စဉ်းစားဆင်ခြင်တတ်သူများသာ


သူငယ်ချင်းရေ…………

မင်းက အခုစင်ကာပူမှာ အလုပ်လုပ်နေတာဆိုတော့ မင်းတို့စင်ကာပူနဲ့ပတ်သက်ပြီး ငါနဲ့
ငါ့အဖေတို့ ပြောဖြစ်ခဲ့တာလေးကို ပြန်ပြောပြချင်တယ်။

တစ်နေ့က ငါ့ အဖေနဲ့ စကားပြောဖြစ်တယ်။ အဖေကပြောတယ် ဟိုတလောက အမျိုးသမီးတစ်ယောက်က
စင်ကာပူနိုင်ငံသွားဖို့အတွက် Logic သင်ပေးဖို့ပြောလို့ သင်ပေးလိုက်ရသေးတယ်တဲ့။
စင်ကာပူနိုင်ငံသွားဖို့ ဘာလို့ Logic သင်ရတာပါလိမ့်လို့မေးတော့။ အဲဒီ
အမျိုးသမီးက ပထမတစ်ခေါက် ခင်ပွန်းဖြစ်သူနဲ့ စင်ကာပူသွားခဲ့ဖူးပြီး
ဗီဇာသက်တမ်းတိုးဖို့လုပ်တော့ စင်ကာပူ လူဝန်မှုကြီးကြပ်ရေးမှာ  စာမေးပွဲဖြေရတယ်တဲ့။
မေးခွန်းက မိနစ်နှစ်ဆယ်ရေးဖြေ လော့ဂျစ်မေးခွန်းလို့ သိရတယ်။ သူက အဲဒါကို
မဖြေနိုင်လို့ ဗီဇာသက်တမ်း တိုးလို့ မရခဲ့ဘူးတဲ့။ ဒီတစ်ခါတော့
အရင်လိုမဖြစ်ရအောင် သင်ထားပြီး ပြန်သွားမယ်ပြောတယ်။

ငါလည်းနည်းနည်းအံ့သြသွားတယ်။ စင်ကာပူမှာနေရဖို့ လော့ဂျစ်သင်ရမယ်ဆိုတာကိုလေ။
လော့ဂျစ်ဆိုတာ စဉ်းစားဆင်ခြင်မှုနည်းပညာ ဖြစ်တယ်တဲ့။ ဒါဆို
စဉ်းစားဆင်ခြင်တတ်သူများသာ မင်းတို့ စင်ကာပူမှာ နေလို့ရတယ်လို့
ဆိုလိုတာပေါ့နော်။ လော့ဂျစ်ဆိုတာ ရှေ့ နောက်ညီညွတ်စွာ စဉ်းစားတတ်တဲ့ logical
thinking ကို လေ့လာတဲ့ ပညာကို ဆိုလိုတာတဲ့။ စင်ကာပူသွားကြသူတွေက
ဘွဲ့ရပညာတတ်တွေများလို့ စဉ်းစားဆင်ခြင်တတ်သူ တစ်ယောက်ပါပဲ။ ဒါတောင်သူက
စဉ်းစားဆင်ခြင်တတ်သော်လည်း စဉ်းစားဆင်ခြင်နည်းပညာမေးခွန်းတွေ မဖြေတတ်လို့
ဗီဇာသက်တမ်းတိုးလို့ မရဘူးတဲ့။

ငါ့အဖေပေးတဲ့ ဥပမာတစ်ခုကတော့ လူတိုင်းလမ်းလျှောက်တတ်ပေမယ့်
လမ်းလျှောက်တတ်သူတိုင်း လမ်းလျှောက်ပြိုင်ပွဲ ၀င်ပြိုင်လို့မရသလိုပဲတဲ့။
လမ်းလျှောက်ပြိုင်ပွဲမှာ လျှောက်ရတဲ့ နည်းစနစ်ရှိတယ်။
အဲဒီနည်းစနစ်နဲ့လေ့ကျင့်ရတယ်။ အဲလိုပဲ စဉ်းစားဆင်ခြင်တဲ့ နည်းစနစ်ရှိတယ်တဲ့။

ဒီနေ့ကဘာနေ့လဲ လို့မေးရင် အလွယ်တကူဖြေနိုင်ကြပေမယ့်။ ဥပမာ ဒီနေ့က တနင်္လာနေ့
ဆိုပါစို့။ ဘာကြောင့်ဒီနေ့ကို တနင်္လာနေ့လို့ ပြောနိုင်တာလဲ ဆိုရင် ဘယ်လို
ဖြေမလဲ။ တနင်္လာနေ့မို့လို့ တနင်္လာနေ့ လို့ ပြောတာဆိုရင် အဲဒါက logical မကြတဲ့
အဖြေတစ်ခုဖြစ်သွားမှာပေါ့။ အဲဒီအဖြေက အကြောင်းပြချက် reason ကိုပေးတဲ့
အဖြေမဟုတ်ဘူးလေ။ တကယ်က မနေ့က တနင်္ဂနွေနေ့မို့လို့ ဒီနေ့က တနင်္လာနေ့ပါလို့ ပြောမှ
အကြောင်းပြချက်နဲ့ဖြေတဲ့ အဖြေဖြစ်မှာ။ မနေ့က တနင်္ဂနွေနေ့ဆိုတဲ့
အကြောင်းပြချက်နဲ့ ဒီနေ့က တနင်္လာနေ့ဖြစ်လာတာ။ လော့ဂျစ်ဆိုတာ ဒီလို
အကြောင်းပြချက်တွေနဲ့ စဉ်းစားဆုံးဖြတ်တဲ့ ပညာပါ။ အကြောင်းပြချက် ခိုင်လုံရင်
စဉ်းစားဆုံးဖြတ်ချက်ခိုင်လုံတယ်။ ဒါကို ရှေ့ နောက်ညီတယ်လို့ ပြောတာ။

လူတိုင်း စဉ်းစားဆင်ခြင်တတ်ကြတယ်။ ရှေ့ နောက်ညီစွာ စဉ်းစားဆင်ခြင်တတ်ကြတယ်။
အဲဒီ စဉ်းစားဆင်ခြင်မှုကို ရှေ့ နောက်ညီမညီ စစ်ဆေးတဲ့နည်းပညာကို ဂရိပညာရှင်
အရစ္စတိုတယ်က စတင်တီထွင်ခဲ့တာတဲ့။ ပုံစံချမှတ်ပြီး စနစ်တကျ စဉ်းစားဆင်ခြင်နည်း
Formal Logic ကိုပြောတာ။ ဒီနေ့ ငါတို့ သုံးနေကြတဲ့ ကွန်ပြူတာ
ပရိုဂရမ်စနစ်တွေကလည်း ဒီစနစ်ကို အခြေခံထားတာ။

ဥပမာအနေနဲ့ ပြောရရင် ဘုန်းကြီးဝတ်ရင် ဂတုံးတုံးရတယ်။ ဒါဟာရှေ့ နောက်ညီတယ်။
ဘုန်းကြီးဝတ်တယ် ဂတုံးမတုံးရဘူး ဆိုရင် ရှေ့ နောက်မညီဘူး။ ဒါဆို
ဂတုံးတုံးတိုင်း ဘုန်းကြီးဝတ်တာလား ဆိုရင် ဘယ်ဟုတ်မလဲနော့်။ ဒါကို တချို့ ကရှေ
့နောက်မညီတော့ဘူးမဟုတ်လားလို့ ပြောတတ်ကြတယ်။ တကယ်က ဘုန်းကြီးဝတ်ပြီး
ဂတုံးမတုံးမှသာရှေ့ နောက်မညီတာပါ။ ဂတုံးတုံးတာက ဘယ်သူမဆို တုံးနိုင်တာပဲနော့်။

အဖေက ပြောတယ်…….လော့ဂျစ်မှာ စဉ်းစားခြင်း Thinking နဲ့ ဆင်ခြင်ခြင်း Reasoning
ဆိုတဲ့ ဝေါဟာရကို သေချာသိရတယ်တဲ့။ ဆင်ခြင်ခြင်း ဆိုတာ စဉ်းစားမှု
တစ်မျိုးဖြစ်တယ်တဲ့။ ဒါပေမယ့် စဉ်းစားမှုတိုင်း ဆင်ခြင်ခြင်းလို့ မခေါ်ဘူးတဲ့။
အဖြေမရှိ နိဂုံး မရှိ ဆုံးဖြတ်ချက်မရှိဘဲ စဉ်းစားနေတာကို ဆင်ခြင်ခြင်းလို့
မခေါ်ဘူးတဲ့။ အဖြေတစ်ခု၊ နိဂုံးတစ်ခု ဆုံးဖြတ်ချက်တစ်ခု ရောက်အောင် စဉ်းစားမှ
ဆင်ခြင်ခြင်းလို့ခေါ်တယ်တဲ့။ ဆင်ခြင်မှုတိုင်းလည်း ရှေ့ နောက်ညီတာမဟုတ်ဘူးတဲ့။
အထောက်အထား မခိုင်လုံပဲ ဆုံးဖြတ်တာ မှန်ကန်တဲ့ ဆင်ခြင်မှု မဟုတ်ဘူးတဲ့။ ဆန္ဒစွဲ
အတ္တစွဲနဲ့ တဖက်သက် ဆုံးဖြတ်တာ မှန်ကန်တဲ့ ဆင်ခြင်မှု မဟုတ်ဘူးတဲ့။ ရှေ
့နောက်ညီတဲ့ ဆုံးဖြတ်မှု မဟုတ်ဘူးတဲ့။ ဆုံးဖြတ်ချက်ပေးရတဲ့ သူတစ်ယောက်ဟာ
ကိုယ်ချမှတ်တဲ့ စည်းမျဉ်းနဲ့ မညီဘဲ ဆုံးဖြတ်ပြီဆိုရင် ရှေ့ နောက်မညီရုံမျှသာမက
ကိုယ်ကျင့်သိက္ခာမရှိတဲ့ ဆုံးဖြတ်ချက်လို့ ဆိုနိုင်တယ်တဲ့။ ဒါကြောင့် လောဂျစ်ဟာ
ကိုယ်ကျင့်တရား ပညာနဲ့လည်း ဆက်စပ်နေတယ်တဲ့။

လူသားတွေနဲ့ တိရိစ္ဆာန်တွေနဲ့ ကွာခြားတာက လူတွေမှာ စဉ်းစားဆင်ခြင်တတ်တဲ့
စွမ်းအားကြီး ရှိတာပဲ။ စဉ်းစားဆင်ခြင်ခြင်းနဲ့ အရာရာကို အောင်မြင်နိုင်တယ်၊
ရင်ဆိုင်နိုင်တယ်။ စဉ်းစားဆင်ခြင်ခြင်းနဲ့ ပညာရပ်တွေကို လေ့လာနိုင်တယ်။
တီထွင်မှုအမျိုးမျိုးကို လုပ်နိုင်တယ်။ လူသားအကျိုးပြုလုပ်ငန်းတွေလုပ်နိုင်တယ်။
လူအဖွဲ့အစည်းတိုးတတ်ဖို့ကို ဆောင်ရွတ်နိုင်တယ်။ ဒါပေမယ့် နည်းစနစ်တကျ
စဉ်းစားဆင်ခြင်တတ်တဲ့သူတွေ နဲ့မှသာ လူ့အဖွဲ့အစည်းကို
အအောင်မြင်တိုးတက်အောင်လုပ်နိုင်မယ်။ ဒါ့ကြောင့် စင်ကာပူ လူဝင်မှုက
လော့ဂျစ်မေးခွန်းဖြေစေပြီးမှ ဗီဇာသက်တမ်းတိုးပေးတာထင်ပါတယ်။

စင်ကာပူမှာ ငါတို့ မြန်မာတွေအများကြီးရှိနေတာ စဉ်းစားဆင်ခြင်တတ်တဲ့
ငါ့တို့မြန်မာတွေ အများကြီး အဲဒီမှာ ရှိတယ်လို့ ဆိုလိုတာပေါ့နော်။
စဉ်းစားဆင်ခြင်တတ်သူများသာ စင်ကာပူမှာနေခွင့်ပြုတယ်ဆိုတော့
စင်ကာပူရောက်သူငယ်ချင်းတွေ အတွက် ဂုဏ်ယူပါတယ်ကွာ။

စကားမဆက်……ငါအခုအလုပ်လုပ်နေတဲ့ MDCR ကလည်း Logic မေးခွန်းတွေ မေးပြီး
အမှတ်များတဲ့သူတွေကိုပဲ အလုပ်ခန့်ထားတာကွ။ အဲဒီလိုဆိုတော့ MDCR
က၀န်ထမ်းတွေကလည်း စဉ်းစားဆင်ခြင်နိုင်စွမ်း အပြည့်ရှိတဲ့သူတွေ နဲ့ပဲ
ဖွဲ့စည်းထားတာပေါ့။ စဉ်းစားဆင်ခြင်တတ်သူများသာ MDCR မှာ
အလုပ်လုပ်ခွင့်ပြုတယ်လို့ ပြောလို့ရတာပေါ့။

ကောင်းမြတ်ထွန်း

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

One response to “စဉ်းစားဆင်ခြင်တတ်သူများသာ

  • hololodilolo

    အင်း..
    Thinking and Reasoning နားထောင်ပြီးမှ ငါလည်း Thinking ချည်းပဲလုပ်နေမှန်းသိတော့တယ်။
    ငါဘယ်လို DCR ရောက်လာပါလိမ့်…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: