ကျွန်တော်နှင့် ငပလီကပင်လယ်


ကျွန်တော်နှင့် ငပလီကပင်လယ်
၂၀၁၀ ရဲ့  ဒုတိယလမှာ ကျွန်တော် ငပလီကို သွားခဲ့တယ်။ မြန်မာနိုင်ငံကပင်လယ်ကမ်းခြေ တစ်ခုကို အပန်းဖြေခရီးသွားတာ ဒီတစ်ခေါက်နဲ့ဆိုရင် ဒုတိယအကြိမ်ပေါ့။ မနှစ်ကတော့ ငွေဆောင်ကမ်းခြေကို ရောက်ခဲ့တယ်။ကျွန်တော်ငယ်ငယ်က နေခဲ့ဖူးတဲ့ စစ်တွေမြို့ ကြီးရှိတဲ့ ရခိုင်ပြည်နယ်ထဲမှာရှိတာဆိုတော့ မသွားခင်ကတည်းက စိတ်လှုပ်ရှားနေမိတယ်။ တစ်နှစ်ပတ်လုံးကွန်ပြူတာရှေ့ မှာပဲ ကုန်ဆုံးနေတတ်တဲ့ ကျွန်တော့အတွက်တော့ တကယ့်ကိုပဲ အနားယူလို့ ရတော့မှာပါ။

ဖေဖော်ဝါရီ ၄ ရက်နေ့ မနက်စောစောထ လေဆိပ်ကို သွားတယ်။ ရန်ကုန်လေဆိပ်ကိုမသွားဖြစ်တာ ၅ နှစ်တောင်ရှိပြီ။ လေယာဉ်ကြီးက အချိန်မှန်ပဲ စထွက်ပါတယ်။

YAI လေယာဉ်ကြီးဆီကို ကားကြီးနဲ့ သွားပြီး လေယာဉ်ပေါ်ကိုတက်တော့ လေယာဉ်မယ်မမက မင်္ဂလာပါတဲ့။ မင်္ဂလာပါပေါ့။ ခုံနံပတ်က B7 ဆိုတော့ အလယ်ခေါင် တည့်တည့်အင်ဂျင်ကြီးနားမှာ။ နားတော့ငြီးပြီ။ လေယာဉ်စထွက်တော့ လေအေးစက်ကလေကသိပ်မထွက်၊ လေယာဉ်ကြီးကအလုံပိတ်နဲ့ အသက်ရှုတွေ ကျပ်လာတယ်။ အော်လေယာဉ်တံခါးဖွင့်ပြီး စီးလို့ရရင် ကောင်းမှာပဲလို့ တွေးမိတယ်။ ကောင်းကင်ကြီးကသဘာဝလေတွေကို ရှုရှိုက်ရင်း လေယာဉ်စီးလို့ရရင်ပေါ့။ဒီလိုနဲ့ပဲ လေယာဉ်ပေါ်က စာအုပ်တစ်အုပ်ကို ယပ်တောင်အဖြစ် အသုံးချပြီးကိုယ်ပိုင် လေအေးစက်ကို ဖန်တီးပြီးနေလိုက်ပါတယ်။ ခဏနေတော့ လေယာဉ်ပေါ်က
ကျွေးတဲ့ မုန့်နဲ့ ကော်ဖီသောက်ပြီး ကော်ဖီနှစ်ခွက်လည်းသောက်လို့ ပြီးရောပင်လယ်ကြီးကို စပြီး မြင်ရတော့တာပါပဲ။

လှလိုက်တာ ပြာလဲ့လဲ့ ပင်လယ်ကြီးကအနားသက်ကမ်းစပ်မှာက အဖြူရောင် သဲပြင်ကြီးနဲ့ အစိမ်းရောင်တောင်တန်းတွေက ၀န်းရံထားတယ်။ ကောင်းကင်ပေါ်ကနေကြည့်တော့ လှုပ်ရှားမှု မရှိတဲ့ ပင်လယ်ကြီးလိုပဲမြင်နေရတယ်။ အော်ပင်လယ်ပြင်ကြီးက ငြိမ်သက်လို့ပါလား။ တည်ငြိမ်လိုက်တာ။
သာယာလိုက်တာ။ ကျွန်းတစ်ကျွန်းကို မြင်ရတယ်၊ ဒီကျွန်းကြီးပဲဖြစ်မယ်ကျွန်တော့် MD ပြောတဲ့ ကျွန်းကြီး။ ဒီလိုနဲ့ပဲ သံတွဲလေဆိပ်ကို ဆင်းဖို့
ခါးပတ်ပတ်ခိုင်းပါတော့တယ်။ ပင်လယ်ကြီးကိုမြင်ရတော့ ကဗျာတစ်ပုဒ်ဖြစ်သွားတယ်။

ပင်လယ်
တည်ငြိမ် အေးချမ်းမှု အပြည့်နဲ့
ပင်လယ်
လေးနက်တည်ကြည်စွာနဲ့ပေါ့
ငါ ဟိုးအဝေးကောင်းကင်ထက်ကနေ
ကြည့်ပြီး နီးစပ်ချင်လာတယ်
ငါလာပြီ ပင်လယ်ရေ………………………..

လေဆိပ်ကို ဆင်းတော့ လေဆိပ်က ပင်လယ်ကမ်းဆပ်မှာရှိတော့ ဆင်းသွားတဲ့ ပုံစံကတကယ်ကိုပဲ စိတ်လှုပ်ရှားစရာပါပဲ။ ပင်လယ်ရေပြင်ထဲကို စိုက်ဆင်းသွားသလိုနဲ့
မြေပြင်ပေါ်ကို ရောက်သွားတဲ့ ပုံစံက မျက်စိထဲက မထွက်နိုင်အောင်ပါပဲ။လေယာဉ်ပေါ်ကဆင်းတော့ လေဆိပ်အဆောက်အဦးအထိ လမ်းလျှောက်ဝင်ခဲ့ရတယ်။
အေးမြတဲ့ပင်လယ်ရဲ့  အရသာကို စတင်ခံစားရတာပါပဲ။ လတ်ဆက်တဲ့လေကိုရှုရှိုက်လိုက်ရတဲ့ ခံစားချက်က ရန်ကုန်မှာ ဘယ်လိုမှ မရနိုင်တဲ့ခံစားချက်ပါပဲ။ သန့်ရှင်းတဲ့ လေကို ရှုရင် ဟိုတယ်က လာကြိုတဲ့ ကားနဲ့ Amazing Hotel ကို သွားခဲ့ပါတယ်။၅မိနစ်တောင်မကြာပဲ ဟိုတယ်ကို ရောက်တယ်။ ကြိုနေကြတဲ့
ဝန်ထမ်းမမတစ်ယောက်တိုက်တဲ့ အုန်းရည်အေးအေးလေးကိုသောက် အခန်းသော့ယူပြီးအခန်းစီကို ထွက်ခဲ့ပါတယ်။ ပြီးတော့ ဗိုက်ဆာလာတာနဲ့ နေ့လယ်စာ စားဖို့
ဟိုတယ်ဘေးက မွန်မလေး စားသောက်ဆိုင်ကို လမ်းလျှောက်သွားခဲ့ပါတယ်။ငပလီချက်ထမင်းဟင်းကို စားချင်ပေမယ့် ကြိုတင်မှာရတယ် ဆိုပဲ။ ဒါနဲ့ပဲ
ပင်လယ်စာ ထမင်းပေါင်းကို တစ်ပွဲ ၂၀၀၀ ပေးပြီး စားခဲ့တယ်။

စားသောက်ပြီးတော့ မနက်ဖြန် သံတွဲမြို့ နဲ့ ဘုရားသွားဖို့ရယ်၊ ပင်လယ်ထဲထွက်ပြီး ရေငုပ်၊ ဖို့ လှေငှားဖို့ရယ် စီစဉ်ရတယ်။ သံတွဲနဲ့ဘုရားတွေဖူးဖို့ကတော့ ဆိုင်ကယ် အငှားယာဉ်ကို ကြိုတင်ဘိုကင်လုပ်ခဲ့တယ်။၁၀၀၀၀ နဲ့ ဈေးဆစ်ခဲ့တာပေါ့။ ပင်လယ်ထဲ ထွက်ဖို့ကတော့ ဟိုတယ်က စီစဉ်ပေးတဲ့လှေကိုပဲ ငှားဖြစ်တယ်။ ၃၅၀၀၀လို့ ပြောတော့ ၃၀၀၀၀ ရရင်သွားမယ်လို့ပြောပြီးအခန်းကို ဖုန်းပြန်ဆက်ပေးပါပြောခဲ့တယ်။ဒါနဲပဲ အခန်းပြန်ခဏနားနေတုန်း ဖုန်းဝင်လာတယ်။ ၃၀၀၀၀ နဲ့ ရတယ်တဲ့။
အိုကေပေါ့။ ညနေ၃နာရီခွဲတော့ ပင်လယ်ထဲကို ဆင်းဖြစ်တယ်။ ပင်လယ်ထဲမှာရပ်ထားတဲ့ လှေပေါ်ကိုလည်း တက်ခဲ့တယ်။ ပင်လယ်ထဲက
ကျောက်ဆောင်ကြီးတစ်ခုစီကိုလည်း အရောက်ကူးသွားခဲ့တယ်။ကျောက်ဆောင်ကြီးပေါ်ကို တက်ကြည့်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ဂဏန်းတွေရှိနေလို့
မတက်ရဲဘဲ ကမ်းခြေကို ကူးသွားခဲ့တယ်။ ဟိုတယ်က ရေကူးကန်မှာ ရေခဏဆင်းကူးပြီးမေးကြည့်လိုက်တော့ ၅နာရီခွဲနေပြီဆိုပဲ။

ညနေစာက ဘူဖေးလ် ဆိုတော့ အ၀အပြဲကို စားလိုက်တယ်။ စားလို့လည်းကောင်းမှကောင်း။ လိမ္မော်ရည် အ၀သောက်ပြီး သီချင်းဆိုတာတွေကို နားထောင်ကြည့်နေခဲ့သေးတယ်။ ဒါပေမယ့် သီချင်းကဘယ်မှာနားထောင်နားထောင်ရတာပဲလေ။ ပင်လယ်ကြီးရေ ငါလာပြီ၊ ဆိုပြီးပက်လက်ထိုင်ခုံကို ထမ်းပြီး ပင်လယ်ကမ်းစပ်ကို လျှောက်လာခဲ့တယ်။ အော်ပင်လယ်ကြီးက ငါ့ကို ဆွဲဆောင်နိုင်တယ်နော်။

ထိုင်ခုံပေါ်မှာ ထိုင်ပြီး အပေါ်ကို မော့်ကြည့်လိုက်တော့ ၀ါး…..လှလိုက်တဲ့ ကြယ်တွေပါလား ကြည်လင်ကျယ်ပြန့် နေတဲ့ ကောင်းကင်မှာကြယ်တွေလင်းလက်နေတာ ပင်လယ်ကြီးက လှိုင်းပုတ်သံတွေပေးပြီး တီးခက်နေတာ၊ငြိမ်သက်မှုမရှိတဲ့ ပင်လယ်ပြင်ကြီးနဲ့ ငြိမ်သက်နေတဲ့ ကောင်းကင်ကြီးဆန့်ကျင်ဖက်နှစ်ခုကို သုံးသပ်နေမိတယ်။ အော် ကောင်းကင်ကြီးကတည်ငြိမ်နေပေမယ့် ပင်လယ်ကြီးက မတည်ငြိမ်ပါလား။အဲဒီအချိန်မှာ ဘယ်ကနေကြလာမှန်းမသိ၊ နတ်သမီးလေးတစ်ပါး အခြံအရံတွေနဲ့
ကျွန်တော့ ဘေးကိုခြံရံလာတယ်။ အော် နတ်သမီးလေး တောင်မနေနိုင်ဆင်းလာပါပကော။ နတ်သမီးလေးလာတော့ ကျွန်တော့ သုံးသပ်ချက်တွေ
ဇောက်ထိုးဖြစ်သွားတယ်။ အဲဒီအချိန်မှာ ၀ုန်းဆိုတဲ့ လှိုင်းပုတ်ချက်နဲ့မျက်စိဖွင့်ကြည့်လိုက်တော့ အော် အိပ်မက်တစ်ခု လိုပါပဲလား။ အော် ပင်လယ်မှာ အိပ်မက်လည်း မက်တတ်သကိုး။

ဒီလိုနဲ့ပဲ အိပ်ရာဝင်တော့ ည ၁ နာရီလောက်ရှိနေပြီ။ ဒီလိုနဲ့ပဲမိုးလင်းတော့ မနက်စာ ဘူဖေးလ်စား ပြီး ကမ်းခြေကို ဆင်းပြီး စောင့်နေတဲ့လှေပေါ်ကို တက်ခဲ့ပါတယ်။ လှိုင်းတွေကြား ပင်လယ်ထဲမှာ စက်လှေစီးရတဲ့ခံစားချက်က အတော်လေးကို ကောင်းပါတယ်။ ဂျပန်က အဲနိုရှိမားမှာ လှေစီးပြီးပင်လယ်ထဲကို လှည့်ပတ်ကြည့်ခဲ့ရတာတွေကို ပြန်ပြီး သတိရမိတယ်။ကျောက်ဆောင်တွေက ဂျပန်ကမ်းရိုးတန်းလောက်မများပေမယ့် တကယ်ကို လှပါတယ်။ပင်လယ်ထဲမှာ ရေငုပ်ပြီး ရေအောက်က အလှအပတွေကို ခံစားကြည့်ပေမယ့် မျက်လုံးကသိပ်မကောင်းတော့ သဲသဲကွဲကွဲ မမြင်ရဘူး။ စိတ်မကောင်းစရာပါပဲ။ကွန်ပြူတာသုံးတဲ့ အကျိုးတွေထင်ပါရဲ့ ။ အော် ပင်လယ်ကြီးက လွမ်းဆွတ်မှုကို ဖြစ်စေတာပဲ။

အပြန်လမ်းက အတော်ဝေးတယ်ထင်ရတယ်။ သဘာဝရဲ့  ခေါ်ယူသံတွေကိုအောင့်အီးသည်းခံရင်း ဟော်တယ်ကို ရောက်တော့ အပြေးပဲ အိမ်သာကို ပြေးပြီး
သဘာဝခေါ်သံကိစ္စကို ဖြေရှင်း လိုက်နိုင်လိုက်ပါတယ်။ ဟဲဟဲ တကယ့်ကိုမှတ်မှတ်ရရပါပဲ။ မူးဝေေ၀ဖြစ်နေတာ လှိုင်းမူးတာပဲနေမယ်။ အော် ပင်လယ်က မူးဝေစေတာပါလား။

နေ့လယ်စာ ဘူဖေးလ်စားပြီးတော့ ၂ နာရီ ချိန်းထားတဲ့ ဆိုင်ကယ်အငှားယာဉ်ရောက်လာတယ်။ အေးဆေးပဲ စီးပြီး သံတွဲမြို့ ဈေးကို ရောက်တော့
ပင်ပန်းတာနဲ့ လက်ဖက်ရည်ဆိုင်ရှာပြီး Lemon Tea သောက်ပြီး အနားယူပြီးတော့နံ့တော်ဘုရားကို သွားတယ်။ တောင်ပေါ်ကို လမ်းလျှောက်တက်တာ မောပေမယ့်
တောင်ပေါ်ကနေ မြင်ရတဲ့ ရှုခင်းကတော့ ဘာနဲ့ မှ မလဲနိုင်တဲ့ ရှုခင်းပါပဲ။ပင်လယ်ထဲကို စီးဝင်တော့မယ့် မြစ်တစ်စင်းရဲ့  ကွေ့ကောက်ကောက်နဲ့ အလှက
ရင်သက်ရှုမောဖွယ်ရာပါ။ မြစ်ဆိုတာ ကွေ့ ကောက်နေမှ လှတယ် ဆိုတဲ့သူငယ်ချင်းတစ်ယောက်ရေးထားတဲ့ GTalk Status တစ်ခုကို သတိရမိတယ်။
ပြီးတော့ အံတော်ဘုရားသွားပြီး ဟော်တယ်ကို ပြန်ခဲ့တယ်။ ပင်လယ်ကိုအလည်လာရင်းတောင် တက်ရတဲ့ တာလောက် မထင်မှတ်ထားတာ မရှိပါဘူး။ ဒါပေမယ့်
အတော်လေးကို ပျော်စရာကောင်းခဲ့ပါတယ်။ ညနေစောင်းတော့ ထမင်းစားမယ်ပေါ့။

အတော်လေးကို ပင်ပန်းနေပြီး တနေကုန် လျှောက်သွားထားလို့ထင်ပါရဲ့ ။မနက်ဖြန်ဆို ပြန်ရတော့မယ်ဆိုတော့ စောစောအိပ်ရာဝင်ရမယ်။ ပင်ပန်းနေတာလည်း
ပါတာပေါ့။ အင်း ငပလီရဲ့  နောက်ဆုံးည ကို သရဲ ကားကြည့်ပြီးအိပ်ရာဝင်ဖြစ်တယ်။ မနေ့က လိုကြယ်တွေကြည့်ပြီး ပင်လယ်ကြီးကိုမခံစားနိုင်တော့တာတော့ ၀မ်းနည်းစရာပဲ။ အဲ ခုဏက နတ်သမီးလေး ကျွန်တော့အခန်းထဲဝင်လာတယ်။ တီဗီကို ပိတ်ပစ်လိုက်ပြီး အိပ်ပါတော့တဲ့ပြောနေသလို……………. အော် ပင်လယ် အိပ်မက်လိုပါပဲလား။

မိုးလင်းတော့ အေးလိုက်တာ လှိုင်ပုတ်သံတွေက အခန်းထဲကနေတောင်ကြားနေရတယ်။မျက်နှာသစ်ပြီး မနက်စာ သွားစားတယ်။ စက်ဘီးခဏ စီးပြီး ရေမိုးချိုး
ချက်အောက်(Check Out) လုပ်ပြီး လေဆိပ်ကို သွားပြီး လေယာဉ်ပေါ်တက်ရန်ကုန်ပြန်ပြီ။ နှုတ်ဆက်ပါတယ် ငပလီရေ။ လေယာဉ်ပေါ်ကနေ ပင်လယ်ကြီးကို
ပြန်မြင်ရတော့ ကဗျာတစ်ပုဒ်ဖြစ်သွားတယ်။ ပင်လယ်ရေ.…ဘယ်လောက်မှ မကြာခဲ့ပေမယ့် ငါ ပျော်ရွှင်ခဲ့ပါတယ်။ ပင်လယ်ရေ….မင်း မဖိတ်ခေါ်ပေမယ့်
ငါ လာခဲ့မိပါတယ်။

ပင်လယ်ရေ….
မင်း ဘာမှ မလုပ်ပဲ နေနေပေမယ့်
ငါ ခံစားခဲ့ရပါတယ်။
ပင်လယ်ရေ….
မင်းရဲ့ လှိုင်းပုတ်သံတွေလည်း
ငါနားဆင်ခဲ့ပါတယ်။
ပင်လယ်ရေ….
မင်းရဲ့  နှလုံးသားရေပြင်ထဲကိုလည်း
ငါ ငုပ်ကြည့်ခဲ့ပါတယ်။
ပင်လယ်ရေ…….
မင်းကို ဘ၀ရေလှိုင်းတွေကို
နားလည်အောင်လည်း
ငါကူးခက်ကြည့်ခဲ့ပါတယ်။
ပင်လယ်ရေ….
နောက်ဆုံးတော့လည်း
နှုတ်မဆက်ချင်ပေမယ့်
ငါ နှုတ်ဆက်ခဲ့ပါတယ်။

ကောင်းမြတ်ထွန်း ရေးသားတင်ပြသည်။
၂၀၁၀ ဒုတိယလ ၁၀ ရက်

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

One response to “ကျွန်တော်နှင့် ငပလီကပင်လယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: