စကားပြောခြင်း


သူငယ်ချင်းရေ

မနေ့က မိုးရွာတယ်။ သူငယ်ချင်းတွေနဲ့ မြေနီကုန်းမှာ မွေးနေ့သွားစားရင်း
စကားပြောနေကြတဲ့ သူငယ်ချင်းတွေကို ကြည့်ရင်း တစ်နေ့က ဒေါက်တာအောင်ထွန်းသက်
ဟောပြောပွဲ ကုန်သည်ကြီးများ အသင်ချုပ်မှာ လုပ်တော့ သွားနားထောင်ဖြစ်တုန်းက
တစ်ခုကို စိတ်ထဲ သတိရသွားတယ်။

သူပြောတာက…စကားပြောကြတဲ့သူသုံးမျိုးရှိတယ်တဲ့။ ပထမတစ်မျိုးကို သာမန်စကားပြော
လူတန်စားလို့ခေါ်တယ်တဲ့။ အဲဒီလူတန်စားက တခြားလူတွေရဲ့  အကြောင်းကို ပြောဆို
ကြတယ်တဲ့။ ဒုတိယတစ်မျိုးကိုတော့ အလယ်အလတ်စကားပြောလူတန်းစားလို့ခေါ်တယ်တဲ့။
အဲသူတို့ကတော့ အကြောင်းအရာ အဖြစ်အပျက်တွေကို ပြောဆိုကြတယ်တဲ့။
တတိယတစ်မျိုးကတော့ အထက်တန်းစကားပြော လူတန်းစားလို့ခေါ်တယ်တဲ့။ သူတို့ကတော့
အတွေးအခေါ်အကြောင်းတွေကို ပြောဆိုကြတယ်တဲ့။ သူငယ်ချင်းက ဘယ်လို လူတန်းစားမှာ
ပါလဲ။

သူများအကြောင်းပဲပြောနေတဲ့သူ၊ အဖြစ်အပျက်တွေပဲပြောနေတဲ့သူ၊အတွေးအခေါ်တွေပဲ
ပြောနေတဲ့သူဆိုတာ ငါ့အထင်တော့ မရှိလောက်ဘူးထင်တာပဲနော့်။ ငါဆိုရင်လည်း
စကားနည်းတဲ့သူတစ်ယောက်ပေမယ့် မတွေ့တာကြာတဲ့ ငယ်သူငယ်ချင်း တစ်ယောက်နဲ့
တွေ့ရင်တော့ ငယ်ငယ်တုန်းက တစ်ခြားသူငယ်ချင်း တစ်ယောက်အကြောင်းကို
မေးကောင်းမေးနိုင်သလို၊ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတစ်ခုအကြောင်းလည်း ပြောဆိုမိမှာပဲ၊
အတွေးအခေါ်အသစ်အဆန်းရှိလာရင်လည်း ဒီလိုပဲ ပြောဆိုဆွေးနွေးနေမိမှာပဲ။
သူဆိုလိုချင်တာက အဲဒီလို၃မျိုးထဲကမှ ကိုယ်က အထက်တန်းကျတဲ့ စကားကို
များများပြောသင့်တယ်လို့ ဆိုလိုချင်တာလို့ထင်တယ်။ ဒါမှပဲ ငါတို့တွေက တိုးတက်တဲ့
လူ့ဘောင်အဖွဲ့အစည်းတစ်ခုကို တည်ထောင်နိုင်မှာပေါ့။ အကျိုးမရှိတဲ့
စကားလုံးတွေကို ပြောနေပြီး အပင်ပန်းခံနေကြတဲ့သူတွေကတော့ သနားဖို့ကောင်းပါတယ်။

ခင်တဲ့……

ကောင်းမြတ်ထွန်း

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

One response to “စကားပြောခြင်း

  • hololodilolo

    အထက်တန်းကျတဲ့ စကားများများပြောဖို့ကို ဘက်ညီညီဆွေးနွေးမယ့်လူလည်း လိုတယ်လေ..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: