ရွှေတိဂုံဘုရားကြီးမေးလ်နဲ့ပတ်သက်ပြီး


သူငယ်ချင်းရေ…….

ငါမင်းကို ငါ့ရဲ့  သူငယ်ချင်းတစ်ယောက် ဟိန်းကြီး ဆိုတဲ့ သူနဲ့
ပြောဖြစ်ခဲ့တာတွေပြန်ပြောပြချင်တယ်။ အဲဒီ ဟိန်းကြီး ဆိုတဲ့ ငါ့သူငယ်ချင်းနဲ့
တစ်နေ့က Internet ကနေရတဲ့ Email တစ်စောင်အကြောင်း ပြောဖြစ်ကြတယ်။ အဲဒီ Email က
ငါတို့ အလေးထားကိုးကွယ်တဲ့ ရွှေတိဂုံ ဘုရားကြီးရဲ့  အလှူခံပုံးတွေ
အကြောင်းရေးထားတာလေ။ မင်းလည်း ဖတ်လိုက်ရမယ်ထင်တယ်။ သူနဲ့ငါနဲ့ စစချင်း
မယုံနိုင်တဲ့ ၀မ်းနည်းတဲ့ အတွေးတွေနဲ့ ဆွေးနွေးခဲ့ ကြတယ်နော်။ ဘယ်လိုလဲပေါ့။
တကယ်လားပေါ့။

အဲဒီမှာ သူက ပြောခဲ့တယ် ok သူငယ်ချင်းတဲ့။ အဲဒီ အလှူခံပုံးတွေ ကိစ္စက တကယ်ပဲ
ထားပါတော့တဲ့။ ငါတို့ဘာလုပ်မှာလဲ။ ရွှေတိဂုံဘုရားကြီးကို မသွားတော့ဘူးလား။
အလှူငွေတွေ မထည့်တော့ဘူးလား။ အဲလို အလှူငွေတွေ မထည့်တော့ဘူးဆိုရင် ဘာဖြစ်မလဲ။
ရွှေတိဂုံဘုရားပဲ အလှူငွေတွေ မရတော့ဘူးပေါ့။ အဲဒီစာ အတိုင်း အလှူငွေတွေကို
မထည့်တော့ဘူး ဆိုပါစို့။ တစ်နှစ်ကို သိန်း ၅၀၀၀နဲ့ ကန်ထရိုက်ဆွဲထားတယ် ဆိုတဲ့
အဲဒီ လူမျိုးခြားဆိုတဲ့ စီးပွားရေးသမားက အလှူငွေတွေလျော့သွားရင်  စီးပွားရေး အရ
တွက်ခြေမကိုက်တဲ့ အလုပ်ကို လုပ်မှာမဟုတ်တော့ဘူး။ ထားပါတော့ တစ်နှစ်ကို
ရွှေတိဂုံဘုရားရဲ့  အလှူခံပုံးက နေ ငွေ သိန်း ၅၀၀၀ ကျော်ရတဲ့ အခါရှိမယ်။ မရမယ့်
အခါရှိမယ်။ သိန်း ၇၀၀၀ ရတဲ့အခါရမယ်။ သိန်း ၄၀၀၀ ပဲ ရတဲ့ အခါရှိမယ်။
ကန်ထရိုက်ဆွဲထားတဲ့ အတွက်ကြောင့် သိန်း ၅၀၀၀ တော့ ပုံမှန်ရနေမှာပဲ။ အဲ အဲဒါကို
အကြောင်းပြုပြီး တော့ ငါတို့တွေက မလှူတော့ဘူးဆိုရင် အဲဒီကန်ထရိုက်ဆိုတဲ့
သူကလည်း ဆက်ပြီး ကန်ထရိုက်ကို သိန်း ၅၀၀၀ နဲ့ ဆွဲတော့မှာ မဟုတ်ဘူး။ အဲဒါဆိုရင်
ဘယ်သူကနစ်နာမှာလည်း ငါတို့ အလေးထားတဲ့ ရွှေတိဂုံဘုရားပဲ မဟုတ်လား။ ပြီးတော့ အဲဒီ
ကန်ထရိုက်ကိစ္စတကယ်ပဲ ထားပါစို့။ ငါတို့က အဲဒီကိစ္စကို ဆုံးဖြတ်ထားတဲ့ သူတွေကို
လေးစားမှုရှိရမယ်။ ရွှေတိဂုံဘုရားကို စီမံခန့်ခွဲနေတဲ့ လူကြီးတွေရဲ့ 
ဆုံးဖြတ်ချက်ကို
လေးစားရမယ်။ သူတို့တွေက ဘာအကျိုးအမြတ်ကိုမှ မျှော်ကိုးပြီးတော့ လုပ်နေကြတာ
မဟုတ်ဘူးကွာ။ အဲဒီ email ထဲကလိုပဲ တကယ်ပဲ ထားပါအုံး။ ငါတို့က သူတို့
တိုင်ပင်ဆုံးဖြတ်ထားတဲ့ကိစ္စ တစ်ခုကို လေးစားရမယ်။ ပြီးတော့ အလှူငွေ ကိစ္စကိုပဲ
ထားပါတော့။ ငါတို့က ဘယ်လိုစိတ်ထားနဲ့ ဘယ်လိုစေတနာနဲ့ လှူတယ်ဆိုတာကပဲ
အဓိကကြတယ်လို့ ထင်တယ်။ အလှူအတန်းဆိုတာ စိတ်စေတနာ ထားတတ်ဖို့က အဓိကပဲ မဟုတ်လား။
အခုတလော ဘာသာရေးနဲ့ ပတ်သက်တဲ့ mail တွေ လိမ့်ဝင်နေတာ ထူးခြားမှုတစ်ခုပဲ။
ဘာသာရေး အဓိကရုဏ်းတွေဖြစ်အောင် လုံ့ဆော်နေသလိုပဲ။ ငါတို့တွေကလည်း သူတို့ရဲ့ 
လုံ့ဆော်မှုကို သံယောင်မလိုက်မိဖို့ အရေးကြီးတယ်ကွ။ ဒီလို
လုံ့ဆောင်စာတွေရေးတဲ့သူတွေက ငါတို့ လူငယ်တွေကို အထင်သေး လွန်းပါတယ်ကွာ။
စဉ်းစားဆင်ခြင်ဉာဏ်မရှိဘူးများ ထင်နေကြလားမသိဘူးနော်။

သူ့ရဲ့  အတွေးနဲ့ သုံးသပ်ချက်ကို သဘောကျသွားတယ်။
ဟုတ်တယ်လို့လည်းထောက်ခံလိုက်တယ်။ အဲလိုနဲ့ပဲ ဒီနေ့ ညကပဲ အိမ်မှာ အဖေနဲ့
အဲဒီအကြောင်းတွေကို ပြန်ပြောဖြစ်ကြသေးတယ်။ အဖေကပြောတယ်။ ဟိန်းကြီးမှာ
အဲလိုအတွေးတွေရှိနေလိမ့်မယ် မထင်ရဘူးနော်တဲ့။ ဒီကောင်က ပျော်ပျော်နေတတ်တယ်
လို့ပဲသိထားတာတဲ့။ (သူငယ်ချင်းဟိန်းရေ…မင်းကိုတော့ငါ့အဖေကချီးကျူးလိုက်ပြီဟေ့။)
ငါလည်းပြန်ပြောလိုက်ပါတယ်… လူဆိုတာ အပေါ်ယံပဲ ကြည့်လို့မရဘူးလို့။
ပျော်ပျော်နေပေမယ့် သူ့ရဲ့    အတွေးအခေါ်တွေက မြောက်တက်နေချင်နေမှာလို့။

အဲလိုနဲ့ ငါ့ အဖေက သူရဲ့  Philosophy Academic ရှူထောင့်ကနေ ဟိန်းကြီးရဲ့ 
အတွေးကို သုံးသပ်ပြတယ်။ သားရေတဲ့. ….Information တစ်ခုကိုရလာပြီဆိုရင်
အဲဒီ Information
မှာပါတဲ့ Facts တွေကို ခွဲခြမ်းစိတ်ဖြာတယ်။ အဲဒီ Facts တွေကို မှန်သလား၊
မှားသလား True or False ဆိုပြီး ပြန်သုံးသပ်တယ်။ အဲလို မှန်လားမှားလား
သုံးသပ်တာက Knowledge -based ဖြစ်တယ်တဲ့။ လူရဲ့  အသိပညာနဲ့ပဲ ဆင်ခြင်ပြီး
မှန်မှားဆုံးဖြတ်နိုင်တာကိုပြောတာ။ ပြီးတော့ တကယ်လို့မှန်ခဲ့မယ်ဆိုရင်နဲ့ 
တကယ်လို့ မှားခဲ့မယ်ဆိုရင် ဆိုပြီးတော့ မှန်ရင်ဘာ လုပ်သင့်လဲ မှားရင်ဘာ
လုပ်သင့်လဲ Action ကို စဉ်းစားရတယ်။ အဲဒါကို is-ought relation လို့ခေါ်တယ်။
အဲဒီ Action မှာ Result value က Ethic နဲ့ သွားဆိုင်တယ်တဲ့။ Value-judgement
Decision ကို ချရတော့မှာကိုး။ လူ့ရဲ့  Moral နဲ့လည်းသက်ဆိုင်တော့မယ်။ ဘယ်လို
Principle နဲ့ ဆုံးဖြတ်မှာလည်းဆိုတာ အရေးကြီးလာတယ်။ အကျိုးရလဒ်ကို
တွေးတဲ့ Principle
နဲ့ ဆုံးဖြတ်မှာလား၊ ကောင်းမွန်တဲ့ စေတနာတစ်ခုကိုပဲ တွေးတဲ့ Principle နဲ့
ဆုံးဖြတ်မှာလား။ အဲဒီမှာ ကွာခြားသွားမယ်တဲ့။

ဒီတွေးခေါ်မှုက သားတို့ရဲ့    Software System တွေလိုပဲ Ethical Thinking System
တစ်ခုပဲတဲ့။

အောက်က Diagram ကInformation တစ်ခုကို ခွဲခြမ်းစိတ်ဖြာတဲ့ is-ought relation
system တစ်ခုရဲ့   တည်ဆောက်ပုံတစ်ခုပါ။

Information

|

Facts

_____|______

|                  |

True                  False                 (Knowledge based)

|                              |

If true, what should we do?               If false, what should we do?
(Action-based,

|___________________________|                                Value-oriented)

|

(Value/Moral judgment decision has to be made)

So, which principle should we use?

____________|_____________

|                                             |

Results/Benefits-Oriented??               Good Cetana-Oriented??

သူငယ်ချင်း ဟိန်းရဲ့  သုံးသပ်ဆုံးဖြတ်ချက်က positive attitude နဲ့ စေတနာ principle
နဲ့ပဲ ဆုံးဖြတ်ထားတယ်။ မြင့်မြတ်တဲ့ ဆုံးဖြတ်သုံးသပ်ချက်တစ်ခုပဲလို့ ပြောတယ်။
ရွှေတိဂုံဘုရား အလှူခံပုံးကိစ္စက မဖြစ်နိုင်ဘူးဆိုတာ သိပေမယ့်။ တကယ်လို့
ဖြစ်ခဲ့မယ်ဆိုရင်တောင် အကောင်းဆုံး စဉ်းစားတွေးခေါ်သွားနိုင်တဲ့
သူငယ်ချင်းဟိန်းကို လေးစားမိတာကတော့ အမှန်ပဲကွာ။ မင်းကိုလည်း အခွင့်အရေးရရင်
သူနဲ့ မိတ်ဆက်ပေးချင်တယ်ကွာ။ သူကလည်း မင်းလိုပဲ အရမ်းခင်ဖို့ကောင်းတယ်ကွ။
ငါလည်းသူ့ ရဲ့ စဉ်းစားပုံ စဉ်းစားနည်းကို သဘောကျတာနဲ့ philosophy ရှုထောင့်နဲ့
သုံးသပ်ဖြစ်တာကို မင်းကို ပြောပြဖြစ်လိုက်တာပါ။

သူငယ်ချင်းရေ….ရွှေတိဂုံ ဘုရားကြီးရဲ့  အလှူခံပုံးတွေ အကြောင်းကို
ရွှေတိဂုံဘုရားဂေါပကအဖွဲ့ကနေပြီးတော့ ဂျာနယ်တစ်ဆောင် ကနေပြီး ရှင်းလင်းချက်တွေ
ထွက်ပြီးပါပြီ။ အဲဒီ email ကပြောထားတာတွေက လုံးဝမမှန်ကန်ပါဘူး။ ရွှေတိဂုံဘုရားက
အလှူခံပုံးတွေက ငွေတွေကို ညတိုင်းသိမ်းစည်းပြီးတော့ ဘုရားလူကြီးများကိုယ်တိုင်
သက်မှတ်ထားတဲ့ ရွှေတိဂုံဘုရားရဲ့ ဘဏ်စာရင်းကို အပ်ပါတယ်။ ပြီးတော့ ဘုရားရဲ
့  လိုအပ်ချက်တွေကို
ဂေါပကအဖွဲ့ဝင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ အသုံးချတယ်လို့
ရှင်းလင်းထားပါတယ်။ ကန်ထရိုက်ပေးတယ်ဆိုတာလည်း ဘုရားဝင်းအ၀င် ကားဝင်ခွင့်ကိစ္စ၊
သန့်ရှင်းရေးကိစ္စတွေကိုသာ ပေးထားတာလို့ ဖြေရှင်းထားပါတယ်။

အဲဒီ email ကိစ္စကိုကြည့်ရင် internet ကို လူတွေရဲ့  အသုံးချမှုတချို
့လွဲမှားနေတယ်ဆိုတာကို သိလိုက်ရတယ်။ email တိုင်းကို Forward လုပ်မိရာကနေ
မရည်ရွယ်ပဲ အသုံးချခံလိုက်ရတယ်။ အဲဒီတော့ သူငယ်ချင်းရာ..ငါတို့အတွက်
အကျိုးမရှိမယ့် email တွေကို အခုကစပြီး ဘယ်လိုပဲ ရောက်လာလာ Forward မလုပ်ပဲ၊
ငါတို့ အတွက် အကျိုးရှိမယ့် email တွေ၊ ကောင်းသတင်း email တွေ၊ စိတ်ကို
ပျော်ရွှင်စေမယ့် email တွေ အသိပညာတိုးပွားစေမယ့် email တွေကိုပဲ ရေးကြ
Forwardလုပ်ကြတာပေါ့ကွာ။
အဲဒီ email ဆိုရင် စိတ်အနှောက်အယှက်ပေးတဲ့ email မျိုးပဲပေါ့နော့်။ အဲဒီ mail ကို
Forward လုပ်လာတဲ့ သူငယ်ချင်းကို အပြစ်ပြောတာတော့ မဟုတ်ပါဘူး။ မင်းကတော့
ငါ့ကိုသိစေချင်တဲ့ စေတနာနဲ့ ပို့လာတယ်ဆိုတာ ငါနားလည်ပါတယ်ကွာ။  ဒါမှလည်းငါတို့
ဆွေးနွေးသုံးသပ်နိုင်မှာပေါ့။ စိတ်ဆိုးပြီး ဘယ်တော့မှ mail မပို့တော့ဘူးတော့
မလုပ်ပါနဲ့ကွာ။ ဒါပေမယ့် သူငယ်ချင်းရာ မင်းနဲ့ငါနဲ့က သူငယ်ချင်းတွေဆိုတော့
ဒီလိုပဲ ပြောဖြစ်သွားတာပါ။

ok! သူငယ်ချင်းရေ။ နောက်မှပေါ့။ ငါလည်း လက်ငြောင်းပြီ။

မင်းကိုခင်တဲ့၊

KG,

From အလင်းစေတမန်

http://groups.google.com/group/a_lin_say_ta_mum?hl=en

သူငယ်ချင်းရေ………
လိမ်ညာပြီး အလှူခံတဲ့သူတွေကြောင့် သူငယ်ချင်း စိတ်အနှောက်အယှက်ဖြစ်နေတယ်ဆိုတာကို သိရလို့ စိတ်မကောင်းပါဘူးကွာ။ ပြီးတော့ မျိုးချစ်စိတ်ရှိတဲ့သူငယ်ချင်းအကြောင်းသိရတာ ဂုဏ်ယူပါတယ်။
           အင်း….လှူဒါန်းခြင်း၊ ဒါန နဲ့ပတ်သက်ပြီး ကျွန်တော်အပါဝင် အချို့ အချို့ သောသူတွေက အယူအဆ လွဲမှားနေတတ်ကြပါတယ်။ လှူဒါန်းခြင်းဆိုတာ မိမိပိုင်ဆိုင်သောအရာတစ်ခုခုကို စွန့်လွှတ်ခြင်းကို ဆိုလိုပါတယ်။ လှူဒါန်းခြင်းဆိုတာ ကောင်းမှုပြုခြင်း၊ ကုသိုလ်အလုပ် တစ်ခုပါပဲ။
           ဆိုကြပါစို့။ လိမ်ညာပြီးအလှူခံသူကို လှူဒါန်းတာနဲ့ အမှန်တကယ်အလှူခံသူကို လှူဒါန်းတာ ဘာကွာပါသလဲ။ ဒီနေရာမှာ စိတ်စေတနာအပြည့်နဲ့လှူဒါန်းခြင်းကိုပဲကြည့်ကြပါမယ်။ ဘယ်သူကိုပဲ လှူဒါန်းတာပဲ ဖြစ်ဖြစ် လှူဒါန်းခြင်းပါပဲ။ အဲဒါကြောင့် ကောင်းမှုပြုခြင်း၊ ကုသိုလ်အလုပ်တစ်ခုပါပဲ။
           လူလိမ်က ရွှေတိဂုံဘုရားကြီးကို အကြောင်းပြုပြီး လိမ်ညာအလှူခံတာဖြစ်စေ တကယ့်ကို ရွှေတိဂုံဘုရားကြီးအတွက်အလှူခံတာပဲဖြစ်စေ ကိုယ်က ရွှေတိဂုံဘုရားကြီးကို ရည်စူးပြီး စိတ်စေတနာအပြည့်နဲ့ လှူဒါန်းရင် ရွှေတိဂုံဘုရားကြီးကို လှူဒါန်းတာပါပဲ။ အလှူခံပုဂ္ဂိုလ်ဟာ ရွှေတိဂုဏ်ဘုရားပါပဲ။ လူလိမ်အလှူခံကိုဖြစ်စေ၊ အမှန်အလှူခံကိုဖြစ်စေ အလှူခံပုဂ္ဂိုလ်လို့ မပြောနိုင်ပါဘူး။ ရွှေတိဂုံဘုရားကို လှူဒါန်းတယ်ဆိုတာ ကောင်းမှုပြုခြင်း၊ ကုသိုလ်အလုပ်တစ်ခုပါပဲ။ လာပြီး အလှူခံတဲ့သူ၊ အလှူခံပုံး၊ အလှူခံခွက်စတာတွေဟာ ကြားခံတွေဖြစ်ပါတယ်။ ကြားခံတွေဟာ ကောင်းမှုပြုခြင်း၊ ကုသိုလ်အလုပ်နဲ့ ဘာမှမဆိုင်ပါဘူး။ ကိုယ်ရည်စူးတာသာ အလှူခံပုဂ္ဂိုလ်မည်ပါတယ်။
           အကျိုးကျေးဇူး အနေနဲ့ ပြောရရင်……လှူဒါန်းတဲ့အခါမှာ အလှူခံပုဂ္ဂိုလ်အပေါ်မူတည်ပြီး ရရှိမယ့် ကုသိုလ်အကျိုးကျေးဇူးက မတူညီနိုင်ပါဘူး။ အလှူခံပုဂ္ဂိုလ်ရဲ့  သီလ၊ သမာဓိ၊ ပညာ အပေါ်မှာ မူတည်ပြီး ရရှိလာမယ့် ကုသိုလ်အကျိုးဆက်က ကွာခြားနိုင်ပါတယ်။ မရဘူးလို့မပြောပါဘူး။
           လှူဒါန်းတဲ့အခါမှာ ကာယကံ၊ ၀စီကံ၊ မနောကံစတဲ့ ကံသုံးပါးနဲ့လှူတယ်ဆိုရင် အကျိုးကြီးပါတယ်။ ဆိုလိုတာက စေတနာကောင်းအပြည့်ဆိုရာမှာ လက်ကလှူဒါန်းပေးကမ်းခြင်းသာမက၊ နှုတ်မှလည်း စွန့်လွှတ်လှူန်းကြောင်း နဲ့ စိတ်နှလုံးသားမှလည်း စေတနာကောင်းအပြည့်နဲ့ လှူဒါန်းရင် ပိုပြီး ကုသိုလ်အကျိုးကြီးပါတယ်။
           အမှန်တကယ် မလှူခင်၊ လှူနေဆဲ၊ လှူဒါန်းအပြီးမှာ ဖြစ်ပေါ်နေတဲ့ ကိုယ့်ရဲ့  စိတ်စေတနာ အပေါ်မှာ လည်း မူတည်ပြီး ကုသိုလ်အကျိုးကွာခြားနိုင်ပါတယ်။
           လှူဒါန်းခြင်းဆိုတာ စွန့်လွှတ်လိုက်ခြင်းပါပဲ။ ကိုယ်လှူဒါန်းလိုက်တဲ့ အလှူဟာ ဖြစ်မြောက်သွားတယ် မသွားဘူးဆိုတာ လှူဒါန်းခြင်းနဲ့ မသက်ဆိုင်ပါဘူး။ ဖြစ်မြောက်သွားတာကိုတော့ လှူဒါန်းလိုက်တဲ့ သူတိုင်းက ဖြစ်စေချင်ကြပေမယ့်ဒါဟာ လှူဒါန်းခြင်းနဲ့မသက်ဆိုင်ပါဘူး။ စွန့်လွှတ်လိုက်ခြင်းဖြစ်တဲ့ အတွက် တွယ်တာနေစရာမလိုပါဘူး။ လှူဒါန်းတယ်ဆိုတာ စွန့်လွှတ်လိုက်တာပါ။ လှူပြီးနောက်မှာ ကိုယ့်ပစ္စည်း မဟုတ်တော့ပါဘူး။ ဒါပေမယ့် ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှု အလှူကို တဖန်ပြန်လည်ပွားများဖို့အတွက် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုရင်တော့ ပြန်လည်အောက်မေ့သင့်ပါတယ်။ အခြား ရည်ရွယ်ချက်နဲ့ဆိုရင် ကိုယ်စွန့်လွှတ်လိုက်တဲ့ အလှူကို တွယ်တာ ကပ်ညိရာရောက်ပါတယ်။ တွယ်တာ ကပ်ညိခြင်းက ကုသိုလ်အလုပ်မဟုတ်ပါဘူး။
ပြီးတော့ လှူပြီးနောက်ဖြစ်ပေါ်လာတဲ့ စိတ်စေတနာကြောင့်လည်း အကုသိုလ်ဖြစ်တတ်ပါတယ်။ ကိုယ့်လှူလိုက်တဲ့ အလှူပေါ်မှာ ငြိတွယ်စိတ်နဲ့ ဒေါသထွက်နေရင် အကုသိုလ် ပွားနေတာပါပဲ။
ဆိုပါစို့ ကိုယ်က တံတားဖြစ်မြောက်ရေး အတွက် ငွေကို လှူတယ်။ ဒါဟာ လှူဒါန်းခြင်း ပါပဲ။ ကောင်းမှုပြုခြင်း၊ ကုသိုလ်အလုပ်လုပ်ခြင်းပါပဲ။ တံတားတကယ်ဖြစ်မြောက်တယ် မဖြစ်မြောက်ဖူးဆိုတာ ဦးစီးဆောင်ရွက်တဲ့ သူတွေနဲ့ပဲဆိုင်ပါတယ်။ ဒါဆိုရင် လှူဒါန်းတဲ့ သူနဲ့မဆိုင်ဘူးလား။ ဆိုင်တယ်လို့ ပြောရင်လည်း ပြောလို့ရပါတယ်။ လှူဒါန်းတဲ့သူဟာ စေတနာသန့်သန့်နဲ့မလှူတာ၊ လှူတဲ့ ငွေ၊ ပစ္စည်းဟာ မသန့်ရှင်းတာမျိုးဆိုရင် လည်း ဖြစ်မြောက်မှုနဲ့ ဝေးတတ်ပါတယ်။ အဲ ဖြစ်မြောက်မှုအရှိတိုင်းလည်း ကိုယ်က စေတနာ မသန့်ခဲ့တာ၊ ကိုယ့် အလှူငွေ၊ ပစ္စည်းက မသန့်ရှင်းဘူးလို့ ပြောလို့မရပါဘူး။ ကိုယ်က တံတားကို တကယ်ဖြစ်စေချင်ရင် ကိုယ်ကိုတိုင် ဆောင်ရွက်ပါမှ ဖြစ်မြောက်ဖို့ကို ကိုယ်ကိုတိုင် အာမခံနိုင်ပါမယ်။
အကြောင်းတရားတွေကြောင့် အကျိုးတရားတွေဖြစ်တတ်ကြပါတယ်။ လူသားတွေနဲ့ ပတ်သက်တဲ့ စွမ်းဆောင်ရည်၊ ကို တိုင်းတာဖို့ အလွန်ပင်ခက်ခဲပါတယ်။ မြင်းကောင်ရေ ၁၀၀ ရှိတဲ့ စက်က အမြဲ(သက်တန်းရှိသရွေ့ ) မြင်းကောင်ရေ ၁၀၀ အားနဲ့ စွမ်းဆောင်နိုင်တယ်လို့ ပြောလို့ရပေမယ့်။ လူသားတွေကို အဲဒီလို ယတိပြတ်ပြောဖို့ရာ မဖြစ်နိုင်ပါဘူး။ 
အင်း ကိုယ့်လူမျိုးအချင်းချင်း အားပေးတယ် ဆိုတာ ဘယ်လိုလူမျိုးမဆိုတူတူပါပဲ။ မြန်မာလူမျိုးတွေမှ မဟုတ်ပါဘူး။ ကိုယ့်လူမျိုးအချင်းချင်း အားပေးတယ်ဆို တာ အလွန်ကောင်းတဲ့ အလေ့အကျင့်ပါပဲ။ ဒါပေမယ့် လူဆိုတာ အားလုံး အတူတူပါပဲ။ လူမျိုး အသားအရောင် ဘာသာစကား အထီး အမ တွေ ခွဲခြားပြီး ဆက်ဆံတာ ကောင်းပါဘူး။ ခွဲခြားဆက်ဆံမှုတွေ မရှိပဲ လူသားအားလုံး အပေါ် မေတ္တာစေတနာ ထားနိုင်တာက အကောင်းဆုံးပါပဲ။
နောက်ဆုံး အနေနဲ့ ဆရာ ဒေါက်တာ အောင်ထွန်းသက် ပြောဖူးတဲ့ စကား တခွန်းကို လက်ဆင့်ကမ်းချင်ပါတယ်။ တခါက ဟော ပြောပွဲတစ်ခု မှာ အပြန်အလှန် အမေးအဖြေ လုပ်တော့ လူတစ်ယောက်က သူရဲ့  မကျေနပ်ချက်တွေ မကောင်းတဲ့ အချက်တွေကို ပဲ ပြောပြီး အခြားလူတွေကို လုံးဝမလေးစားတဲ့ အပြုအမူမျိုးလုပ်တော့ ဒီလို သူက ပြောခဲ့ပါတယ်။
ကြက်ခြံထဲမှာလုပ်နေတဲ့ အမျိုးသားတစ်ဦးက အိမ်ကိုပြန်တော့ ကြက်ချေးတွေယူသွားပြီး ထမင်းစားပွဲပေါ်ကို တင်လိုက်တယ်တဲ့ အဲဒီအခါ သူမိသားစုတွေအားလုံးက ထွက်သွားကြတယ်တဲ့။ ကြက်ခြံထဲမှာလုပ်နေတဲ့ အခြားအမျိုးသားတစ်ဦးကတော့ အိမ်ကိုပြန်တော့ ကြက်ဥတွေယူသွားတယ်တဲ့ အဲဒီအခါ တစ်မိသားစုလုံး ကြက်ဥကြော်စားကြတယ်တဲ့။
ဒါပါပဲဗျာ……
ခင်မင်တဲ့
ကောင်းမြတ်ထွန်း
kaunggyi@gmail.com
http://groups.google.com/group/a_lin_say_ta_mum
www.kaungmyattun.wordpress.com

2009/11/10 khin mu <khinthetmu@gmail.com>ထံမှပေးပို့လာသောမေးလ်ဖြစ်ပါတယ်
– Hide quoted text –
မင်းတို့ပြောတဲ့ရွှေတိဂုံပေါ်ကအလှူခံပုံးတွေအကြောင်းကို
ငါဘက်ကနေသုံးသပ်ကြည့်မယ်နော်။
ကြားကြားချင်းတော့ ငါလဲတုန်လှုပ်မိတယ်-
ဘာသာရေးအထိကရုံးလဲမဖြစ်စေချင်ပါဘူး –
 ဒါပေမဲ့ ငါကလူတမျိုးကွ ဈေးဝယ်ရင်တောင်မှဖြစ်နိုင်ရင်
ဘာသာခြားဆီမှာဈေးမ၀ယ်ဘူး။
ဘာသာသူတဲ့သူကိုမှအားပေးတာ- ဒါမှသူတို့အမြတ်အစွန်းရရင် စေတီပုထိုးနဲ့-
သာသနာကိုစောင့်ရှောက်တဲ့ရဟန်း-သံဃာတွေဆီကိုရောက်မယ်လို့ငါထင်တယ် ။
ဒါမှသာသနာ5000ဆိုတာမပိုရင်တောင်မလျှော့တော့ဘဲ
သာသနာအဒွန့်ရှည်နိုင်မယ်လို့ယုံကြည်တယ်လေ။
မင်းလဲအလှူ လှူဖူးမှာပေါ့နော် –
မင်းလှူ
ထားတဲ့အရာတခုကိုမင်းနောင်တကြိမ်ဘုရားလာဖူးရင်မင်းလှူထားတဲ့နေရာမှာရှာကြည့်မှာဘဲမဟုတ်လား
ကဲ—ကန်ထရိုတ်ကိစ္စကိုပြောမယ်နော် ငါကလက်တွေ့နော် —
ကျိုတ်ထီးရိုးဘုရားရင်ပြင်တော်မီးမလောင်ခင်က
ကျီကန်းပါးစပ်သွားတဲ့လမ်းကိုလှေခါးထစ်လေးတွေလုပ်ဖို့အလှူခံခဲ့လို့ငါလှူခဲ့တယ်
နောက်မီလောင်လို့ပြုပြင်ပြောင်းလဲပြီးတဲ့နှစ်ဖွင့်ပွဲလုပ်တဲ့နေ့ငါ
ကျိုတ်ထီးရိုးကိုနောက်တကြိမ်ရောက်ခဲ့တယ် ။
အဲ့ဒီကျီးကန်းပါးစပ်လှေကားထစ်လဲ မပြုရသေးတာဒီနေ့ထိပါဘဲ။
အဲ့ဒီအခေါက်မှာဘဲ ဖားဘုရားမှာထီးတော်အလှူခံလို့
ရှေ့ကထီးတော်တင်ပြီးသွားကာရှိသေးတယ် 10မိနစ်တောင်မရှိသေးဘူး-
ပြန်ချပြီးနောက်တယောက်ကိုရောင်းနေတယ်လေ
အဲ့ဒီမှာငါစုံစမ်းကြည့်တော့ကထရိုတ်ယူထားတာတဲ့။
(ကောင်းပြီဘာဘဲပြောပြောမင်းကိုမေးမယ် ကန်ထရိုတ်ရတဲ့သိန်း5000ကို
ဘယ်သူကဘယ်လိုအသုံးပြုလိုက်လဲ)

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

4 responses to “ရွှေတိဂုံဘုရားကြီးမေးလ်နဲ့ပတ်သက်ပြီး

  • ကိုဂါး

    ကြား မြင် သိ လိုက်တဲ့အရာတွေကို ကိုယ်မြင်တဲ့ရှုထောင့်တစ်ခုတည်းနဲ့သုံးသပ်ခြင်းဟာ အမှန်နဲ့နီးစပ်ဖို့မလွယ်ဘူးထင်ပါတယ် ။ အဖွဲ့တစ်ခုမှာ အမှန်သမားတွေလည်းပါမယ် ။
    မမှန်မကန်သမားတွေလည်းပါမယ် ။ သံသယတွေနဲ့သာလစ်လျူရှုလိုက်မယ်ဆိုရင်
    ခုခေတ်မှာဖူးမြင်နေရတဲ့ဘုရားများပြုပြင်ဖို့လှူဒါန်းခဲ့ကြတဲ့ ရှေးက ဘိုးဘွားများကို
    စော်ကားရာရောက်နေသလိုဖြစ်နေမလားပဲ ။ ဤ Post လေး အတွက် ကျေးဇူး။

  • KaungMyatTun(KaungGyi)

    ကိုဂါးပြောတာ မှန်ပါတယ်။ ရှုထောင့်တစ်ခုတည်းက သုံးသပ်တာဟာ အမှန်နဲ့ မနီးစပ်နိုင်ပါဘူး။
    အခုလို သုံးသပ်လိုက်တာကလည်း လစ်လျူရှုလိုက်တာ မဟုတ်ပါဘူး။ ရှုထောင့်တစ်ခုကနေသာ
    သုံးသပ်တင်ပြခြင်းဖြစ်ပါတယ် ခင်ဗျ။

  • burmaboy

    အားလုံးမှားတယ်၊ ဘုရားက ရွှေလည်း မလိုဘူး၊ ငွေလည်းမလိုဘူး သူလိုချင်တာ မေတာတရားဘဲ လူသားအားလုံးကို မေတာတရားရှိစေချင်တာ ဒါပေမယ့် လူတွေက မေတာတရားမရှိဘဲ ဘုရားမှာ ရွှေ၊ ငွေလှူမယ်၊ ကျောင်းဆောက်မယ်၊ ဘုရားတည်မယ်၊ ဘုန်းကြီးလှူမယ် ဆင်းရဲတဲ့သူကို ပေးကမ်းဘိုးကျတော့ မလုပ်ဘူး မှားနေတာက အားလုံးဘဲ ဘုရားစကားက ရှင်းပါတယ် သူစည်းစိမ်တောင် မလိုချင်လို့ ထားခဲ့တာ လူတွေက ရွှေတွေငွေတွေပေးနေတော့ ဘာထူးမှာ မို့လို့လည်း အဓိက ကတော့ မေတာတရားဘဲ ဘုရားက ဘယ်သူကိုမှ မကိုးကွယ်စေချင်ခဲ့ဘူး မိမိကိုယ်သာ မိမိကိုးကွယ်ရာတဲ့

    • KaungMyatTun(KaungGyi)

      ကိုဇော်မိုးရေ……

      လှူဒါန်းတယ်ဆိုတာ ဒါနပါပဲ။ ဆင်းရဲသူကို ပေးကမ်းတာလည်း ဒါနဖြစ်သလို ဘုရားလှူကျောင်းဆောက်တယ်ဆိုတာကလည်း ဒါနပါပဲ။ အကျယ်သဖြင့်ရှင်းတာထက် ဒါနအကြောင်းကို ရှာဖတ်သင့်တယ် ထင်ပါတယ်။

      မေတ္တာတရားက အဓိကပဲဆိုတာကိုတော့ ထောက်ခံပါတယ်။ မေတ္တာတရားက အရေးကြီးပါတယ်။ ကိုဇော်မိုးလည်း မေတ္တာတရားပွားများနိုင်ပါစေ….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: