အပြုံးလက်ဆောင်


သူငယ်ချင်းရေ….

လူတစ်ယောက်ရဲ့ အပြုံးတစ်ခုဟာ လူတစ်ယောက်ကို ပြောင်းလဲသွားစေနိုင်တယ်တဲ့။ ဒီအဆိုကို သူငယ်ချင်းလက်ခံနိုင်ပါသလား။ လူတစ်ယောက်ရဲ့  အပြုံးဟာ အခြားလူတစ်ယောက်ကို ခွန်အားတွေဖြစ်တယ် ဆိုတာကို ရော လက်ခံနိုင်ပါသလား။

ငါ့အနေနဲ့တော့ တကယ့် အပြုံးမှ မဟုတ်ပါဘူး။ စာပေထဲက အပြုံး၊ သင်္ကေတထဲက အပြုံးတွေတောင်မှ လူတစ်ယောက်ရဲ့ စိတ်ကို ပြောင်းလဲ ခံစားစေနိုင်တယ်လို့ ထင်ပါတယ်။

အပြုံးကို အင်္ဂလိပ်လို SMILE လို့ ခေါ်ကြတယ်။ အဲဒီ SMILE ရဲ့  တစ်လုံးခြင်းစီရဲ့  အဓိပ္ပါယ်ကို သူငယ်ချင်းသိလား။ သိပြီးသားလည်း ဖြစ်ချင်ဖြစ်မယ်နော်။ ငါကတော့ သိတာ မကြာသေးဘူး။

မှတ်မှတ်ရရ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်ကပေါ့။ ငါ့ BCIS နောက်ဆုံးစာမေးပွဲဖြေခါနီး စိတ်ဖိစီးနေတဲ့ အချိန်မှာပေါ့။ ငါ့စီကို SMS တစ်ခု ၀င်လာတယ်။

း)

:):)

း)း)း)

း)း)း)း)

း)း)း)း)

း)း)း)း)

း)း)း)

း)း)

း)

24 Smiles for you, one for each hour

SMILE:

S=Sets u free,

M=Makes u special,

I=Increases ur face value,

L=Lifts up ur spirits,

E=Erases all ur tensions,

So please keep smiling, have a cute day!

တစ်နာရီ အတွက် အပြုံးတစ်ခုနဲ့ နှစ်ဆက်လေးနာရီအတွက် အပြုံး ၂၄ ခု ပို့ပေးလိုက်တယ်။ သူငယ်ချင်းရေ..အပေါ်မှာရေးထားသလိုပဲ SMILE ရဲ့  စာလုံးတစ်ခုခြင်းစီရဲ့  အဓိပ္ပါယ်ကို ငါ အရမ်းကို သဘောကျသွားတယ်။ စိတ်ထဲမှာလည်း ပျော်ရွှင်သွားတယ်။ စာမေးပွဲလည်းကောင်းကောင်းဖြေနိုင်ခဲ့တယ်။ ကျေးဇူးတင်ပါတယ။

တကယ့် အပြုံးမဟုတ်ပဲ စာသင်္ကေတအပြုံးလေးတွေကတောင် လူတစ်ယောက်ကို စိတ်ချမ်းသာစေ၊ ကြည်နူးစေတယ်ဆိုရင် တကယ့်အပြုံးဆိုရင် ဆိုဖွယ်ရာမရှိတော့ဘူးလို့ထင်ပါတယ်။ ဒါ့ကြောင့် သင်တို့ရဲ့  ချစ်ရသူတွေကို အပြုံးလက်ဆောင်ပေးကြရအောင်လား။ လက်ဆောင်အမျိုးမျိုးထဲမှာ အပြုံးလက်ဆောင်ဆိုတာ ငါအကြိုက်ဆုံးထဲက တစ်ခုပါပဲ။

အပြုံးလက်ဆောင်ဆိုတာ နေရာမရွေး၊ အချိန်မရွေးပေးလို့ရတဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုပါ။ ကိုယ်က လက်ခံရရှိခဲ့ရင်လည်း ချက်ခြင်းပြန်လည်ပြီး ကျေးဇူးတင်စွာနဲ့ အတုံ့အပြန်အနေနဲ့ ပေးနိုင်တဲ့ လက်ဆောင်တစ်ခုပါ။

Smile at each other, smile at your wife, smile at your husband, smile at your children, smile at each other – it doesn’t matter who it is – and that will help you to grow up in greater love for each other

Mother Teresa

“တစ်ယောက်ကို တစ်ယောက်ပြုံးပြပါ။ သင့်အမျိုးသမီးကို၊ သင့်ယောက်ျားကို၊ သင့်ကလေးတွေကို တစ်ယောက်ကို တစ်ယောက်ပြုံးပြပါ။ ဘယ်သူပဲဖြစ်ဖြစ်ကိစ္စမရှိပါဘူး။ အပြုံးဆိုတာက တစ်ယောက်ကို တစ်ယောက် ချစ်ခင်ကြင်နာမှုတွေကို တိုးပွားရှင်သန်လာစေနိုင်ပါတယ်။ ” လို့ မာသာထရီစာကပြောပါတယ်။

Love: The One Creative Force

Spread love everywhere you go: first of all in your own house. Give love to your children, to your wife or husband, to a next-door neighbor……Let no one ever leaving better and happier. Be the living expression of God’s kindness in your eyes, kindness in your smile, kindness in your warm greeting.

Mother Teresa

“အချစ်ဆိုတာ တီထွင်ဖန်းတီးမှုအားတစ်ခုပါ။ သင့်ရဲ့  အချစ်ကို နေရာတိုင်းမှာ ဖြန့်ကျက်ထားပါ။ ပထမဦးဆုံး ကတော့ သင့်ရဲ့ အိမ်မှာပေါ့။ သင့်ကလေးတွေကို အချစ်တွေပေးပါ၊ သင့် ဇနီး၊ သင့်အမျိုးသား၊ သင့် အိမ်နီးချင်း စသဖြင့်ပေါ့။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ပိုပြီးကောင်းမွန်မလာပဲ၊ ပိုပြီးပျော်ရွှင်မသွားပဲ ထွက်မသွားပါစေနဲ့။ သင့်ရဲ့  နှုတ်ခွန်းဆက်မှုတိုင်းမှာ ဘုရားသခင်ရဲ့  ကြင်နာတဲ့ မျက်ဝန်းတွေလို၊ ကြင်နာတဲ့အပြုံတွေလို နွေးထွေတဲ့ အပြုအမူတွေကို ဖော်ပြရင်း နေထိုင်ပါ။” လို့ မာသာထရီစာကပြောပါတယ်။

Smiling is the best thing to do in life, so please keep smiling and have smiles second, hour, day, month and year!

အပြုံးဆိုတာ ဘ၀မှာ အကောင်းဆုံး အပြုအမူတစ်ခုပါ။ ဒါ့ကြောင့်မင်းဆက်ပြီးတော့ ပြုံးနေပေးပါ။ ပြီးတော့ပြုံးပျော်ရွှင်တဲ့ မိနစ်တွေ၊ နာရီတွေ၊ ရက်တွေ၊ လတွေ၊ နှစ်တွေကို ပိုင်ဆိုင်နိုင်ပါစေ။

ကောင်းမြတ်ထွန်း

၂၀၀၉ အောက်တိုဘာလ ၁၃ ရက် ၂၃ နာရီ 57 မိနစ်

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

5 responses to “အပြုံးလက်ဆောင်

  • Paing Paing

    Ko kaung,

    Really nice one and I can’t believe that you do have that kind of feelings.
    However, wishing u good luck and I hope u can also keep smiling!!!!

    Say “CHEESE”

    Just for fun 😛
    Paing Paing

  • @Ries

    တကယ်ဗျ… ကိုယ့်ရဲ့အပြုံးတစ်ချက်ဖြစ်ဖြစ် သူ့ ရဲ့အပြုံးတစ်ခုဖြစ်ဖြစ် … အမြဲတန်းရရှိနေ ပေးနေနိုင်ရင် အ၇မ်းကောင်းပါတယ်.. ကို ကောင်းမြတ်ထွန်း ပြောတဲ့ အဆို ကိုလက်ခံတယ်..။ ကျွန်တော်ဆိုလည်း ဆောင်ပုဒ် တစ်ခုရှိတယ်လေ..

    Start your day with a coffee & smile ဆိုပြီးတော့ ပေါ့ ။

    ဆက်လက်ပြီး ပြုံးနိုင်ပျော်နိုင်ပါစေဗျာ..။ မထင်မှတ်ပဲ အလည်ရောက်လာတာပါ ။

  • may kyi paul

    haa haaa so obvious u r deep in love …….. cool…. i love it ….. try hard 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: