ကျွန်တော်နှင့် ဘားကမ့်ရန်ကုန်(BarCampYangon)


ကျွန်တော်နှင့် ဘားကမ့်ရန်ကုန်(BarCampYangon)

ကျွန်တော် ဘားကမ့်ရန်ကုန်(BarCampYangon)ကို သွားခဲ့ပါတယ်။ ၂၀၁၀နှစ်ရဲ့  ပထမဆုံးလ ၂၃ ရက်နေ့ကပါ။ မနက်ပိုင်း အမျိုးသားအားကစားခန်းမမှာ သူငယ်ချင်းတွေနဲ့ အတူတူ စားပွဲတင် တန်းနစ်(စ်) ကစားပြီးတော့ ဘားကမ့်ကို မနက် ၉နာရီမှာ စမယ်လို့ ကြေငြာထားပေမယ့်၊ ကျွန်တော်တို့ရောက်တော့ မနက် ၁၁ နာရီလောက်ရှိသွားပါပြီ။ လူတွေက အများကြီးပဲ ဘားကမ့်ကပေးတဲ့ အင်္ကျီတွေကို ၀တ်ထားကြတယ်။ အများစုက လူငယ်တွေပါ။ လူပေါင်း ၁၀၀၀ ကျော်လောက်ရှိမယ် ထင်ပါတယ်။

ကျွန်တော်တို့ ရောက်သွားတော့ ခဏနားတဲ့ အချိန်ရောက်သွားပါပြီတဲ့။ အင်္ကျီတွေလည်း ကုန်သွားပြီ။ နေ့လယ် ၁ နာရီမှ ပြန်စမယ်ဆိုလို့ သူငယ်ချင်း တစ်ယောက်ရုံးခန်းမှာ အင်တာနက်သွားသုံးရင် အချိန်ခဏဖြုန်းလိုက်ပါတယ်။ ပြီးတော့ နေ့လည်စာသွားစားကြတယ်။ ၁ နာရီထိုးတော့ အရောက်ပြန်လာပြီး I Love U Linux အကြောင်းပြောတာကို ၀င်ပြီး နားထောင်တယ်။ လူတွေမှ အများကြီးပဲ။ ခန်းလုံးပြည့်လျှံ နေတာပဲ။ ရပ်ပြီးနားထောင်တဲ့ သူတွေတော်ရှိတယ်။ Ubuntu အကြောင်းတွေပြောတယ်။ သူ့ရဲ့  အားသာချက်တွေပြောပြတယ်။ လူငယ်ဆန်ဆန် တင်ပြမှုနဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေကို တွေ့ခဲ့ ရတယ်။နောက်နေ့ကြရင် Ubuntu အခွေတွေ ဝေပေးမယ်ဆိုပဲ။

ပြီးတော့ Emergency Network အကြောင်းပြောတဲ့ အခန်းစီကို ပြေးသွားတယ်။ အလောတကြီးနဲ့ ၀င်ဖို့လုပ်လိုက်တာ အရှေ့ က ပြောတဲ့ သူက မပြီးသေးဘူးဆိုလို့ ပြန်ထွက်ပြီး ပြီးမှ ပြန်ဝင်တယ်။ နေရာကောင်းလေးကို လုဝင်ပြီး ထိုင်လိုက်တယ်။ သူငယ်ချင်းအားလုံးလဲ နေရာရတယ်။ အဆင်ပြေသွားတယ်။ ပြောတဲ့ သူက နိုင်ငံခြားသား၊ မြန်မာလို မတတ်တော့လည်း သူ့ခမြာ ဗိုလ်လို ပြောရရှာတယ်။ အားလုံးကတော့ နားလည်ပေးကြပါတယ်။ သူပြောပုံလည်းပဲ ကောင်းပါတယ်။ ပြီးတော့ Egress က IT Head ကို လည်း ၀င်ပြောခိုင်းပြီး Demo လုပ်ပြပါတယ်။ အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူတို့ပြောတဲ့ ဆိုက် wndw.net/ ကို ၀င်ပြီး နည်းလမ်းလေးတွေကြည့်ပြီး Emergency Network တစ်ခုတော့ လုပ်ကြည့်ဦးမယ်။

အခန်းထဲမှာ ထိုင်ရတာလည်း အဆင်ပြေ နောက်ဆက်ပြောမယ့် သူက ထူးတေဇာ၊ iPhone Application တစ်ခုဘယ်လို လုပ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုတော့ အေးဆေးပဲ ဆက်ထိုင်နေလိုက်တယ်။ Apple အကြောင်းပြောတာ နားထောင်တော့ MacBook နဲ့ iPhone လိုချင်လာတယ်။ အော် လောဘလောဘ လိုချင်စိတ်တွေများရင်မကောင်းမှန်းသိတော့လည်း စိတ်လျော့ထားလိုက်ပါတယ်။ ၀ယ်မှ မ၀ယ်နိုင်တာကိုး။

ဒီလိုနဲ့ပဲ ပထမနေ့ ဘားကမ့်ပြီးသွားတယ်။ အိမ်ပြန် အိပ်ပါတယ်ပေါ့။ အဲ မအိပ်ခင် ဘားကမ့်ကရခဲ့တဲ့ အခွေဖွင့်ကြည့်ဖြစ်တယ်။ စိတ်ဝင်စားဖို့ကောင်းတယ်။ CCTV တစ်ခုတပ်ဆင်ပုံ၊ Gooling မှာ ဘယ်လိုရှာမယ်၊ Jommla အကြောင်း၊ WordPress အကြောင်း၊ ScreenShot ရိုက်ထားတာတွေကြည့်ဖြစ်တယ်။ ကောင်းမှကောင်းပေါ့။

ဒုတိယနေ့(၂၄ရက် ၂၀၁၀ ပထမလ)ဘားကမ့်ကို တော့ စောစောသွားမယ်ဆိုပြီး စားပွဲတင် တန်းနစ်(စ်) ကစားတာကို စောစောရပ်ပြီး ၉နာရီအရောက်သွားခဲ့ပါတယ်။ ပထမနေ့က အင်္ကျီမရလို့ ဒုတိယနေ့ကြရင် ရမယ်လို့ ပြောတဲ့ BarCamp Volunteer သူငယ်ချင်းတစ်ယောက်ကို ယုံမိလိုက်တာ မရပါဘူး။ ဆာဗေးပုံစံတောင်ကုန်သွားလို့ ခဏစောင့်ပါတဲ့။ အဲဒီလောက်ပစ္စည်းတွေတောင် ပျက်အောင် အောင်မြင်တဲ့ ဘားကမ့်ပါ။ လာပြီး အားပေးတဲ့ သူတွေကလည်း အများကြီးကိုး။ ဘာပဲဖြစ်ဖြစ်ပါ လက်ဆောင်တွေက အရေးမကြီးပါဘူး။ ပညာရှာမှီးဖို့ကသာပါ။ Conferrence Hall ထဲမှာ ကိုညီလင်းဆက်က စကားတွေပြောပြီးသွားတော့ All about Java ဆိုတဲ့ အခန်းထဲကို ၀င်ခဲ့ပါတယ်။ ကျွန်တော် အရမ်းချစ်တဲ့ Java ကို ဘာတွေပြောနေမှန်း မသိ၊ စိတ်ဝင်စားဖို့ မကောင်းတာနဲ့ ပျင်းပျင်းရှိတာနဲ့ပဲ ထိုင်ပြီး Internet သုံးနေပါတယ်။ ဒါပြီးရင်တော့ lollipop ကျွေးပြီး နားထောင်ခိုင်းတဲ့ အရောင်တွေအကြောင်းကိုလည်း ဒီအခန်းထဲမှာပဲ နားထောင်ရမှာဆိုတော့။ သည်းခံသည်းခံဆိုပြီး ဆက်ထိုင်နေပါတယ်။

ဒီလိုနဲ့ပဲ lollipop ကျွေးမယ့်သူကြီးရောက်လာပါတယ်။ ဟုတ်ပါဘူး။ Coloring အကြောင်းပြောမယ့် နန်းညီဝင်လာပါတယ်။ အရောင်တွေရဲ့  ထူးခြားချက်တွေနဲ့ အရောင်တွေရဲ့  အကြောင်းတွေကို ပြောသွားတာ အရမ်းကို ကောင်းပါတယ်။ စိတ်ဝင်စားဖို့လည်းကောင်းတယ်။ အရောင်တွေနဲ့ ပတ်သက်ပြီးတောင် ဆက်ပြီး လေ့လာချင်သေးတယ်။ ဒီလိုနဲ့ ပဲ ပြီးခါနီးတော့ lollipop စားရပြီးမှတ်တာ။ မေးခွန်းမေးတဲ့သူကို ပဲ ပေးမတဲ့ ဖြစ်သွားတယ်။ မျှော်လင့်ချက်ကြီးပျက်သွားတာပဲ။ တော်ပါပြီ စိတ်လျော့လိုက်တယ်။ ဘာမေးရမှန်းလည်း သိမှ မသိပဲကိုး။ဗိုက်ဆာလာပြီဆိုတော့ သူငယ်ချင်းတွေနဲ့ နေ့လည်စာကို မင်းလမ်းဆိုင်မှာ သွားစားတယ်။ အတော်စားလို့ကောင်းတာပဲ။

ထမင်းစားပြီးပြန်လာတော့ How to build Open Source Community အကြောင်းကို သွားနားထောင်တယ်။ ထုံးစံအတိုင်း ကောင်းကြောင်တွေပြောကြတာပါပဲ။ နည်းနည်းတောင် ပျင်းလာတယ်။ ဒီလိုနဲ့ပဲ ပြီးသွားတယ်။ သူငယ်ချင်းတွေနဲ့ အအေးသွားသောက်ပြီး ရောက်တတ်ရာရာပြောကြတာတွေ နားထောင်ဖြစ်တယ်။ ညနေကြရင် ရုံးက အစ်ကိုတစ်ယောက်မင်္ဂလာဆောင်သွားရမှာဆိုတော့ ပြန်ဖို့စဉ်းစားပြီး ပင်ပန်းတာနဲ့ ခဏလောက်နားချင်လာတော့ Volunteer ညီမလေးက ညွှန်းလို့ AirCon အေးတဲ့ အခန်းထဲကို ၀င်လိုက်တာ Aneme အကြောင်းပြောတာနဲ့ ကြုံတော့ စိတ်ဝင်စားသွားတယ်။ Aneme 2D လုပ်ထားတာလေးတွေကို ပြပြီး ဆွေးနွေးကြတယ်ပေါ့။ အတော်လေးကို ကြိုးစားလုပ်ထားတာကို တွေ့ရတယ်။

ဘားကမ့်က ညနေ၅နာရီ ပိတ်ပွဲလုပ်မယ်ဆိုပြီး ၄နာရီစလုပ်မယ်ဖြစ်သွားတယ်။ ဒါပေမယ့် လည်း ပိတ်ပွဲပြီးတဲ့ အထိ စောင့်နေချင်ပေမယ့် စောစောပဲ အိမ်ပြန်လာခဲ့လိုက်တယ်။ ကံစမ်းမဲလဲ ပေါက်ချင်ပေမယ့်လည်းပေါ့ဗျာ။ ဘယ်တတ်နိုင်မလဲ ကံပဲပေါ့။ ဘာပဲပြောပြော ဘားကမ့်ရန်ကုန်ကတော့ အောင်အောင်မြင်မြင်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ် လို့ ပြောရမှာပါပဲ။ တတ်ရောက်အားပေးသူပေါင်း ၂၇၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

နောက်တစ်ခါ ဘားကမ့်ကြရင်တော့ ကျွန်တော်ကိုယ်တိုင် ၀င်ပြောတဲ့သူဖြစ်အောင်ကြိုးစားကြည့်ဦးမယ်။ ဘားကမ့်ဖြစ်မြောက်အောင်လုပ်ပေးကြတဲ့သူတွေ(ဘားကမ့်သူ၊ ဘားကမ့်သားတွေ)ကို ကျေးဇူးတင်စွာဖြင့် ရေးသားဂုဏ်ပြုပါတယ်။

ရေးသားသူ။            ။ကောင်းမြတ်ထွန်း

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

4 responses to “ကျွန်တော်နှင့် ဘားကမ့်ရန်ကုန်(BarCampYangon)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: