အဖြေမရှိသော ပုဒ်စာများ


သူငယ်ချင်းရေ

မနေ့က မိုးရွာတယ်။ သူငယ်ချင်းတစ်ယောက်မွေးနေ့ သွားစားရင်း အဲဒီမှာ
“ကြက်ဖကြီးကကြက်ဥကို သစ်ပင်ပေါ်ကနေဥချရင် အဲဒီ ကြက်ဥကွဲမလား” လို့
သူငယ်ချင်းတစ်ယောက်ကမေးတယ်။ မင်းရော ဘယ်လိုထင်လဲ။

တစ်ချို့ ကကွဲမယ်၊ မကွဲဘူး။ တစ်ချို့ က သစ်ပင်ကဘယ်လောက်မြင့်လည်းစသဖြင့်
ပြန်ပြီး မေးခွန်းတွေ ထုတ်ကြတယ်။

ဒီမေးခွန်းက တကယ်တော့ အဖြေ ထုတ်လို့ မရပါဘူး။ ဘာလို့လည်းဆိုရင် သူ့ရဲ့ 
မေးခွန်းရဲ့  အစမှာကိုက ကြက်ဖလို့ပြောထားလို့ ဘယ်လိုမှ ကြက်ဥက ဥနိုင်မှာ
မဟုတ်လို့ပါပဲ။

ဒီလိုပဲ တချို့  ကိစ္စတွေ ပြဿနာတွေက အစကတည်းက ဘယ်လိုမှ ဖြေရှင်းလို့
မရတာတွေရှိပါတယ်။ ဒါကို ဖြေရှင်းဖို့ကြိုးစားရင် ကြိုးစားတဲ့သူသာ
အရူးဖြစ်မှာပါပဲ။ မေးခွန်း ဒါမှမဟုတ် ပြဿနာကို သေချာမသိဘဲ ငြင်းကြရင်း
အချိန်တွေကုန်နေကြတဲ့သူတွေ ဘယ်လောက်များရှိမလဲနော်။

သူငယ်ချင်းရေ မင်းတို့ငါတို့ ဖြတ်သန်းနေတဲ့ လောကကြီးမှာလည်း ဒီလိုပဲ
အဖြေမရှိတဲ့ ပုဒ်စာတွေ အများကြီး ကြုံလာရမှာပဲနော်။ အဲဒီအခါကြရင် ငါတို့တွေ
သေချာ ဂရုစိုက်ပြီး ရှောင်နိုင်မှပဲ ဖြစ်မယ်နော်။ ဒါမှမဟုတ်ရင် အဖြေမရှိတဲ့
ပုဒ်စာတွေကို အဖြေရှာရင်း ငါတို့ရဲ့  တန်ဖိုးရှိလှတဲ့ အချိန်တွေကို
ဖြုန်းတီးမိနေမှာနော်။ အဖြေမရှိတဲ့ ပုဒ်စာတွေကို ရှောင်ကြရအောင်နော်……

ခင်တဲ့……

ကောင်းမြတ်ထွန်း

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

One response to “အဖြေမရှိသော ပုဒ်စာများ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: