ကျွန်တော်နှင့် အတိတ်ရဲ့  အရိပ်


ကျွန်တော်နှင့် အတိတ်ရဲ့  အရိပ်
အတိတ်ရဲ့ အရိပ် ရုပ်ရှင်ကား ရုံတင်တယ်ဆိုတော့ အိမ်က လူတွေက သွားကြည့်မယ် လိုက်မှာလားလို့ ပြောလာတာနဲ့ ပျင်းပျင်းလည်းရှိ၊ ရုပ်ရှင်မကြည့်တာ လည်း နှစ်ပေါင်း မနည်းတော့ဘူးဆိုတော့ အခွင့်ရတုန်း လိုက်ကြည့်မယ်လို့ ပြောလိုက်တယ်။ ဇာတ်ကားကလည်း Switzerland ဆွစ်ဇလန်မှာ
သွားရိုက်ထားတာဆိုတော့ မရောက်ဖူးသေးတဲ့ ဒေသရဲ့  ရှုခင်းတွေလည်း ကြည့်ချင်တာလည်း ပါတာပေါ့။ ကြိုတင်လက်မှတ်က ငပလီကပြန်လာပြီး နောက်တရက် Sunday မှာကြိုမှာ လိုက်တယ်။

ရုပ်ရှင်စတော့ နှင်းတောင်တွေထဲမှာ လူတွေသွားနေတဲ့ ရှုခင်းက စတယ်။ ခဏကြာတော့ နှင်းတောင်တွေပြိုကြ၊ ကောင်မလေးသေသွားပါသတဲ့။ မင်းသားက Swiss မှာ ဘဏ်လုပ်ငန်း လုပ်တယ်ဆိုပဲ။ မိုက်တယ်နော့်။ သူသိပ်ချစ်တဲ့ ကောင်မလေး ဆုံးသွားတဲ့ နေရာကို အမှတ်တရ လာကြည့် ရင်း အခြေချဖြစ်သွားတယ် ဆိုတယ်။ ဒီလိုနဲ့ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်သွားတာတဲ့။ မြန်မာတွေ မညံ့ပါဘူး ဟုတ်တယ်ဟုတ်။
ဇာတ်လမ်းကတော့ မင်းသမီးက မင်းသားရဲ့  ဆုံးသွားတဲ့ ကောင်မလေးနဲ့ ရုပ်ချင်းဆင်တော့ သွားလေသူ ကောင်မလေးအစ်ကို က ဆုံးသွားတဲ့ မင်းသား
ကောင်မလေး ၀င်စားတဲ့ သူအနေနဲ့ ဟန်ဆောင်ခိုင်းပြီး မင်းသားဆီက နေငွေတွေ လုယူမယ်ပေါ့။ မင်းသမီးက ချို့ တဲ့တယ်။ အဆောင်နေပြီး ညမှာ သီချင်းဆိုပြီး ၀င်ငွေရှာရင်း မင်းသားချစ်သူရဲ့  အစ်ကို ကတွေ့သွားခဲ့တာ။ မင်းသမီးနဲ့မင်းသား တွေ့ နိုင်အောင်း မင်းသမီးကို Swiss မှာ ကျောင်းတက်ခိုင်း တယ်။

တွေ့ကြပါတယ်ပေါ့။ မင်းသား စကားပြောတာ ကို ဟာသတစ်ခုလို ၀ိုင်းရယ်ကြတဲ့ ရုပ်ရှင်ကြည့်သူတွေကို တော့ နည်းနည်း အံ့သြမိတယ်။ မင်းသားက မြန်မာစကားကို နိုင်ငံခြားသားတစ်ယောက်ပြောသလို ပြောနေတာကို သဘောကြပြီး ရယ်ကြတဲ့ ပုံပါပဲ။ မင်းသမီးက ငွေတွေယူဖို့ ရည်ရွယ်ချက်နဲ့ ရောက်လာတယ်။ မင်းသားက ငွေတွေ ထုတ်ယူ သုံးခွင့် ပေးခဲ့ တယ်။ တကယ်ဆို မင်းသမီးက သူ့ ရည်ရွယ်ချက်အတိုင်း ချက်ခြင်း ငွေတွေကို ထုတ်ယူပြီး လစ်ရမှာပေါ့။ ဒီနေရာမှာ ဇာတ်လမ်းက သဘာဝသိပ်မကြဘူးလို့ ထင်တာပဲ။ မင်းသားက မင်းသမီး အခန်းလိုက်လည်တော့ သူ့ကို လုပ်ကြံဖို့ ညွှန်ကြားထားတဲ့ စာကို ဖတ်ရတော့ ချက်ခြင်းပဲ အိပ်သာထဲ ၀င်ပြီး အဆိပ်ပုလင်းကိုရှာတာ ကလည်း တမျိုးကြီးပဲ၊ အကြားအမြင်ရနေသလိုလို။ ဇာတ်ကားထဲမှာ မင်းသားက မင်းသမီးကို ချစ်တဲ့ အချစ်က ကြီးမြတ်ပုံ၊ မင်းသမီး ဘယ်လိုပဲ သူ့အပေါ်မကောင်းတာလုပ်လုပ် (အဆိပ်ခတ်ပြီးတော့ တောင် သက်ခဲ့တာကို)
ခွင့်လွှတ်ပြီး ချစ်ပုံတွေကို တင်ပြထားတယ်။ အတော်လေးကို ချစ်နိုင်တာပဲနော့်။ ဇာတ်ကားအရ မင်းသားက အသက် ၄၀ ကျော်၊ မင်းသမီး က အသက်
၂၀ ကျော် ဆိုတော့ ချစ်နိုင်မှာပဲနော့်။ စကားတစ်ခုတောင်ရှိသေး… ၄၀ ကျော်မှ ဘ၀ စတယ် တို့ ဒွေးချိုး လေးတိုး တို့ ဆိုတာတွေ။ ကောင်းပါတယ်၊ ကောင်းပါတယ်

ပိုက်ဆံကပေါ တော့ ကောင်မလေးကလည်း ပြန်ချစ်လိုက်ပါတယ်ပေါ့။ the best choice ပါပဲ။ ထောက်ခံပါတယ်။ မြန်မာကားတို့ ထုံးစံအတိုင်း နောက်ဆုံးမှာတော့ မင်းသားနဲ့ မင်းသမီး ညားကြလေသတည်း ပေါ့ကွာ။ နောက်ဆုံးခန်း မင်းသားနဲ့ သေသွားတဲ့ သူ့ အရင်ချစ်သူ့ အစ်ကို နှစ်ယောက်တွေ့  ပြီး ချတဲ့ အခန်း (action) ကတော့ အတော်လေးကို ချာတူးလန်တယ် ဆိုရမယ်။ ပြီးတော့ ရဲ တွေရောက်လာ လေသတည်းပေါ့။ ဇာတ်ကားက ရှုခင်းတွေကတော့ ကြည့်လို့ အတော်လေးကို ကောင်းပါတယ်။ ဆင်ဆာဖြတ်ခံရတာတွေလည်း ပါမယ်လို့ ထင်ပေမယ့် ဇာတ်လမ်းကောင်းကောင်းကို
ကြည့်ချင်သူတွေ အတွက်တော့ သိပ်ပြီး ကြည့်လို့ တန်တဲ့ ဇာတ်ကား တစ်ခုတော့ မဟုတ်ဖူးလို့ ထင်တာပဲ။ ဒါပေမယ့် ကြည့်တက်ရင်တော့ ကည့်လို့ကောင်းပါတယ်။ (အမျိုးမျိုးပြောတာပဲ လို့ တော့ မထင်ပါနဲ့ဗျာ.. ဟဲ ဟဲ)

ဒီဇာတ်ကားကို ကြည့်ဖြစ်လိုက်တော့ အလကားမနေနိုင်ပဲ သုံးသပ်ကြည့်မိပါတယ်။ ဇာတ်ကားကပေးလို့ ရခဲ့တဲ့ မတ်စေ့တွေ (message) က
(၁) လူတွေဟာ လောဘ တက်လာရင် မှားတက်ကြ၊ ငယ်သူငယ်ချင်းတွေအပေါ်မှာတောင် ဖောက်ပြန်တတ်ကြတယ်။
(၂) လူတွေဟာ မောဟ အမိုက်မှောင်ဖုံးလာရင် ဘာမှမသိတော့ပဲ၊ မကောင်းမှု
ဒုစရိုက်ကို လုပ်ချင်လာကြတယ်။
(၃) လူတွေဟာ ဒေါသ ထွက်လာရင် မဆင်မခြင် ပြောမှာ ဆိုမှားတွေဖြစ်ပြီး အထင်အမြင်တွေ လွဲတတ်ကြတယ်။
(၄) လူတစ်ယောက်ကို ချစ်မိပြီဆိုရင် သူဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့ အချိန်တစ်ခု
အတွင်းမှာ ခွင့်လွှတ်နိုင်တယ်။
(၅) ရဲဆိုတာ နောက်ဆုံးမှပဲ ရောက်ရောက်လာတတ်တယ်။ (ဟီး ဇာတ်လမ်းထဲမှာ ပြောတာပါ)

ကောင်းမြတ်ထွန်း ရေးသားတင်ပြသည်။ ၂၀၁၀ ဒုတိယလ ၁၂ ရက်

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: