ကျွန်တော်နှင့် မအူပင်


မအူပင်ကို သွားမယ်ဆိုတော့ အမေကပြောတယ်။ မအူပင်မှာ ဘာမှမရှိပဲနဲ့တဲ့။အရင်တုန်းက အဖိုး အခွန်ဝန်တာဝန်ထမ်းဆောင်တုန်းကတော့ အမေတို့ နေခဲ့ဖူးသေးတယ်လို့လည်း ပြောတယ်။ မြို့ ကလေးက မြစ်ကမ်းဘေးမှာ ရှိပြီး အဖိုးက အဲဒီမြစ်ထဲ ဆင်းပြီး ရေကူးဖူးခဲ့သေးတယ်ဆိုပဲ။ ဒါပေမယ့် ရေထဲ မဆင်းနဲ့လို့ လည်း အမေက သတိပေးသေးတယ်။

ဒီလိုနဲ့ မနက်အစောကြီးထပြီး သူငယ်ချင်းတွေနဲ့ စုပြီး သွားမယ့်နေရာကို ထွက်လာခဲ့တယ်။ သူတို့ကို စောင့်ရင်း မနက်စာ ကို သီတာလမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ အီကြာကွေးနဲ့ လက်ဖက်ရည်သောက်သည်ပေါ့။ ပြီးတော့ မြို့ထဲကိုသွား သူငယ်ချင်းတွေ အားလုံး ဘယ်နှစ်ယောက်ပါလိမ့် ၉ ယောက်ထင်တယ် အတူတူ သွားကြတယ်ပေါ့။ ကားက တောင်းအေ့စ်ကားနဲ့ပါ။

ကားထွက်ပြီး မကြာဘူး ထုံးစံအတိုင်း ကားပေါ်မှာ ဆော့ကြပါတယ်။ စကားတွေ ပြောကြ အနိုင်ယူကြပေါ့။ ခံစားချက်ဆိုတာ တည်ဆောက်ယူလို့ရတယ် ဆိုတာကို ငြင်းကြခုံကြပေါ့။ စိတ်ကို ထိန်းချုပ်နည်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောဖြစ်ကြတယ်။ ညီဇော် ပြောတဲ့ စကားတွေကိုနားထောင်ပြီး အဲဒီလောက် ပြောနိုင် အတွေးအခေါ်ရှိတယ်လို့ ထင်မထားခဲ့မိဘူး။ အတော်လေးကို တော်တဲ့ သူတစ်ယောက်ပါပဲ။
တဖြည်းဖြည်းနဲ့ဖုန်တွေထူလာတယ်။ ညီဇော်ဟောတဲ့ အချစ်ဗေဒင်ကို နားထောင်ရင်း ကိုယ့်အတွက် ရွေးကြည့်တော့ အကောင်းဆုံး အဖြေကြလာတယ်။ ပျော်ပါသည်ပေါ့။ ဖုန်တွေလည်း ထူပါသည်။ ဖုန်တွေထူတော့ သိပ်စကား မပြောနိုင်ကြတော့ဘူး။ ပါးစပ်ကို ပိတ်ထားရတာကိုး။ စကားအလွန်များတဲ့ အိခိုင်နဲ့ သာလိကာ လည်း စကားမပြောနိုင်တော့။ အမြဲ မှိန်းနေတတ်တဲ့ ငကျားတရုတ်ကတော့ ထုံးစံအတိုင်း ဂျောင်ကပ်နေတယ်ပေါ့။ ကျွန်တော်ကတော့ ထုံးစံအတိုင်း ဟိုးအဝေးကြီးကို ငေးကြည့်နေမိတယ်။ လွမ်းနေပါသည်ပေါ့။

ဒီလိုနဲ့ပဲ ကြက်ဥ(လူတစ်ယောက်ပါပဲ)ပြောတဲ့ ၄နာရီခရီးဟာ ၆နာရီကြာပြီး နောက်ဆုံးတော့ ထမင်းစားလို့ရတဲ့ ကြက်ဥ အမေအိမ်ကို ရောက်ပါတော့တယ်။ထမင်းစားလို့ အလွန်ကောင်းပါသည်ပေါ့။ စားပြီးသောက်ပြီး အေးဆေးနားပြီး၊တရေးတမောအိပ်၊ ဖြစ်ပါတယ်ပေါ့။ ပြီးတော့ ဆိုင်ကယ်တွေ့တော့ ခဏစီးကြည့်မယ်ဆိုပြီး ထွက်တော့ ၀မ်ဝမ် (ပေါင်မုန့် မဟုတ်ပါ၊ ပေါက်ဆီနဲ့တော့ အလွန်တူပါသည်) ကလိုက်စီးပါတယ်။ ညီဇော်က စက်ဘီးစီးပြီး ကျွန်တော်တို့ ကမ်းနားဘက်ကို သွားကြပါတယ်ပေါ့။ပြန်လာတော့ မျိုးကြီးက အိခိုင်ကို ခေါ်ပြီး လိပ်ဥသွားတူးတာ အဲဟုတ်ပါဘူး ထွက်သွားတာ ကြာပြီ ဆိုလို့ လိုက်ရှာရပါသေးတယ်။ ဒီကောင် မျိုးကြီးက အဲလိုပဲ လစ်ရင်လစ်သလို။ အိခိုင်ကလည်း အိခိုင်ပဲ။ လိုက်ရှာရင်နဲ့ မအူပင် ထောင်ကို တွေ့တော့ နန်းမြို့ ရိုးကြီးကြနေတာပဲ ခမ်းနားလိုက်တာ၊ မအူပင်ဈေးတောင် ထောင်လောက်မခမ်းနားဘူး။

ပြီးတော့ အားလုံးအတူတူ ဘုရားသွားဖူးကြပါတယ်ပေါ့။ ဘုရားကနေ မအူပင်Uniကို သွားမယ်လုပ်တာ ဖုန်ထူတာနဲ့လှည့်ပြန်ခဲ့ကြတယ်။ မအူပင် = ဖုန် လို့ Defination ဖွင့်ရမလိုကို ပါပဲ။ အဲ ပြီးတော့ ကားပျက်ပါတယ်ပေါ့။အတော်လေးကို စိတ်ပူသွားတယ်၊ ပြန်မှ ပြန်နိုင်ပါတော့မလားပေါ့။ မအူပင်မှာက ကားဆရာရှားသကိုး။

ညနေစာမစားခင် ကမ်းနားမှာ လက်ဖက်သုပ်နဲ့ ကော်ဖီသောက်ပြီး ညနေစာကိုကြက်ဥအိမ်မှာ ပြန်စားကြပါတယ်။ စားလို့ကောင်းပါ၏ပေါ့။ ကားကလည်း ပြင်ပြီးသွားပြီဆိုတော့ ရန်ကုန်ပြန်မည်ပေါ့။ ညနေ ၆နာရီလောက်ရှိပြီထင်တယ်။ သေချာပါတယ် ရန်ကုန်ကို သန်းခေါင်နီးမှ ရောက်တော့မယ်ဆိုတာ။ အပြန်ခရီးကတော့ အေးပါတယ်ပေါ့။ ညအမှောင်ထဲမှာ သီချင်းတွေ အော်ဆိုကြပါတယ်။
မမစု (မချစ်စု သရက်သီး တော့မဟုတ်ဘူး) တို့ဆိုတာကောင်းပါတယ်ပေါ့။ ကျွန်တော်လည်း အတော်လေးကို အော်ဆိုဖြစ်ခဲ့တယ်ဆိုပါတော့၊ အသံတွေတောင် ၀င်လို့ပါ။ လွမ်းနေမိတာလည်း ပါမယ်ထင်တယ် အဲဒီအချိန်တုန်းက။

မောသွားကြတာ့ အားလုံး အတုန်းအရုံးပါပဲ။ အိပ်ပြီးတော့ ကားစီးရတာ လုံးဝမကောင်းပေမယ့်။ ကြက်ဥ အဖေပေးလိုက်တဲ့ အထူစား စက်ကူတွေကြောင့်အတော်လေး ခံသာတယ် ဆိုရမယ်။ တော်တော်လေးကို ပင်ပန်းတဲ့ ခရီးတစ်ခုပါပဲ။ ညအမှောင်ထဲမှာ ကားစီးရင်း ဟိုးတစ်ချိန်က သူငယ်ချင်း တစ်ယောက် ညီမယောက်ျားနောက်လိုက်ပြေးတာကို လိုက်ခဲ့ကြတုန်းက အဖြစ်ကို ပြန်သတိရမိသေးတယ်။ အဲဒီတုန်းက လည်း အတော်လေးကို အီခဲ့ရတာပဲ။ အခုလည်း တူတူပဲ။ မအူပင် တော်ပါပြီ ဆိုရမလောက်ပဲ။ ဒါပေမယ့် စားလို့တော့ ကောင်းပါသည်ပေါ့။ ဟင်းတွေကလည်း ကောင်း လက်ရာကလည်း ကောင်းဆိုတော့ကာ။
ဒီလိုနဲ့ အပင်တွေဆို ချစ်တတ်တဲ့ ကျွန်တော် မအူပင်ကို တော့ မချစ်ချင်ဘူး။ ဖုန်ထူလို့ ။ နောက်ဆို ရေဖြန်းပြီးမှ သွားရမယ်။

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

2 responses to “ကျွန်တော်နှင့် မအူပင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: