ကျွန်တော်နှင့် နောင်တ


သူငယ်ချင်း တစ်ယေက်က နောင်တရနေတယ်လို့ ပြောတာကို ကြားရတာနဲ့ ဒီpostရေးဖို့ ဖြစ်လာတယ်ဆိုပါတော့။ သူ ဘယ်လို ခံစားပြီး နောင်တရနေတယ်ဆိုတာအသေးစိတ်မသိရပေမယ့်။ အနည်းငယ်များ အထောက်အကူဖြစ်လေမလားဆိုပြီးတော့ပါ။

နောင်တဆိုတာဘာလဲ။ နောင်တ ဆိုတာကို ဖြစ်ပျက်ပြီးမှဖြစ်ပျက်ပြီးသွားခြင်းကို တဖန်ပြန်လည်တွေးတော သတိရကာ ကိုယ်မလုပ်ခဲ့
မဖြစ်ခဲ့ သည်များကို ပြန်လည်တွေးတောကာ ပူပန်ခြင်းလို့ နားလည်ထားပါတယ်။အကယ်လို့များ အဲဒီလို မလုပ်ခဲ့ရင်၊ အကယ်လို့များ အဲဒီလို မပြောခဲ့ရင်၊အကယ်လို့များ အဲဒီကို မသွားခဲ့ရင်၊ အကယ်လို့များ အဲဒီက မထွက်ခဲ့ရင်စသဖြင့် အကယ်လို့များ၊ အကယ်လို့များ ဆိုတဲ့ စကားလုံးကို သုံးပြီးနောင်တတွေ ရတတ်ကြပါတယ်။ ကိုယ်ကိုတိုင် ဆုံးဖြတ်ပြီး လုပ်ခဲ့တဲ့ အလုပ်ပဲဖြစ်ဖြစ်၊ သူတပါးက ဆုံးဖြတ်လို့ လုပ်ခဲ့ရတဲ့ အလုပ်ပဲ ဖြစ်ဖြစ် မကောင်းတဲ့အဖြေမျိုး ထွက်လာရင် နောင်တရတတ်ကြပါတယ်။ ကိုယ်ကိုတိုင် ဆုံးဖြတ်ထားတဲ့အလုပ်ကနေ နောင်တရတယ်ဆိုရင်တော့ တိတ်တဆိတ်ပဲ ပြီးသွားတတ်ပေမယ့်၊သူတပါးကြောင့် လုပ်ခဲ့ရတာဆိုရင်တော့ တခါတခါ ပွက်လောရိုက်သွားတတ်ကြပါတယ်။
အမှားတွေကို လုပ်ခဲ့မိပြီ ဆိုပြီး နောင်တရတတ်ကြပါတယ်။

ဒါပေမယ့် နောင်တရတယ်ဆိုတာ မကောင်းပါဘူး။ ပြီးပြီးဖြစ်ပြီးသားကိစ္စတစ်ခုကို ပြန်လည်သုံးသပ်ဆင်ခြင်တာနဲ့ နောင်တရတယ်ဆိုတာ
လုံးဝမတူပါဘူး။ နောင်တရတယ်ဆိုတာ အတိတ်ကို တွေးတော ပူပန်တာပါ။ပြန်လည်သုံးသပ် ဆင်ခြင်တယ် ဆိုတာက အတိတ်က ကိုယ်ပြုမူခဲ့တာတွေကို အသေအချာတွေးတော သုံးသပ် ဆင်ခြင် ပြီး ရှေ့ ကို ဘယ်လို ဆက်သွားရမလဲဆိုတာကိုဆုံးဖြတ်တာလို့ ဆိုနိုင်တာပါ။

သေချာပါတယ်၊ ကျွန်တော်တို့တွေ မှားကြပါတယ်၊ မှားခဲ့ကြပါတယ်၊ ရှေ့ဆက်ပြီးလည်း မှားနေကြဦးမှာပါပဲ။ မှားတဲ့ ကိစ္စတစ်ခုကို လုပ်မိတိုင်း
နောင်တရ ပူပန်နေစရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် အသေအချာ ပြန်လည်သုံးသပ်ဆင်ခြင်ရပါမယ်။ ဒါမှလည်း ရှေ့ ကို ဒီလို အမှားမျိုး ဆက်ပြီး မဖြစ်နိုင်အောင်ပေါ့။ကျွန်တော့ အကြောင်းပြောရရင် ကျွန်တော်မှားမှာကို မကြောက်ပါဘူး။အမှားတွေအများကြီးလည်း လုပ်ခဲ့တယ်။ စာမေးပွဲ အတွက် လေ့ကျင့်ရင်လည်းအမှားတွေကို ပိုပြီး တွေ့အောင်လေ့ကျင့်တယ်။ ဒါမှ တကယ့် စာမေးပွဲကြီးကြရင်တူညီတဲ့ အမှားတွေ လုံးဝမလုပ်မိတော့ဘူး။ ဘာလို့လဲဆိုရင်အမှားတွေအားလုံးကို အမှားလို့ သိထားပြီးလို့ပေါ့။ ဒါတောင် ကျွန်တော် ၁၀တန်းစာမေးပွဲကြီးတုန်းက မတွေ့ဘူးတဲ့ အမှားနှစ်ခုကြောင့် အမှတ် ၂မှတ်လျော့ခဲ့ဖူးပါတယ်။ အမှားတွေ အများကြီး အတွေ့ အကြုံယူထားတာတောင်မတွေ့ဘူးသေးတဲ့ အမှားကို တွေ့နိုင်သေးတယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။

အမှားဆိုတာကို မကင်းနိုင်မှတော့ အမှားလုပ်မိတာနဲ့ နောင်တရစရာ မလိုဘူးလို့ထင်ပါတယ်။ဒီနေရာမှာ အမှားတွေကို လုပ်ကြလို့ တိုက်တွန်းနေသလို ဖြစ်နေနိုင်ပါတယ်။အမှားလုပ်တယ်ဆိုတဲ့ နေရာမှာ မဟုတ်တာလုပ်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ကိုယ့်လိပ်ပြာ ကိုယ်မလုံတဲ့ အလုပ်တွေကို လုပ်ဖို့ ပြောနေတာ မဟုတ်ပါဘူး။

ကိုယ်လုပ်တဲ့ အလုပ်တွေမှာ အမှားတွေ ရှိနိုင်တယ်၊ အမှားတွေကိုလုပ်မိနိုင်တယ်၊ အဲဒီ အမှားတွေကို ကြုံတွေ့ရမှာကို မကြောက်ဖို့လို့
ပြောချင်တာပါ။ မမှားအောင်ကြိုးစားလုပ်မယ်လို့ စိတ်ထားပြီး လုပ်တာထက်အမှားရှိနိုင်တယ် ဆိုတာကို လက်ခံပြီး လုပ်ရင် ပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။ကိုယ်လုပ်တဲ့ အလုပ်တစ်ခုက မှားနေပြီလို့ ဆုံးဖြတ်နိုင်ပြီဆိုရင်ကိုယ်ကိုတိုင်ပြုပြင်ပြောင်းလဲမှု လုပ်နိုင်သင့်တယ်။ အပြောင်းအလဲလုပ်လွယ်ကူတဲ့ သူတစ်ယောက်ဖြစ်သင့်တယ်။ ကိုယ်ကိုတိုင် ဆုံးဖြတ်ပြီးကိုယ်ကိုတိုင် ကိုယ့် လုပ်ရပ်ကို တာဝန်ယူနိုင်သင့်တယ်။
ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်ကိုတိုင်ယုံကြည်မှုရှိရပါမယ်။

ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်ကိုတိုင်မှ မယုံရင် ဘယ်သူက ယုံကြည်နိုင်ပါမလဲ။ဒီနေရာမှာ အမှားတွေလို့ ပြောနေတော့ အမှန်တွေ လုပ်တယ်ဆိုတာကိုလည်းစဉ်းစားစရာပါပဲ။ အမှန်လား၊ အမှားလား ဆိုတာကို လူတွေက၊ ကိုယ်ကိုတိုင်ကပဲသက်မှတ်နိုင်တာပါ။ ခက်တယ်နော် လူတွေ၊ ကိုယ်ကိုတိုင်သက်မှတ်ချက်တွေကပဲကိုယ့်ကို ပြန်ပြီး ချုပ်ကိုင်နေသလိုပဲ။ အင်း…စဉ်းစားကြည့်ရင်အမှန်မဟုတ်ရင် အမှားလို့ ပြောရမှာလား၊ အမှားမဟုတ်တာကိုအမှန်လို့ပြောရမှာလား၊ တစ်ယောက်အတွက် အမှားလို့ဆိုနိုင်တာနဲ့ အမှားလို့ ပြောရတော့မှာလား၊ တစ်ယောက်အတွက် အမှန်ဆိုတာနဲ့ အမှန်လို့ ပြောရတော့မှာလား၊ အမှားနဲ့ အမှန်ဆိုတာပဲ ရှိတာလား၊ သိပ်မမှား သိပ်မမှန်အခြေအနေကရော၊ မမှန်မမှားအခြေအနေကရော မရှိဘူးလား၊ စသဖြင့်စသဖြင့် တွေးတောစရာတွေ အများကြီး ရှိလာပါတယ်။

နောက်ဆုံး သေချာတာကတော့ ဘာပဲ ဖြစ်ဖြစ် ကိုယ်ကိုတိုင် စဉ်းစားဆုံးဖြတ်ပြီး ရဲရဲဝင့်ဝင့် နောင်တကို ကျော်ဖြတ်တာကပဲ ကိုယ့်အတွက်
အကောင်းဆုံးပါပဲ။ ကိုယ်ကောင်းပြီ ဆိုမှတော့ ကိုယ့် ပတ်ဝန်းကျင်လည်း ကောင်းပြီပေါ့ဗျာ။ သူငယ်ချင်းတို့ နောင်တ ကင်းတဲ့ ဘ၀များကို
ပိုင်ဆိုင်နိုင်ကြပါစေ လို့ ဆုတောင်းရင်း။
၂၀၁၀ နှစ် ၅၄ ရက်မြောက်နေ့

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

3 responses to “ကျွန်တော်နှင့် နောင်တ

  • hololodilolo

    မမှားဘဲနဲ့ နောင်တရတာလေ..
    ဒီလမ်းက မမှားပါဘူး.. ဒါပေမယ့် မမှားဘဲနဲ့ကို မရွေးချင်တော့တာ..
    အင်း.. ဖြစ်နိုင်တာက ကိုယ့်ကိုယ်ကိုယ်မယုံတော့တာ ဖြစ်ရမယ်..ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်ကိုယ်တိုင်မယုံတော့တာများလား..

  • haymanoothet

    ကိုယ့်ကိုကိုယ် ယုံကြည်သင့်တယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: