တက်လှမ်းနေသော အခြေများ


<<တက်လှမ်းနေသော အခြေများ>>

ကျွန်တော်တို့ အောင်မြင်ခဲ့ဖူးပါတယ်။ ထို့အတူပဲ ကျဆုံးခဲ့ဖူးပါတယ်။
လူသားတို့ရဲ့  ဘ၀တွေဟာ အမြဲ အောင်မြင်မှူတွေနဲ့ ပြည့်နှက်မနေပါ။
ထို့အတူပင် အမြရှုံးနိမ့်မှူတွေနဲ့ချည်းပဲ ရင်ဆိုင်မနေရပေ။  ပျော်ရွှင်မှူ၊
ဝမ်းနည်းမှူ ဒါတွေဟာလည်း ထို့အတူပါပဲ။

ကျွန်တော်၏ ရုံးမှ အထက်အရာရှိတစ်ယောက်၏ မှတ်သားဖွယ်ရာ စကားတစ်ချို့ ကို
ပြန်လည် ပြောပြချင်ပါတယ်။ ကျွန်တော်တို့ ရုံးတွင် နေ့စဉ် မနက်တိုင်း
အထက်အရာရှိမှ ၀န်ထမ်းများကို အမှာစကားပြောပြီး ၀န်ထမ်းများထဲမှ အလည့်ကျ
စီ ထိုအထက်လူကြီးနှင့် ၀န်ထမ်းအားလုံးရှေ့  တွင် စကားပြောရပါတယ်။
ဂျပန်စကားကိုသုံးကာ ပြောကြားရတာဖြစ်ပါတယ်။

အဲဒီနေ့ အလည့်ကျတဲ့ ၀န်းထမ်း တစ်ဦးက ၀မ်းနည်းတဲ့ အချိန် ကျရှုံးတဲ့
အချိန်မှာ ဘ၀ကို ဘယ်လိုဖြတ်သန်းပါသလဲလို့ မေးခွန်းထုတ်ပါတယ်။

အဲဒီအခါ အထက်လူကြီးက “လူ့ဘ၀ဆိုတာ အောင်မြင်မှူနှင့် ရှုံးနိမ့်မှူကို
မျှတစွာ ဖြတ်သန်းရပါတယ်။ ထို့အတူပဲ ပျော်ရွှင်မှူ ၀မ်းနည်းမှူ တွေဟာလည်း
မျှတစွာနဲ့ပဲ ဘ၀ထဲကို ၀င်လာပါတယ်။ လူ့ဘ၀ကို ဂရပ်ဖ်(Graph)တစ်ခုလို့
မှတ်ယူပြီး အောင်မြင်မှူ ကို ဂရပ်ဖ်ရဲ့  ထိပ်ဆုံး၊ ကျဆုံးမှူကို ဂရပ်ဖ်ရဲ့ 
အောက်ဆုံး လို့မှတ်ယူပါက အောက်ဆုံး အခြေအနေကို ရောက်နေတာက
အကောင်းဆုံးပါပဲ။

ဘာလို့လဲဆိုတော့ အောက်ဆုံးကို ရောက်နေတဲ့ အတွက်ဒီ့ထက် အောက်ကိုကျစရာ
မရှိတော့လို့ပါ။ အထက်ကိုတက်ဖို့ပဲ ရှိတယ် မဟုတ်ပါလား။ အပေါ်ဆုံးကို
ရောက်နေတဲ့ အခြေအနေဟာ အလွန်အန္တရယ်များပါတယ်။ အပေါ်ဆုံးမှာ
အမြဲရပ်တည်နိုင်ဖို့ အလွန်ခက်ခဲပါတယ်။ အောက်ကို နိမ့်ကျလာနိုင်ပါတယ်။
ဒါ့ကြောင့် အောက်ဆုံးမှာ ရောက်နေလို့ ဘာမှ စိတ်မကောင်း စရာမရှိပါဘူး။
အောက်ဆုံးအခြေအနေက အကောင်းဆုံးပါ။ ” လို့ ဖြေကြားသွားပါတယ်။

ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်အရလည်း မည်သည့် အရာမျှမြဲသည်မရှိ၊ ဖြစ်ခြင်း
ပျတ်ခြင်း တရားသည်သာ တည်မြဲသည် ဟုမှတ်သားဖူးပါတယ်။ ပျော်ရွှင်မှူ၊
ဝမ်းနည်းမှူ၊ ထို့အတူ အောင်မြင်မှူ၊ ရှုံးနိမ့်မှူ၊ တို့သည်လည်း မတည်မြဲသော
တရားများသာ။

<<KG>>

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: