Eclipse IDE 3.4.1 J2EE အကြောင်


သူငယ်ချင်းရေ…….

မင်းက Eclipse IDE အကြောင်းသိချင်တယ်ဆိုတော့ ပြောပြရမှာ ပေါ့။ Eclipse IDE က
အမျိုးအစား အများကြီးရှိတယ်။ အဲဒီထဲကမှ မင်းနဲ့ အသုံးတည့်မယ့် IDE က J2EE develop
လုပ်လို့ရမယ့် eclipse-jee-ganymede-SR1-win32 ကွ။ အဲဒါကို www.eclipse.org မှာ
Download လုပ်လို့ရတယ်။ မင်းကတော့ မင်း အလုပ်ထဲက server ထဲကနေ ယူလို့ရမှာပေါ့။

မင်းအဲဒီ Eclipse IDE version 3.4.1 ကို သုံးနိုင်ဖို့ အတွက် မင်းဆီမှာ java
jdk 1.6.xx ဒါမှမဟုတ် jre 1.6.xx တစ်ခုခု ရှိရမယ်။ မင်းရဲ့  java version ကို
စစ်ကြည့်ကွာ။ command line မှာ java -version လို့ ရိုက်ကြည့်ပြီး မင်းရဲ့ 
စက်ထဲက java version ကို စစ်ကြည့် လို့ ရမယ်။

ပြီးတော့ Tomcat 6.0 ကို လည်း Install လုပ်ထားအုံးကွ။ Eclipse ရဲ့ 
Folderအောက်က eclipse.ini
ဆိုတဲ့ File ကို check လုပ်ကြည့် အောက်က အတိုင်း ရှိနေသင့် တယ်။

eclipse.ini

-showsplash

org.eclipse.platform

–launcher.XXMaxPermSize

256M

-framework

plugins\org.eclipse.osgi_3.4.2.R34x_v20080826-1230.jar

-vmargs

-Dosgi.requiredJavaVersion=1.6

-Xms40m

-Xmx512m

အဲဒီ file က Eclipse ကို Run တဲ့ အခါမှာ Configuration လုပ်ဖို့
parameterတွေကို pass
လုပ်တယ်။

မင်း အဲဒါကို Eclipse ကို Run ပြီး Help >About ကို ဖွင့်ပြီး Configuration
Details မှာ ၀င်ကြည့်လို့ရတယ်။ နောက်တစ်ခု Check လုပ်ရမှာက
Window>Preferences ကိုဖွင့်ပြီး
java အောက်က Installed JREs အောက်မှာ မင်း Installed လုပ်ထားတဲ့ Java ရဲ့  jdk
1.6.xx (or) jre 1.6.xx ရှိနေရမယ်။

Project တစ်ခုစမရေးခင် Server တစ်ခုကို Connect လုပ်ဖို့ File>New>Other ကိုဝင်
ပြီး Server အောက်မှာ Apache Tomcat 6.0 ကို create လုပ်ကွာ။ပြီးရင် Server ကို
Right Click နဲ့ Run ကြည့်။

Project တွေစရေးလို့ရပြီကွာ။

Struts Framework နဲ့ TomCat Project တွေရေးချင်ရင်တော့
com.sysdeo.eclipse.tomcat_3.2.1 ဆိုတဲ့ ဟာကို Eclipse ရဲ့  PlugIn မှာ
Paste လုပ်ပေးရမယ်။
ပြီးရင် Eclipse ကို Run ကြည့် ရုပ်ဆိုးဆိုးနဲ့ ကြောင်ပုံ လေးပုံ ပေါ်နေရင် Ok ပဲ။
ကို

struts-2.0.14 ကို www.struts.apache.org ကနေ ယူကွာ။ မင်းရဲ့  အလုပ်က Server မှာ
ရှိချင်ရှိမယ် ထင်တယ်။

File>New>Project>java>TomCat Project တစ်ခုစယူကွာ… Ok မင်းစလုပ်လို့ရပြီ။

WEB-INF အောက်က lib အောက်ကို jar file 5 ခု import
လုပ်ကွာ။struts-2.0.14/libအောက်က common-logginf-1.0.4.jar
, freemarker-2.3.8.jar, ognl-2.6.11.jar,
strus2-codebehind-plugin-2.0.14.jar, struts2-core-2.0.14.jar,
xwork-2.0.7.jar တွေကို import လုပ်ကွာ။

WEB-INF အောက်မှာပဲ web.xml ကို create လုပ်ကွာ။

အောက်မှာရေးထားတဲ့ အတိုင်း…..

<?xml version=”1.0″?>

<!DOCTYPE web-app PUBLIC “-//Sun Microsystems, Inc.//DTD Web Application
2.3//EN”

http://java.sun.com/dtd/web-app_2_3.dtd“>

<web-app>

<display-name>Project Name</display-name>

<filter>

<filter-name>struts2</filter-name>

<filter-class>org.apache.struts2.dispatcher.FilterDispatcher</filter-class>

</filter>

<filter-mapping>

<filter-name>struts2</filter-name>

<url-pattern>/*</url-pattern>

</filter-mapping>

</web-app>

Project အောက်မှာ View Part အတွက် jsp တွေကို စပြီး create လုပ်ကွာ။
struts သဘောတရားအရ
input.jsp နဲ့ result.jsp နှစ်ခုကို create လုပ်ကွာ။

WEB-INF/src အောက်မှာ Package တစ်ခုလုပ်ပြီး Action java file ကို create
လုပ်ကွာ။

ပြီးရင် WEB-INF/src အောက်မှာ struts.xml ကို create လုပ်ကွာ။

အောက်မှာရေးထားသလိုပဲ။ မင်းရဲ့  project ကြီးရင်ကြီးသလောက် action တွေကို ဒီမှာ
လာရေးဖို့ မမေ့နဲ့ကွာ။

<?xml version=”1.0”?>

<!DOCTYPE struts PUBLIC

“-//Apache Software Foundation//DTD Struts Configuration 2.0//EN”

http://struts.apache.org/dtds/struts-2.0.dtd“>

<struts>

<package name=”ProjectName” namespace=”/” extends=”struts-default”>

<action name=”Action”>

<result name=”result”>/result.jsp</result>

<result name=”input”>/input.jsp</result>

</action>

</package>

</struts>

Ok! မင်း ခေါင်းမူးသွားပြီ မဟုတ်လား။ sample project တစ်ခုကို attach
လုပ်ပေးလိုက်မယ်။
ကူလိုက်ကွာ။

အားလုံးပြီးသွားရင် project ကို build လုပ်။

Project>Properties>TomCat>war export မှာ ကို

C:\Program Files\Apache Software Foundation\Tomcat
6.0\webapps\simpleHello.war ကိုရေးပေးကွာ။

အကြောင်းက project ကို web app server Tomcat မှာ deploy လုပ်တဲ့ သဘောပဲ။

Ok! မင်းစ Run ကြည့်လို့ ရပြီ။ Eclipse ကနေ TomCat ကြောင်ကို Run ကွာ။ Console မှာ
error တို့ Exception တို့ မရှိရင် ok! ရှိနေရင် Tomcat6.0/webapp အောက်က project
တစ်ခုခုမှာ error ရှိတာဖြစ်နိုင်တယ်။ ဖတ်ကြည့်ပေါ့ကွာ။ မင်းအဲလောက်မတုန်းပါဘူး။
😀

Error မရှိတော့ဘူးဆိုရင်တော့ browser ကနေ မင်းရဲ့  sampleproject ကို
browse  လုပ်ကြည့်ပေတော့။

မင်းက IQ မြင့်တော့ error တက်လည်းရှင်းနိုင်မှာပါ။

တစ်ခါတစ်လေ Tomcat server က already running ဆိုတဲ့ error တ်ရင်  Ctrl+Shift+Esc
နှိပ်ပြီး process မှာ javaw.exe ဆိုတာကို end လုပ်ပေးလိုက်ပြီး server ကို
ပြန်run ကြည့် ok!

Javaw.exe ဆိုတာကို သိချင်ရင် ဘော်ဒါကြီး(www.google.com)ကို မေးကြည့်။

Ok! ပြောတာလည်းများသွားပြီ။

မင်းသိတာရှိရင်လည်း ငါ့ကို ပြောပြဖို့ မမေ့နဲ့ကွာ။

ဘာပဲဖြစ်ဖြစ်ပါ။

မင်းကို ခင်တဲ့………

KG,

http://groups.google.com/group/a_lin_say_ta_mum?hl=en

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: