့ရတဲ့ မိန်းကလေးတွေကို တွေ့မြင်ကြုံတွေ့ရာမှ ယောက်ျားတို့ရဲ့  အချစ်ကို သတိထားဆင်ခြင်နိုင်ရန်ရေးသားတင်ပြထားခြင်းမှာ အလွန်ပင် ကောင်းမွန်သော စာတစ်ပုဒ် ဟုဆိုနိုင်ပါတယ်။ ယောက်ျားအမျိုးမျိုးမှာ ဖြစ်တတ်တဲ့ အချစ်သဘောတရားများကို တင်ပြသွားသည်မှာ အလွန်ပင် ဖတ်ရှုမှတ်သားဖွယ်ရာများပင်ဖြစ်ပါတယ်။

ဆရာအတ္တကျော် နောက်ဆုံးတွင်ရေးသားထားသကဲ့သို့ မိန်းကလေးများသည် တွေးဆဆင်ခြင်သင့်ပါတယ်။ အချစ်တစ်ခုမှ မဟုတ်ပါဘူး။ ဘယ်ကဲ့သို့သော အကြောင်းအရာကို မဆို တွေးတောဆင်ခြင်မှုမရှိပဲ လုပ်ဆောင်ပါက အမှားဖြစ်နိုင်ခြေမှာ အလွန်ကို များပါတယ်။ ဒါ့ကြောင့် မည်သည့်ကိစ္စကို မဆို မလုပ်ခင်လည်း တွေးတောဆင်ခြင်ပါ၊ လုပ်နေဆဲမှာလည်း တွေးတောဆင်ခြင်ပါ၊ လုပ်ပြီးသွားလျှင်လည်း တွေးတောဆင်ခြင် သုံးသပ်ပါလို့ ကျွန်တော့်ရဲ့  ညီမ၊ အစ်မ များကို အကြံပေးချင်ပါတယ်။ ဒါက ဗုဒ္ဓမြတ်စွာဘုရားရဲ့  အဆိုအမိန့်တစ်ခုပါ။

ဒီနေရာမှာ ကျွန်တော် သူငယ်ချင်းတို့ကို မျှဝေချင်တာလေးတစ်ခုရှိပါတယ်။ အမျိုးသား၊ အမျိုးသမီးရယ်လို့ ခွဲခြားပြီးတော့ မဟုတ်ပါဘူး။ လူတိုင်းနီးပါးကြုံတွေ့တတ်ကြတဲ့ အချစ်အကြောင်းနဲ့ ပတ်သက်ပြီး တော့ဆိုတော့ ကျားမမရွေးနဲ့ သက်ဆိုင်မယ်လို့ထင်ပါတယ်။

ဆရာအတ္တကျော်က နိဒါန်းအစတွင် ယောက်ျားတို့ရဲ့  အချစ်ကြောင့် ဒုက္ခရောက်ရရှာတဲ့ အမျိုးသမီးများဟာ အမျိုးသားတို့ရဲ့ အချစ်ကို နားမလည်ကြတဲ့အတွက်ကြောင့်လို့ဆိုထားပြီး အမျိုးသားတို့ရဲ့  အချစ်ကို ပုံဖော်ပြထားတယ်လို့ ထင်ပါတယ်။ အင်း လောကကြီးမှာ အချစ်ကြောင့် ဒုက္ခရောက်ကြ စိတ်ဆင်းရဲ ပူပန်ကြရတဲ့သူတွေ အများကြီး ရှိကြမှာပါ။ ကျားမမရွေးရှိကြလိမ့်မယ်လို့ထင်ပါတယ်။

ကျွန်တော်က ဒီနေရာမှာ ဆရာတော်အရှင်ဆန္ဒာဓိကရဲ့  စာအုပ်တွေထဲက “အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်” ဆိုတဲ့ ဆောင်းပါးထဲက အချို့ ကို ကောက်နှုတ်တင်ပြချင်ပါတယ်။ ဖတ်ဖူးတဲ့သူတွေလည်း ရှိမယ်လို့ထင်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေရဲ့  အခြေခံအကျဆုံး ယုံကြည်ချက်ကတော့ ကံနဲ့ ကံရဲ့ အကျိုးတရားပါပဲ။ ”ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးခံရမယ်။ ကိုယ်လုပ်ခဲ့တဲ့ အလုပ်နဲ့ သက်ဆိုင်တဲ့ အကျိုးတရားကို ကိုယ်ပဲ ခံစားရမယ်၊ အလုပ်ဆိုတာ ကံ၊ ကံဆိုတာ အလုပ်၊ ကိုယ့်ကံက ကိုယ့်ဘ၀ကို စီမံတယ်၊ ကိုယ့်ဘ၀ရဲ့  ဖန်ဆင်းရှင်ဟာ ကိုယ်လုပ်ခဲ့တဲ့ ကံတရား” အဲဒီလို လက်ခံယုံကြည်ထားကြတယ်။

အချစ်ရေး၊ အိမ်ထောင်ရေးမှာ အကျိုးပေး မကောင်းတာဟာ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ မကောင်းကံတွေ အတိတ်က ပြုလုပ်ခဲ့ဖူးလို့ပါ။ သူတစ်ပါးရဲ့  ချစ်ခြင်းကို ခွဲခဲ့တဲ့သူ၊ သူတပါးအိမ်ထောင်ကို ပြိုကွဲစေခဲ့တဲ့သူဟာ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဘယ်လိုနည်းနဲ့မှ အကျိုးပေး မကောင်းနိုင်ပါဘူး။

သမီးရည်းစားချစ်၊ လင်မယားချစ်တွေကို ဖြိုခွဲမှ အချစ်ကံမကောင်းတာ မဟုတ်ပါဘူး။ မေတ္တာချစ်၊ သံယောဇဉ်ချစ်နဲ့ ချစ်ကြသူမည်သူကိုမဆို တကွဲတပြားစီ ဝေးလွင့်သွားအောင် လုပ်ရင် ဖြစ်လေရာ ဘ၀တိုင်း ကိုယ်ချစ်တဲ့သူကို ”ဆုံနိုင်ခွင့်“ မှေးမှိန်ပျောက်ကွယ်ပြီး “လွမ်းဆွတ်ခွင့်““တမ်းတခွင့်“ တွေသာ ရှင်သန်ကြီးထွားလာနိုင်ပါတယ်။

လို့ အရှင်ဆန္ဒာဓိကရဲ့ စာအုပ်မှာ ရေးသားတင်ပြထားပါတယ်။ ပြီးတော့ အချစ်ကံခေကြရတဲ့သူတွေဟာ အချစ်ကံခေခြင်းမှာ ပူပင်တွေးတောမနေပဲ ရရှိလာတဲ့ အခွင့်အရေးတစ်ခုအဖြစ် ကိုယ့်ဘ၀ရဲ့  ငြိမ်းချမ်း အေးငြိမ်းမှုကို ရှာဖွေနိုင်ကြောင်း ရေးသား တင်ပြထားပါတယ်။ အလွန်ကို ကောင်းမွန်သော ရေးသားတင်ပြမှုတွေနဲ့ ရေးသားထားတဲ့အတွက်ကြောင့် ဖတ်ရှုသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

နောက်ဆုံးမှာ ရေးသားထားတာကလည်း မှတ်သားစရာပါပဲ။

■စိတ်ဆင်းရဲခြင်းဆိုတာက

စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေ

ကန်ထရိုက်ဆွဲထားတဲ့

ခပ်ညံ့ညံ့ ပစ္စည်းတစ်ခုပါ။

စိတ်ချမ်းသာခြင်းကတော့

စိတ်ဓာတ်ခိုင်မာသူတွေရဲ့ 

မူပိုင်ရတနာထုပ်ကြီး

တစ်ခုဖြစ်ပါတယ်။

■အချစ်ရေး၊ အိမ်ထောင်ရေးမှာ

အကျိုးပေးမကောင်းတာဟာ

အချစ်ရေး အိမ်ထောင်ရေးနဲ့

ပတ်သက်တဲ့ မကောင်းကံတွေ

အတိတ်က ပြုလုပ်ခဲ့ဖူးလို့ပါ။

သူတစ်ပါးရဲ့  ချစ်ခြင်းကို ခွဲခဲ့တဲ့သူ

သူတစ်ပါး အိမ်ထောင်ကို

ပြိုကွဲစေခဲ့တဲ့ သူဟာ

အချစ်ရေး၊ အိမ်ထောင်ရေးမှာ

ဘယ်လိုနည်းနဲ့မှ

အကျိုးပေး မကောင်းနိုင်ပါဘူ။

■နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်လို့

ဟစ်အော်ကြွေးကြော်နေတာဟာ

အတိတ်ဘ၀တွေက အချစ်ရေး

အိမ်ထောင်ရေးတွေမှာ

သစ္စာယွင်းပျက်ခဲ့ပါတယ်

ကိုယ်ကျင့်ဖောက်ပြန်ခဲ့ပါတယ်လို့

ထုတ်ဖော်ဝန်ခံနေတာပါပဲ။

■ချစ်ရသူရဲ့  စိမ်းကားရက်စက်မှု

မြတ်နိုးရသူရဲ့  သစ္စာကင်းမဲ့မှုဟာ

စိတ်ထားတတ်သူအတွက်တော့

တန်ဖိုးမဖြတ်နိုင်တဲ့

ဘ၀လွတ်မြောက်မှု ဆုလာဘ်ကြီးပါဘဲ။

အသုံးချတတ်သူ တစ်ယောက်အတွက်

အချစ်ကံခေတာဟာ အနှစ်ကျန်စေဖို့ပါပဲ။

ဆရာတော်ရဲ့  တင်ပြချက်များကတော့ အလွန်ပင်ကောင်းမွန်တယ်လို့ထင်ပါတယ်။ လောကီရှုထောင့်မှ ကြည့်ရှုကာ အချစ်အကြောင်းကို စဉ်းစားကြသူတွေအတွက်တော့ တစ်မျိုးကြီးဖြစ်နေမယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အချစ်ကံမကောင်းတာ တဖက်လူကြောင့်လို့အပြစ်မဖို့ပဲ ကိုယ်ကိုတိုင်ကြောင့်လို့ ဆိုလိုထားတာကိုး။

တဆက်တည်းပဲ ဒီအကြောင်းကို ရေးနေရင်းနဲ့ အရှင်ဆန္ဒာဓိကရဲ့  စာအုပ်တစ်အုပ်ဖြစ်တဲ့ “အကြင်နာပေါင်း ရှစ်သောင်းလေးထောင်” ကို သတိရသွားပါတယ်။ အဲဒီအထဲမှာ ရေးထားတာက

သံသရာမှာ မသက်ဆိုင်ခဲ့ဖူတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ ဘ၀ပုံစံအမျိုးမျိုးနဲ့ အကြိမ်ကြိမ် သက်ဆိုင်ခဲ့ကြပါတယ်။ အားလုံးသက်ဆိုင်သူတွေချည်းပါ။ သက်ဆိုင်သူ အချင်းချင်း ဘာလို့နားလည်မပေးနိုင်ရမှာလဲ။ ကိုယ့်ရဲ့ သက်ဆိုင်သူကို ဘာလို့ ခွင့်မလွှတ်နိုင်ရမှာလဲ။

ဆရာတော်က အဲဒီစာအုပ်ထဲမှာ ကိုယ်ကချစ်တဲ့သူဆိုတာ သံသရာမှာ ဘ၀ပေါင်း ရှစ်သောင်းလေးထောင်မက ချစ်ခဲ့ဖူးတယ်။ ကိုယ့်ကို နာကျင်စေသူဆိုတာကလည်း တစ်ချိန်ချိန်က ကိုယ့်ကို ချစ်ခဲ့ဖူးသူပါပဲ။ အဖြစ်အပျက်တစ်ခုကြောင့် ဒေါသထွက်လာလျှင်လည်း ဒီလိုဒေါသကို ဘ၀ပေါင်းရှစ်သောင်းလေးထောင်မက ဖြစ်ခဲ့ရပြီးပြီ တော်သင့်ပြီ မဖြစ်ချင်တော့ပါဘူးလို့ ဒေါသကို ဖြေလျော့နိုင်ရင် ပေါ့ပါးသွားနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ကိုယ့်ကို စွန့်ပစ်သွားတဲ့ သူဆိုတာကလည်း ကိုယ်နဲ့ ဘ၀တစ်ခုခုမှာ သက်ဆိုင်ခဲ့တဲ့ ကိုယ့်ကို ဘ၀ပေါင်း ရှစ်သောင်းလေးထောင်မကသော ဘ၀များစွာမှာ ချစ်ခင်မြတ်နှိုးမှုတွေပေးခဲ့တဲ့ သူတစ်ယောက်ပါပဲ။ အဲဒီလို ဘ၀ပေါင်းများစွာကိုယ့်ကို ပေးဆပ်ခဲ့တဲ့ သူကို ဘာလို့များ ခွင့်မလွှတ်နိုင် နာကျည်းနေမှာလည်း။

အေးချမ်းပြီး သာယာတိုးတက်တဲ့ လောကကြီးဖြစ်ဖို့ လူတိုင်းလူတိုင်းဟာ အကြင်နာတွေစုစည်းပြီး အကြင်နာတွေကို ဖြန့်ဝေနေဖို့လိုအပ်တယ်ဆိုတာကို ဆရာတော်အရှင်ဆန္ဒာဓိကက  တင်ပြထားပါသေးတယ်။

I’m so busy loving everybody, I just don’t have time to hate anybody. (Dale Evans)

“လူတိုင်းကို ချစ်နေရတာနဲ့ အချိန်တွေကုန်နေတဲ့ အတွက် ဘယ်သူ့ကိုမှ မုန်းဖို့ အချိန်မရှိပါဘူး”

အကြင်နာတရားရှိတဲ့စိတ်သာ မြင့်မြတ်တဲ့ စိတ်ဖြစ်ပြီး အကြင်နာတရားရှိတဲ့လူသာ မြင့်မြတ်တဲ့လူဖြစ်ပါတယ်။ နှလုံးသားကို အကြင်နာတရားနဲ့ မြင့်မြတ်စွာ အလှဆင်ကြပါစို့။

သူတစ်ပါးရဲ့ 

ဆင်းရဲဒုက္ခကို မလိုလားတဲ့

သူတစ်ပါးရဲ့ 

ဆင်းရဲ ဒုက္ခကို ဖယ်ရှားပေးချင်တဲ့

သူတစ်ပါးရဲ့ 

ကောင်းကျိုးချမ်းသာကို လိုလားတဲ့

သူတစ်ပါးရဲ့ 

ကောင်းကျိုးချမ်းသာကို ရွက်ဆောင်ပေးတဲ့

အကြင်နာတရား၊ မေတ္တာတရားသာ

လူသားတိုင်းမှာ ရှိမယ်ဆိုရင်

လူ့လောကကြီးတစ်ခုလုံး

ပျော်ရွှင်အေးချမ်းဖွယ် အတိပြီးနေမှာပါ။

ခင်တဲ့

ကောင်းမြတ်ထွန်း

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: