ချစ်သူများနေ့ကို သုံးသပ်ခြင်း


ချစ်သူများနေ့ကို သုံးသပ်ခြင်း
ဖေဖော်ဝါရီ ၁၄ က ချစ်သူများနေ့ပါတဲ့။ ဘယ်သူက ဘယ်လို သက်မှတ်လိုက်လဲ အသေအချာမသိပေမယ့်။ နိုင်ငံတကာ ယဉ်ကျေးမှုတစ်ခုလိုကို ဖြစ်နေတာပါ။ သိသလောက်တော့ ဟိုးရှေးရှေးက ချစ်သူစုံတွဲတွေကို တိတ်တစိတ်လက်ထပ်ပေးမိလို့ အသက်ခံလိုက်ရတဲ့ Valentine ဘုန်းတော်ကြီးကို ဂုဏ်ပြုတဲ့ အနေနဲ့ Valentine Day လို့ သက်မှတ်ပြီး ချစ်သူများနေ့ဖြစ်လာတဲ့ ပုံပါပဲ။

ဒီနေ့မှာ ကျွန်တော့ သူငယ်ချင်းတစ်ယောက်မင်္ဂလာ ဆောင်ပါတယ်။ ငယ်ငယ်တုန်းက သူငယ်ချင်းဆိုပါတော့။ သူ့ သတို့သမီးကိုတော့ ဒီနေ့ညကမှ ပထမဆုံး အပြင်မှာ မြင်ဖူးတာပါ။ လှပါတယ်ပေါ့။ ပွဲက ဆီအိုးနား အဲ ဟုတ်ပါဘူး ဆီဒိုးနားမှာ လုပ်ပြီး ညစာ ဘူးဖေးလ်ကျွေးတော့ စားလို့ကောင်းပါတယ်ပေါ့။ ကျွန်တော့ သူငယ်ချင်း၊ သူငယ်ချင်းရဲ့  ငယ်ရည်းစား ကိုလည်း သတိရပါတယ်ပေါ့။ ညစာ အ၀စား
ပြီး အိမ်ကို ပြန်ခဲ့ပါတယ်ပေါ့။

အိမ်အပြန်လမ်းမှာ စဉ်းစားမိတယ်။ အော် မနှစ်က ဒီအချိန်မှာ ကျွန်တော် လမ်းပေါ်မှာ ရောင်တောင်တောင်နဲ့ဆိုပါတော့။ ဖြစ်သလို ကြေးအိုးလေးပဲစားခဲ့ရတာ။ ဒီနှစ်တော့ အေးဆေးပဲ ကိုယ့်ကိုယ်တိုင်ပဲ အပင်စိုက်လိုက်တယ်။အတော်လေးလှတယ်။ ကိုရီးယားမင်းသားလေး ကားထဲက အပင်လိုမျိုးလေး။ မိုက်တယ်။

အိမ်ရောက်တော့ စဉ်းစားမိတယ်။ ၇နှစ်လောက်ချစ်လာတဲ့ ချစ်သူတွေသည်လည်း ကွဲတတ်ကြတာ ၃၊ ၄ နှစ်လောက်ချစ်လာတဲ့သူတွေလည်း ကွဲတတ်ကြပါတယ်ပေါ့။ အော်အချစ်ဆိုတာ ကွဲတတ်သကိုး။ ပြီးတော့ နောက်ချစ်တဲ့ သူတွေလည်းရှိလာတတ်ပါတယ်ပေါ့။ အချစ်ဆိုတာ အသစ်ပြန်ဖြစ်တတက်သကိုး။ ချစ်ခဲ့ကြတာ တစ်ယောက် လက်ထပ်တော့ တစ်ယောက် အမျိုးမျိုး ရှိတတ်ကြပါတယ်ပေါ့။ အချစ်ဆိုတာ
အမျိုးမျိုးရှိသကိုး။ လက်ထပ်ပြီးတော့မှ ဆက်မချစ်နိုင်တော့ တဲ့သူမျိုးတွေလည်း ရှိသေးရဲ့ ။ အချစ်ဆိုတာ ရပ်တန့်သွားတတ်သကိုး။ အချစ်သစ်များသည်လည်း ဖြစ်တတ်ပါသေးသတဲ့။ အော်လောကကြီး ကအချစ် တယ်လည်း ရှုပ်ထွေးပါလား။ နားလည်ဖို့ အတော်လေးကို ခက်ခဲတာပဲ။ နားမလည်တာပဲ ကောင်းသလိုလို။

ချစ်သူများနေ့မှာ မင်္ဂလာပွဲလုပ်တဲ့ သူငယ်ချင်းကြီး Cheer!
Kaung Myat Tun

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

4 responses to “ချစ်သူများနေ့ကို သုံးသပ်ခြင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: