အမြင်ကောင်းမှ အကောင်းမြင်မည်


အမြင်ကောင်းမှ အကောင်းမြင်မည်

သူငယ်ချင်းရေ……

တစ်နေ့က ငါတို့နေ့လည်စာ ထမင်းစားရင်း သူငယ်ချင်းတစ်ယောက်ကပြောတယ်။ အလုပ်ထဲမှာ အမှားဖြစ်တာတွေကို ဘာလို့ အကောင်းမြင်ဝါဒနဲ့ ကြည့်မပေးနိုင်ရတာလဲတဲ့။ ဘာလို့ အပြစ်ကို ပြောပြီး ပြင်ခိုင်းတာတို့ဘာတို့ ပြောရတာလဲတဲ့။ သူငယ်ချင်းရော ဘယ်လိုထင်လဲ ဒီလို အလုပ်ကိစ္စတွေမှာ ဖြစ်တဲ့ အမှားတွေကို အကောင်းမြင်ပေးပြီး ဒီအတိုင်းပဲ နေလိုက်ရတာ ကောင်းပါ့မလား။ ဝေဖန်အကြံပေးတာမျိုးဆိုတာ မလုပ်ရတော့ဘူးလား။

သူငယ်ချင်းရေ..လောကကြီးမှာ ချီးမွမ်းခြင်းနဲ့ ကဲ့ရဲ့ ခြင်း မှာ လူတွေများသောအားဖြင့်က ချီးမွမ်းတာကိုပဲ ခံချင်ကြပြီး ကဲ့ရဲ့ တာကိုတော့ မခံနိုင်ကြဘူးနော်။ အကောင်းမြင်ခံလိုကြတယ်။ ဒါပေမယ့် အမြင်ကောင်းမှ အကောင်းမြင်နိုင်မှာပါ။ အကောင်းမြင်မှ ချီးမွမ်းခံရမှာပေါ့။ ဒါ့ကြောင့် အမြင်ကောင်းဖို့က ပထမ အကောင်းမြင်ဖို့က ဒုတိယ ဖြစ်ပြီး အမြင်ကောင်းအောင်က ကိုယ်ကိုတိုင်လုပ်ရပြီး အကောင်းမြင်တာကတော့ အခြားသူ အပိုင်းပေါ့။

သူငယ်ချင်းရေ…လူတွေမှာ အကောင်းမြင်သမားရော…အဆိုးမြင်သမားရော ရှိကြပါတယ်။ သူငယ်ချင်းလည်းကြုံဖူးမှာပါ။ တချို့ က သူတပါး အပြစ်တွေကိုပဲ ကြည့်ပြီး ကဲ့ရဲ့  ခြင်းနဲ့ပဲ အချိန်ကုန်တတ်ကြပါတယ်။ မြတ်စွာဘုရားရဲ့  အဆိုအမိန့်အရ “သူတပါးအပြစ်ကိုသာ ရှုလေ့ရှိသော၊ အမြဲကဲ့ရဲ့ လေ့ရှိသောသူအား အကုသိုလ်တရားတွေသာ တိုးပွား၏” လို့ဆိုပါတယ်။

သူငယ်ချင်းရေ…အချို့ လူတွေကတော့ ဖြစ်ပျက်လာတဲ့ အကြောင်းတွေအားလုံးကို ရှာကြံပြီး အကောင်းမြင်တတ်ကြတယ်။ ဘယ်လိုအကြောင်းနဲ့ပဲ ကြုံရကြုံရ အကောင်းမြင်ရှုထောင့်ကပဲ ရှုတတ်ကြတယ်။ အကောင်းမြင်တတ်ကြတယ်။ အကောင်းမြင်ဝါဒဆိုတာ သဘောထားကြီးနိုင်မှဖြစ်နိုင်ပါတယ်။ အကောင်းမြင်လေ့ရှိသူတိုင်း စိတ်ထားသဘောထားကြီးကြပါတယ်။

သူငယ်ချင်းရေ….ဘယ်လိုအကြောင်းကိစ္စမဆို ယူတတ်လျှင်ရသည်၊ နေတတ်လျှင်မြတ်သည်ဆိုသော သဘောကို ဆိုလိုတာပါ။

ရေတစ်ဝက်ရှိသော ပုလင်းဥပမာကို သူငယ်ချင်းကြားဖူးပြီးသားဖြစ်မှာပါ။

အဆိုးမြင်သမားက “ရေက တစ်ဝက်ပဲ ရှိတော့တယ်”လို့မြင်မယ်

အကောင်းမြင်သမားက “ရေက တစ်ဝက်ကြီးများတောင် ရှိသေးတယ်” လို့မြင်မယ်

ယထာဘူတ ဒဿနသမားက “ရေတစ်ဝက်ရှိတယ်” လို့ အရှိကို အရှိအတိုင်းမြင်တယ်

ကိုယ့်တစ်ဦးတည်း ပုဂ္ဂလိက အတွက်ဆိုရင်တော့ အကောင်းမြင်ဝါဒရှိတာ ကောင်းပါတယ်။ ဒါပေမယ့် အများအတွက်ဆိုရင်တော့ အရှိကို အရှိအတိုင်းမြင်တတ်တဲ့ ယထာဘူတဒဿနကပိုပြီးတော့ အသုံးတည့်ပါတယ်၊ ပိုပြီး အကျိုးရှိစေပါတယ်။

၁၉၄၉ ခုနှစ်ထုတ် ရှုမ၀မဂ္ဂဇင်းတွင် ဆရာကြီးရွှေဥဒေါင်းရေးထားတဲ့“ရှုထောင့်မှန်မှ အမြင်မှန်နိုင်မည်” ဆောင်းပါးတွင် အမြင်သည် ရှုထောင့်ပေါ်တွင်တည်ကြောင်း၊ သူ့ရှုထောင့်နှင့်သူ၊ ကိုယ့်ရှုထောင့်နှင့်ကို ရှိကြရာ ရှုထောင့်စုံဖို့လိုကြောင်း၊ ငါကောင်းစားဖို့ဟူသော ရှုထောင့်မှကြည့်လျှင် ရှုထောင့်မှားဟုဆိုရကြောင်း၊ ဗုဒ္ဓဟောကြားသော သမ္မာဒိဠိရှုထောင့်သည်သာ ရှုထောင့်မှန်ဖြစ်ကြောင်း၊ အမြင်မှန်ဖို့ထက် ရှုထောင့်မှန်ဖို့ ပိုပြီး အရေးကြီးကြောင်းဆိုခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ အမြင်ကောင်းဖို့လိုသလို အကောင်းမြင်ဖို့လည်း လိုပါတယ်။ သူ့ဖို့ကိုယ့်ဖို့မျှပြီး မြင်ခြင်းဆိုတဲ့ အမြင်နဲ့ လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် အမြင်လည်းကောင်း၊ အကောင်းလည်းမြင်ပါလိမ့်မယ်။

ဘယ်အရာမဆို ချစ်သောမျက်စိနဲ့ကြည့်ရင် အကောင်းကြီးပါပဲ။ ဒါပေမယ့် အများနဲ့သက်ဆိုင်တဲ့ အလုပ်ဆိုတဲ့ အခါမှာတော့ ပုဂ္ဂလိက ချစ်ခြင်းမျက်စိနဲ့ပဲ ကြည့်လို့မရတော့ပါဘူး။ အရှိကို အရှိအတိုင်းကြည့်တတ် မြင်တတ်ပြောတတ်မှသာ အလုပ်ဖြစ်ပါမယ်။

အလုပ်လုပ်တယ်ဆိုတာဟာ ကိုယ့်တစ်ဦးတည်း ပုဂ္ဂလိက လုပ်တာမဟုတ်ပါဘူး။ ကိုယ့်ရဲ့  လုပ်ဆောင်လိုက်တဲ့ အလုပ်ရလဒ်ဟာ ကိုယ်ကတော့ အကောင်းမွန်ဆုံးလုပ်ဆောင်ထားတယ်ဆိုပေမယ့် အများက သက်မှတ်ထားတဲ့ စံနှုန်းထားတွေနဲ့ မကိုက်ညီဘူးဆိုရင် ဒါဟာ အမြင်မကောင်းတော့ပါဘူး။ ဒါဆိုရင်တော့ အများနဲ့လုပ်တဲ့ အလုပ်ဖြစ်တာမို့လို အကောင်းမြင်ပေးလို့ ရနိုင်တော့မှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုရင် အလုပ်ဖြစ်နေတဲ့ အတွက်ကြောင့်ပါ။ အရှိကို အရှိအတိုင်းမြင်ပြီး အမှားကို ပြုပြင်ပေးရပါတယ်။ ရှုထောင့်မှန်ကနေကြည့်ပြီးတော့ ဝေဖန်အကြံပေးရပါတယ်။ ဒီနေရာမှာ အမှားကို အကြောင်းပြပြီး အပြစ်တင်တာမဟုတ်ပဲ အမှားကဘယ်ဟာဆိုတာကို ထောက်ပြလမ်းညွှန်ပေးပြီး ဒီအမှားကို ဘယ်လိုပြင်မယ်ဆိုတာကို အကြံပေးဝေဖန်တာကို ဆိုလိုတာပါ။

အလုပ်လုပ်ကြပြီ ဆိုရင် တစ်ဦးတစ်ယောက်ချင်းလုပ်ရတယ်ဆိုတာ ရှားပါတယ်။ အသင်းအဖွဲ့ တွေနဲ့ လုပ်ကြတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦး အမှားတွေကို အပြစ်တင်ပြောဆိုနေတာမျိုးမဟုတ်ပဲ ဝေဖန်အကြံပေးတိုင်ပင်ဆွေးနွေးတဲ့ နည်းမျိုးတွေကို အသုံးချသင့်ပါတယ်။ ဘာလို့လဲဆိုရင် အပြစ်တင်ပြောဆိုတယ်ဆိုတာ အကုသိုလ်အလုပ်တစ်ခုပါ။

ဒါ့ကြောင့်အလင်းစေတမန်မှ သူငယ်ချင်းတို့ အမြင်လည်းကောင်းကြပါစေ၊ အကောင်းလည်းမြင်ကြပါစေ။

ကောင်းမြတ်ထွန်း

(Weekly Eleven News Journal 7-102009 အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)ရေးသားသော အမြင်လည်းကောင်းစေ၊ အကောင်းလည်းမြင်စေ ဆောင်းပါးမှ ကောက်နှုတ်ရေးသားသည်။)

၂၀၀၉ အောက်တိုဘာလ ၁၃ ရက် ၂၁ နာရီ ၅၀ မိနစ်

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: