ကျွန်တော်နှင့် GoogleReader


ကျွန်တော်နှင့် GoogleReader
Google Reader ဆိုတာဘာလဲ။ Google Reader ဆိုတာ Googleကပေးတဲ့ serviceတစ်ခုပါပဲ။ လူတိုင်း အသုံးပြုသင့်တဲ့ အရာ တစ်ခုပါ။ Google Accountတစ်ခုရှိရင် သုံးလို့ ရပါတယ်။ ဘယ်လိုသုံးရမလဲ ဆိုတော့ Google Home Pageရဲ့ အပေါ်မှာ ရှိတဲ့ menu ကနေ more ကို ရွေးလိုက်ရင် dropdown menuတစ်ခုကျလာရင် အဲဒီအထဲက Reader ကို ရွေးလိုက်တာနဲ့ Google Reader page ကို ရောက်ပါလိမ့်မယ်။

ဘာတွေလုပ်လို့ရတာလဲ ဆိုရင်
(၁) စာတွေဖတ်လို့ရပါတယ်။
ကိုယ်ကြိုက်နှစ်သက်တဲ့ blog တွေ၊ Groupတွေ၊ သတင်းတွေ၊ စတဲ့ RSS supportပေးတဲ့ web site တွေက စာတွေကို အဲဒီsite တွေကို မသွားရပဲ ဒီကနေပဲ
ဖတ်လို့ရပါတယ်။ အသစ်တစ်ခု တင်လိုက်ရင်လည်း ချက်ချင်းပဲ ဖတ်လို့ရတယ်။ဘယ်လိုလုပ်ရမှာလဲ ဆိုတော့ subscribe လုပ်ရပါမယ်။ Google Reader pageဘယ်ဖက်မှာရှိတဲ့ Add Subscritption button ကို နှိပ်ပြီး ကိုယ်ကြိုက်တဲ့blog အမည်( ဥပမာ….ကျွန်တော့ blog ကစာတွေကို ဖတ်ချင်ရင်https://kaungmyattun.wordpress.com) ဒါမှမဟုတ် group အမည်(ဥပမာ….အလင်းစေတမန် GoogleGroup ကစာတွေကို ဖတ်ချင်ရင်http://groups.google/group/a_lin_say_ta_mum) ကို ရိုက်ထည့်လိုက်ရင်အဲဒီ site တွေက စာတွေ အသစ်တင်တိုင်း Google Reader ကနေဖတ်လို့ရပါတယ်။
တစ်နေရာတည်းကနေ အားလုံးကို အေးအေးဆေးဆေး ဖတ်လို့ရတော့ တကယ်ကိုပဲသက်တောင့်သက်သာရှိပါတယ်။ blog နဲ့ group တွေက မေးလ်တွေကို mail boxထဲမှာလည်း ရှုပ်နေ၊ မဖတ်ပဲလည်း မနေနိုင်ရင်တော့ ဒီနည်းလမ်းကအကောင်းဆုံးပါ။ စာတွေကို ကိုယ့်မေလ်းbox ထဲမှာရှိနေစေပြီ၊ ဖတ်ချင်ရင်တော့တမျိုးပေါ့။ ဒါဆိုရင်တော့ Mail Filter နည်းကိုသုံးပြီး Labelခွဲထားလိုက်တာက ကောင်းမယ်ထင်တာပဲ။

(၂) ကိုယ်ကြိုက်တဲ့ စာတွေကို မျှဝေလို့ရတယ်။
Google Reader ကနေစာတွေကို ဖတ်ပြီး ကိုယ်ကြိုက်နှစ်သက်တာကိုသူငယ်ချင်းတွေနဲ့ မျှဝေဖတ်နိုင်အောင်လည်း လုပ်လို့ရတယ်။ နည်းလမ်းကနှစ်မျိုးရှိတယ်။ တစ်နည်းက သမာရိုးကျ မေးလ်ပို့တာပေါ့။ post တွေတိုင်းရဲ့ အောက်ခြေမှာ မေးလ်ပို့တဲ့ email buttonပါပြီး နှိပ်လိုက်ရင် gmailပို့သလိုပဲ ပို့နိုင်ပါတယ်။ နောက်တစ်နည်းကတော့ ကိုယ်ရင်းနှီးတဲ့ သူတွေကိုGoogle Reader မှာ Follow လုပ်ခိုင်းပြီး Share button ကိုနှိပ်တာနဲ့ကိုယ်မျှဝေတာတွေကို သူလည်း ဖတ်လို့ရပြီပေါ့။ မေးလ်တွေဘာတွေလည်းပို့စရာမလိုတော့ သူလည်း အနှောက်အယှက် မဖြစ်တော့ဘူးပေါ့။ ဒါပေမယ့် သူကကိုယ့်ကို Follow လုပ်ထားမှ ဖတ်လို့ရမှာနော်။ သူကိုလည်း ကိုယ်က Followလုပ်ထားရင် သူမျှဝေတာတွေလည်း ကိုယ်ကဖတ်နိုင်တာပေါ့။ မိုက်တယ်နော်။ကဲကဲ၊ Google Reader သုံးမကြည့်ရသေးတဲ့ သူငယ်ချင်းတို့
သုံးကြည့်လိုက်ကြပါဦး။ ကြိုက်သွားမှာပါ။
ကောင်းမြတ်ထွန်း ၂၀၁၀ ဒုတိယလ ၁၅ ရက်

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: