မြန်မာတွေ စဉ်းစားတတ်ရဲ့ လား


သူငယ်ချင်းရေ

တစ်နေ့က အိမ်မှာ စင်ကာပူက ၀ယ်လာတဲ့ စာရေးဆရာ Kishore Mahbubani ရေးတဲ့ CAN ASIANS THINK? ဆိုတဲ့ စာအုပ်ကို ဖတ်ရင်း အတွေးတစ်ခု ၀င်လာတယ်။ စဉ်းစားခြင်းဆိုတာ တကယ်ပဲ အရေးပါတယ်နော်။ ပြီးတော့ ငါတို့ မြန်မာတွေ စဉ်းစားတတ်ရဲ့ လား လို့လည်း စဉ်းစားမိတယ်။

သူတင်ပြသွားတာကတော့ အာရှတိုက်သားတွေ ဟာ စဉ်းစားတတ်ရဲ့ လားပေါ့။ အနောက်နိုင်ငံသားတွေနဲ့ နှိုင်းယှဉ်မှုတစ်ချို့ လုပ်ပြီး တင်ပြဆွေးနွေးထားတာပါ။ တကယ် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ပေါ့။သူဆွေးနွေးတင်ပြသွားသလိုပဲ ငါလည်း မြန်မာတွေ စဉ်းစားတတ်ရဲ့ လားလို့ ဆွေးနွေးကြည့်ချင်တယ်။ မြန်မာလူမျိုး လူငယ်တစ်ယောက်အမြင်နဲ့ပေါ့။

မြန်မာတွေ မစဉ်းစားတတ်ဘူး

ငါတို့ မြန်မာတွေ မစဉ်းစားတတ်ပါဘူးလို့ ပြောလိုက်ရင် စိတ်ဆိုးကောင်းဆိုးကြမယ့် သူတွေ အများကြီးပဲရှိမှာပါ။ ငါလည်းမြန်မာ တစ်ယောက်ပဲမို့ အခြားလူမျိုးတစ်မျိုးကသာ ဒီလိုပြောလာရင် စိတ်ဆိုးကောင်းဆိုးမိမှာ အမှန်ပါပဲ။ ဒါပေမယ့် အခုကတော့ ရှုထောင့်သုံးခုကနေ စဉ်းစားကြည့်ကြတာပါလို့ မှတ်ယူပေးပါ။

ရှေးမြန်မာပြည်ကြီးဟာ ဘုန်းတန်းခိုးထင်ရှားတဲ့ တိုင်းပြည်တစ်ခုပါ။ အိမ်နီးချင်းနိုင်ငံတွေအကြားမှာလည်း သြဇာအာဏာ ကျယ်ပြန့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နယ်ချဲ့  အင်္ဂလိပ်တွေ လက်အောက်ကို ကျရောက်ပြီး သူ့ကျွန်ဘ၀ရောက်ခဲ့ရပါတယ်။

လွတ်လပ်ရေးရပြီးတာတောင် အတုအယောင်လွတ်လပ်ရေးဆိုပြီး အယူဝါဒအစွန်းရောက်ပြီး တော်လှန်ပုန်ကန်သူတွေကြောင့် အချို့ နေရာတွေမှာ တော်တော်လေး ဒုက္ခရောက်ခဲ့ကြရပါတယ်။

လွတ်လပ်ရေးရပြီး အိမ်နီးချင်းတိုင်းပြည်တွေကြား ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာ နောက်ဆုံးကို ရောက်နေခဲ့ရပါတယ်။

မြန်မာတွေ စဉ်းစားတတ်တယ်

ငါတို့ မြန်မာတွေ သိပ်ပြီး စဉ်းစားတတ်တာပေါ့။

ဟိုးရှေးတုန်းက ကနောင်မင်းသားကြီးဟာ ရေမြုပ်ဗုံးအထိတောင် တီထွင်နိုင်ခဲ့တာပါ။ စက်ရုံ အလုပ်ရုံတွေ တည်ထောင်ပြီး မြန်မာနိုင်ငံကို စက်မှုနိုင်ငံဖြစ်အောင် ကြိုးစားခဲ့ဖူးပါတယ်။

မွန်ပြည်နယ်က ရှင်အရဟံကို ပင့်ဖိတ်ပြီး ဗုဒ္ဓသာသနာတော်ပြန့်ပွားအောင်လုပ်ဆောင်ပြီး ယနေ့ အချိန်အထိ ကမ္ဘာမှာ မြန်မာတစ်နိုင်ငံတည်းသာ ထေရ၀ါဒဗုဒ္ဓသာသနာ အမှန်တကယ် ထွန်းလင်းရာဒေသ ဖြစ်စေခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ရာထူးအကြီးဆုံးလို့ ပြောလို့ရတဲ့ ကုလသမဂ္ဂက အတွင်းရေးမှုးရာထူးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ခဲ့တဲ့ ဦးသန့်ဟာ မြန်မာလူမျိုးပါ။

မြန်မာတွေ စဉ်းစားတတ်သလား မသေချာဘူး

မြန်မာတွေ စဉ်းစားတတ်သလားဆိုတော့ သိပ်တော့ မသေချာဘူးဗျာ။

အချို့ လူငယ်တွေက မိဘက ပြောတဲ့အတိုင်း လုပ်ခိုင်းတဲ့ အတိုင်း လုပ်ကြတယ်။ သားလိမ္မာ သမီးလိမ္မာလေးတွေလို ဟန်မျိုးနဲ့ပေါ့။ တကယ်ဝါသနာပါ၏ မပါ၏ကို ဘေးချိတ်ထားပြီး လုပ်ကိုင်နေကြတဲ့ သူတွေ အများကြီး ရှိနေတယ်။

……………………..

…………………………………….

မြန်မာလူမျိုးတင်မကပါဘူး။ ဘယ်လူမျိုးမှာ မဆို မစဉ်းစားတတ်သူ၊ စဉ်းစားတတ်သူ၊ မသေချာတဲ့သူတွေ ရှိကြတာပါပဲ။ ဒါပေမယ့် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသူ ပေါများတဲ့ နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်တာပဲမို့လို့ အရေးအကြီးဆုံးကတော့ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသူတွေ ပေါများလာအောင် ကြိုးစားအားထုတ်ဖို့ပါပဲ။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို ဒီမေးခွန်းကို အထပ်ထပ် မေးနေသင့်ပါတယ်။ ငါစဉ်းစားတတ်ရဲ့ လား၊ ငါစဉ်းစားတာ မှန်ရဲ့ လား၊ စသဖြင့်ပေါ့။ ဒီလိုနဲ့ပဲ…..ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကို ဖော်ဆောင်နိုင်မယ်လို့ ထင်ပါတယ်။

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: