တံတားတစ်စင်း



တံတားတစ်စင်း ဖြစ်ချင်တယ်
တံတားတစ်စင်း ဆိုတာ
ဟိုဘက်ဒီဘက်အဆင်ပြေအောင်
လုပ်ပေးတဲ့ သူပါ
သူ့မှာ ဘာမျှော်လင့်ချက်မှ မရှိပါဘူး။

ဒါပေမယ့်
တံတားတစ်စင်း ဖြစ်ဖို့အတွက်
မြစ်ကြီးကို ဖြတ်သန်းရတယ်။
မြစ်ကြီးရဲ့ စီးဆင်းမှုကို ပိတ်စို့ မိတယ်။
မြစ်ကြီးရဲ့  အလှတွေကို ဖျတ်စီးမိတယ်။
မြစ်ကြီးရဲ့  ကြမ်းပြင်ရင်ခွင်ကို ထိုးဖောက်မိတယ်။
မြစ်ကြီးရဲ့  ပတ်ဝန်းကျင်ကို အကျည်းတန်စေမိတယ်။

အဲဒီလို လုပ်ခဲ့မိတဲ့
တံတားတစ်စင်းအနေနဲ့
မြစ်ကြီးကို အားနာနေမိတယ်။

ဒါပေမယ့် မြစ်ကြီးရေ
ငါနဲ့ မင်းနဲ့ အတူတူ အမြဲရှိနေနိုင်ပြီလေ။
ငါ ပျက်ဆီးမသွားခင် အထိပေါ့။

ငါဘာတွေပြောပြော
မြစ်ကြီး မင်းက အပြုံးမပျက်ပါပဲနော်
စီးဆင်းမြဲ အတိုင်း
စီးဆင်းနေဆဲပါပဲလား။

ရေးသားသူ။ ။ ကောင်းမြတ်ထွန်း
https://kaungmyattun.wordpress.com
http://groups.google.com/group/a_lin_say_ta_mum

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

7 responses to “တံတားတစ်စင်း

  • banyaraung

    မြစ်ကြီးရဲ့ရင်ခွင်ကိုထိုးဖောက်စရာမလိုတဲ့ ကြိုးတံတားဆောက်လိုက်လေ နော မြစ်ကမ်းစပ်နားလောက်မှာ ပဲအုပ်မြစ်ချထားတော့ သိပ်ပြီးတော့မပြောပလောက်ဘူးလေ မြစ်ကြီးကိုအားနာစရာမလိုတော့ဘူးပေါ့

  • ma san san aye

    I THINK YOU MAKE THE CONNECTION IS QUIET DEEP BUT FEEL TO READ IT WELL. THANKS .

  •ွGahpi

    အပြန်အလှန်ပေးဆပ်ရတာပေးလေ..
    မြစ်ကြီးရဲ့ ကြမ်းပြင်ရင်ခွင်ကို ထိုးဖောက်ရသလို……
    တံတားကလည်းး အရာရာအဆင်ပြေဖို့ ကျောခင်းပေးရတာပဲလေ…
    ဟုတ်ဘူးးလားးးး.
    ထင်မြင်ချက်ကိုရေးတာပါ အမှားပါလျှင်ခွင့်လွှတ်စေချင် 🙂

  • hololodilolo

    တံတားလည်း မျှော်လင့်ချက် ရှိတတ်တာပဲ.. ခိုင်ခန့်ဖို့နဲ့ ရေရှည်တည်တံ့ဖို့ စသဖြင့်ပေါ့..

  • empathy

    သြော်…. မြစ်ကလည်းတိတ်တိတ်လေးလက်စားချေတတ်တာ သူငယ်ချင်းမေ့နေရော့သလား။
    တံတားတွေပျက်ဆီးတာဖြတ်ကူးသူတွေကြောင့်ပဲထင်နေသလား။ မြစ်ကြီးကအငြိုးတကြီး တိတ်
    ဆိတ်စွာလက်စားချေနေတာကလွဲယင်…..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: