ကြောက်လန့်မှု


*ကြောက်လန့်မှု*

ကြောက်လန့်မှုတဲ့
ကြေကွဲရမှာလား…..ဆွေးမြေ့ရမှာလား…..
မဝေခွဲတတ်တာလာ…..တွေဝေနေတာလား…….

လက်ဝှေ့စင်ပေါ်တက်တော့မယ့်…..
သတ္တိအပြည့်လူကြမ်းကြီးတောင်
ကြောက်လန့်မှုကို
ရင်ခုန်တက်ရင်……
ဘာမှမဟုတ်တဲ့ငါ……
ကြောက်လန့်မှုကို ဘယ်လိုရင်ဆိုင်ရမလဲ……

ကြောက်လန့်မှုတဲ့
……၀မ်းနည်းနေတာလား….ပူလောင်နေတာလား….
မဝေခွဲတတ်တာလာ…..တွေဝေနေတာလား…….

ဝမ်းသာလို့ကျတဲ့မျက်ရည်….
ဝမ်းနည်းလို့ကျတဲ့မျက်ရည်….
မျက်ရည်တွေ အကြောင်းနားလည်ဖို့ မကြိုးစားဖူးတဲ့ငါ…….
ကြောက်လန့်မှုကို ဘယ်လိုရင်ဆိုင်ရမှာလဲ…….

ကြောက်လန့်မှုတဲ့….
..ငိုကြွှေးရမှာလား……ဟားတိုက်ပစ်လိုက်ရမှာလား…..
မဝေခွဲတတ်တာလာ…..တွေဝေနေတာလား…….

လှုပ်ခတ်နေတဲ့ မျက်ဝန်းများ…..
ဘောင်ဘင်ခတ်နေတဲ့ မပြည့်တဲ့ရေအိုး….
ငါ့မျက်ဝန်းဘောင်ဘင်ခက်နေတာ….
ငါ့ကိုယ်တိုင် မပြည့်ဆုံသေးလို့လား…….
မပြည့်တဲ့အိုးက ဘောင်ဘင်ခတ်သတဲ့…..
ဒါဆိုရင် ဘယ်တော့မှ မပြည့်ဆုံသေးတဲ့
ငါလို လူရဲ့ ဘဝ
ကြောက်လန့်မှုကို ဘယ်လိုရင်ဆိုင်ရမှာလဲ…….

ကြောက်လန့်မှုတဲ့….
မာနတွေကြီးနေတာလား…….ပျော့ညံ့မှုကိုဖုံးကွယ်ချင်တာလား
မဝေခွဲတတ်တာလား…..တွေဝေနေတာလား…….

ငါငိုချင်နေတယ်……..
ပခုံးပေးမတဲ့…ပြောတဲ့သူ….
ဘယ်ဆီမှာလည်း ……ရှာလို့ကမတွေ့ …
ငိုဖို့အတွက် ပခုံးတခုလိုသတဲ့ ပြောကြပေမယ့်
ငါက တော့ ငိုလိုက်တိုင်း ငါ့ရဲ့  ကိုယ်ပိုင် လက်မောင်းပေါ်မှာပါ….
အားကိုးကိုရှာတတ်တဲ့ သာမန်ငါ့လို လူ့ဘဝ
ကြောက်လန့်မှုကို ဘယ်လိုရင်ဆိုင်ရမှာလဲ…….

ကြောက်လန့်မှုတဲ့….
ဘယ်တော့ပြီးမှာလဲ….ဘယ်တော့လာမှာလဲ…..
မဝေခွဲတတ်တာလား…..တွေဝေနေတာလား…….

ဖြစ်ပြီးပျက်မတဲ့…ဘုရားဟောတရာ….
ယုံကြည်ပါတယ်….ဖြစ်ပြီးရင်တော့ ပျက်မှာပါပဲ….
ဒါပေမယ့် ဖြစ်နေတဲ့ အခိုက်…..
မပျက်သေးခင်ခဏ…….
ကြောက်လန့်မှုကို ဘယ်လိုရင်ဆိုင်ရမှာလဲ…….

ကြောက်လန့်မှုတဲ့….
မုန်းနေတာလား…..ချစ်နေတာလား……
မဝေခွဲတတ်တာလား…..တွေဝေနေတာလား…….

သေချာပါတယ်………
ငါဆီမှာ ရှိနေတာ…….
ကြောက်လန့်မှုကို ကြောက်နေတဲ့စိတ်…..လား
ကြောက်နေတဲ့စိတ်ကို ကြောက်နေတာလား
မဝေခွဲတတ်တာလား…..တွေဝေနေတာလား…….

ကြောက်လန့်မှုတဲ့….
မပြီးဆုံးသေးတာလား……ပြီးဆုံးသွားမှာကို မလိုလားတာလား
မဝေခွဲတတ်တာလား…..တွေဝေနေတာလား…….
ငါကိုယ်တိုင်မသိသေးတဲ့
ကြောက်လန့်မှူများ…….။                       ။

KG…….

*Loving in a Fear*

A Fear
which is a word i hate……..
A Fear
what the situation i have……..
A Fear
how long stand it be………
A Fear
when will leave me behind…….
A Fear
where everyplace has……….
A Fear
that dispels all other fears ……
A Fear
that conquers all other fears ……….
A Fear
that I love………
………
I am Fearing……..

…………….
KG
Source: http://www.groups.google.com/group/a_lin_say_ta_mum

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

2 responses to “ကြောက်လန့်မှု

  • Little Star

    ဆုံးရှုံးမှာကိုကြောက်ရွံလို့ ရင်မဆိုင်ရဲတဲ့အတွက် တကယ်ဆုံးရှုံးသွားရတာမျိုးလည်း ဖြစ်တတ်ပါတယ်နော်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: