အချစ်ဆိုသောအရာကို သုံးသပ်ခြင်း


တစ်ချို့  က ပြောကြတယ် အချစ် ကို အဆက်အသွယ် မပြတ်စေနဲ့တဲ့
သွေးအေးသွားတတ်တယ်တဲ့…..
တစ်ချို့  က ပြောကြတယ် အချစ်ကို သွေးအေးမသွားစေနဲ့ တဲ့……..
ဒါပေမယ့် တကယ့် အချစ်မှာ သွေးအေးသွားတယ် ဆိုတာ မရှိပါဘူး……….
သွေးအေးသွားတယ် ဆိုတာ…..မရှိမှတော့ ……………….

တစ်ချို့  က ပြော ကြတယ် အချစ်ကို နာကြင်မှုတွေ မပေးပါနဲ့…တဲ့
စိတ်ကုန်သွားနိုင်တယ်တဲ့….
ဒါပေမယ့် တကယ့် အချစ်မှာ စိတ်ကုန်သွားတယ်ုဆိုတာ မရှိပါဘူး…………
စိတ်ကုန်သွားနိုင်တယ်ဆိုတာ…..မရှိမှတော့……………….

တစ်ချို့ က ပြောကြတယ် အချစ်ကို လက်လွတ်မဆုံးရှုံးစေနဲ့တဲ့…….
လက်လွတ်သွားရင် ကြေကွဲရမယ်တဲ့……..
ဒါပေမယ့် တကယ့် အချစ်မှာ လက်လွတ်ဆုံးရှုံးကြေကွဲမှုဆိုတာ မရှိပါဘူး……..
လက်လွတ်ဆုံးရှုံး ကြေကွဲမှုဆိုတာ …..မရှိမှတော့……..

တစ်ချို့  က ပြော ကြတယ် အချစ်ကို သေခြာရွေးတဲ့
အရွေးမှားရင် မှားတတ်တယ်တဲ့…….
ဒါပေမယ့် တကယ့် အချစ်မှာ အရွေးမှားတယ် ဆိုတာ မရှိပါဘူး…..
အရွေးမှားတယ် ဆိုတာ…..မရှိမှတော့…..

တစ်ချို့ က ပြော ကြတယ် အချစ်ဆိုတာ အပြန်အလှန်ရှိမှတဲ့….
အပြန်အလှန် မချစ်ကြရင် အချစ်မဟုတ်ဘူးတဲ့………
ဒါပေမယ့် တကယ့် အချစ်မှာ အပြန်အလှန်လိုချင်မှုတွေ ဆိုတာ မရှိပါဘူး…..
အပြန်အလှန်လိုချင်မှုတွေ ဆိုတာ မရှိမှတော့…………..

အချစ်ဆိုတာ အချစ်ပဲပေါ့…….

………………………………………
အဲလိုတွေ ပြောတတ်တဲ့ ကျွန်တော့ကို
မချစ်တတ်တဲ့ သူ
လို့ ပြောကြတယ်………..
သူတို့တွေကိုပြောလိုက်တယ်……..
ငါက…….
မမုန်းတတ်တဲ့သူပဲ
ဖြစ်ချင်တာလို့…………………………..


KG,
from အလင်းစေတမန် (4:53 pm 14 Feb 2009)

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

One response to “အချစ်ဆိုသောအရာကို သုံးသပ်ခြင်း

  • no name

    အချစ်ဆိုတာ အချစ်ပါပဲတဲ့။ ကျွန်တော့် ချစ်သူ စိုင်းစိုင်းခမ်းလှိုင်က။ ကျွန်တော်လဲ အဲလိုပဲ လက်ခံထားပါတယ်။ စိုင်းစိုင်း အချစ်ဆိုတဲ့ ဖွင့်ဆိုချက်တွေကို ကြိုက်တယ်။ အချစ်ဆိုတာ ချစ်နေဖို့ပဲလိုတာပါ။ ကိုယ်က ချစ်နေရရင်ပြီးတာပါပဲ။ ကိုယ်ကို ဘယ်သူမှတားပိုင်ခွင့်မှမရှိတာ။
    ဟုတ်တယ်ဟုတ်………….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: