လမ်းများ



လမ်းဆိုတာ တစ်လမ်းတည်း ဘယ်တော့မှ မရှိပါဘူး။ လူဆိုတာ ကိုယ်သွားနေကြလမ်းကို ပဲ ပုံမှန်အတိုင်းသွားတတ်ကြတာ ထုံးစံပါပဲ။ တစ်ခါတစ်လေတော့လည်း လမ်းသစ်တွေကို ရှာဖွေတတ်ကြပါတယ်။

လမ်းသစ်တွေကို မတွေ့ခင်အထိတော့ ကိုယ်သွားနေကြ လမ်းက ကိုယ့်အတွက် အကောင်းဆုံးလို့ ထင်ကြမှာပါပဲ။ လမ်းသစ်ကို ရှာတယ်ဆိုတာကလည်း စွန့်စားရတဲ့ အလုပ်တစ်ခုဆိုတော့ တော်ရုံလူက မလုပ်ချင်ကြပါဘူး။

ကျွန်တော် ဂျပန်မှာ အလုပ်ကိစ္စနဲ့ နေရတုန်းက နေရတဲ့ အဆောင်ကနေ ဘူတာကို သွားတဲ့ လမ်းကို ပုံမှန်ကိုယ်သိတဲ့ သွားနေကြလမ်းအတိုင်းပဲ သွားပါတယ်။ အခြားသွားလို့ရတဲ့ လမ်းရှိလောက်မယ်ဆိုတာ သိနေပေမယ့် အဲဒီ အခြားလမ်းတွေကို စွန့်စားပြီး မသွားရဲဘူး။ ဘာလို့လဲဆိုရင် တကယ်လို့ လမ်းပျောက်သွားရင် အချိန်တွေက ကုန်ပြီး ရုံးတက်နောက်ကျနိုင်တယ်လေ။ ဒီလိုနဲ့ ပဲ ၁ လလောက်က သွားနေကြလမ်းကိုပဲ သွားနေဖြစ်ပါတယ်။ အဲဒီသွားနေကြလမ်းက ကားအသွားအလာနဲ့ ဘတ်စ်ကား အသွားအလာ များပြီး လမ်းကလည်း ကျဉ်းပါတယ်။

တစ်နေ့ ရုံးပိတ်ရက်မှာတော့ လမ်းသစ်တွေ့လိုတွေ့ငြားဆိုပြီး စက်ဘီးလျှောက်စီးရင်း လမ်းသစ်ရှာဖြစ်ပါတယ်။ တကယ်လို့ လမ်းသစ်တွေ့ရင်လည်း အဆင်ပြေအောင်နဲ့ အညောင်းအငြာပြေဆိုပါတော့။ ထင်ထားတဲ့ အတိုင်း လမ်းသစ် နှစ်လမ်းတောင်တွေ့ပါတယ်။ လမ်းကလည်း သွားနေကြလမ်းထက် အနည်းငယ် ကျယ်ပြီး ကားအသွားအလာလည်း ရှင်းတော့ စက်ဘီးစီးသွားရတာ အတော်လေးကို အဆင်ပြေပါတယ်။ နောက်ဆိုရင် လမ်းသစ်ကပဲ သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီလိုပဲ ကျွန်တော်တို့ လူ့ဘ၀မှာ ကိုယ်သွားနေကြလမ်းဟောင်းကြီးကိုပဲ အမြစ်တွယ်ပြီး သွားနေကြတဲ့ လူတွေ အများကြီးရှိကြမှာပါ။ ကိုယ်သွားနေကြလမ်းမှာ အခြား သွားလို့ ရနိုင်တဲ့ ပန်းတိုင်ကို ပိုပြီး ချောမွေ့စွာ ရောက်နိုင်တဲ့ လမ်းတွေ အများကြီး ရှိနိုင်မှာပါပဲ။ ဒါပေမယ့် အချိန်မပေးနိုင်တာ၊ အခက်အခဲဖြစ်မှာကို ကြောက်တာကြောင့် လမ်းသစ်ကို မရှာဖွေ ဖြစ်ကြတဲ့ လူတွေ အများကြီး ရှိကြမယ်လို့ ထင်ပါတယ်။

ဒါပေမယ့် လမ်းသစ်တစ်ခုကို အချိန်တစ်ခုပေးပြီး စမ်းသပ်ရှာဖွေပြီး ကိုယ်နဲ့ သင့်တော်မယ်ထင်ရင် ပြောင်းလဲမှုတွေ လုပ်သင့်ပါတယ်။ လမ်းသစ်ဖြစ်တိုင်းလည်း ကောင်းလာလိမ့်မယ်လို့ အတတ်ပြောလို့တော့ မရဘူးပေါ့ဗျာ။ ဒါပေမယ့် ကိုယ်သွားနေတဲ့ လမ်းကြောင်းနဲ့ နှိုင်းယှဉ်ကြည့်ပြီး ကိုယ့်အတွက် သင့်တော်မယ်ထင်ရင် ပြောင်းလဲမှုဆိုတာမျိုးက လုပ်သင့် စွန့်စားသင့်တဲ့ အရာပါ။ လူတကာ သွားတဲ့ လမ်းကြောင်းကို ကိုယ်ကသင့်တော်တယ်ထင်ရင်လည်း အဲဒီလမ်းကြောင်းကို လိုက်ရသလို၊ ကိုယ်နဲ့သင့်တော်မယ့် လမ်းသစ်ဖောက်သင့်ရင်လည်း လမ်းသစ်ဖောက်ပြီး သွားရမှာပါပဲ။

လောကကြီးမှာ သွားစရာ လမ်းတွေ အများကြီးရှိပါတယ်။ အဓိကကတော့ ကိုယ်ကိုယ်တိုင် ရွေးချယ်တဲ့ လမ်းကို ကိုယ်ကိုယ်တိုင် လျှောက်ရမယ် ဆိုတာပါပဲ။ ပြီးတော့ လမ်းပြောင်းသင့်ရင်လည်း ပြောင်း၊ ပြန်လှည့်သင့်ရင်လည်း လှည့် ဒါကလည်း ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ပြီး လုပ်ဆောင်ရမယ့် အရာတွေပါပဲ။ ဘာမဆို ကိုယ်သာလျှင် ကိုယ့်ဘ၀ရဲ့  အရှင်သခင်မဟုတ်ပါလား။

ရေးသားသူ။ ။ကောင်းမြတ်ထွန်း

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

14 responses to “လမ်းများ

  • July zarni

    そうですね!でも、道はたくさんあるからどこの道を選ぶか迷った事があります。
    私は新しい道を選んだのはまだ3ヶ月だけです。自分と適切な道を選んだと思い
    ますけど、時々後悔した日にちもありますよ。でも、自分が選んだ道だから、
    どんなに苦しいことがあっても、最後まで頑張ろうと思ってます。
    それが私の思想です。

    どうかな!?

    • KaungGyi

      自分が選んだ道て、最高ですから諦めず頑張ってね!

      • July zarni

        はい、ありがとうございます。
        今から、頑張ってます。
        私、思想の手紙も大好きです。
        悩んだ時にそれは何か、手助けますよね!

  • khin thandar win

    I like ur write…thanks…

  • ma san san aye

    YOU ARE ABSOULETLY RIGHT,,,,,,BUT IN OUR REAL LIFE MOST OF PEOPLE ARE DARE NOT ADVENTURE ,,WAY TO LOOK FOR NEW PATH,,,,,,,COS USE TO EAT TO FOLLOW OLD ,,,,,,,,BUT OTHER WAY ROUND TO THINK THAT ,,,,,,,,YOU NEVER KNOW TILL YOU NEVER CHANGE THE WAY ,,,,,,,,AND MAKESURE NEW IS BETTER THAN OLD,,,SO,,,,,,,WHATEVER IS THIS ,YOUR LIFE IS IN YOUR HAND. THANKS U.

  • ww

    ko kaung gyi, this post makes me think a lot.
    i like it.

  • hein gyi

    ကောင်းတယ်ဗျာ..
    ကျွန်တော် အတွက်အားဖြစ်တယ် ..
    ကျွန်တော်ကလမ်းသစ်ကိုတွေ့ပြီ..
    ဒါပေမယ့်ချီတုံချတုံဖြစ်နေတယ်လေဗျာ..ခင်ဗျားပြောသလိုပေါ့
    စွန့်စားရမယ့်ဟာတွေ စိုးရိမ်မှုတွေနဲ့ ပေါ့ …
    ဒါပေမယ့် ကျွန်တော်ကလုပ်ပြီဆိုရင် နောက်လှည့်မကြည့်ချင်တော့ဘူး
    ၂ ခွလဲမဖြစ်ချင်ဘူးဗျာ..
    ကျွန်တော် ဖောင်ဖျက်လိုက်ချင်တယ် …
    ဘာပဲဖြစ်ဖြစ် ကောင်းကြီးဒီပိုစ်ကိုတင်အတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ်ဗျာ
    ခင်ဗျားက ကျွန်တော့ဥာဏ်တွေကိုလင်းပွင့်စေတယ်..
    အဲဒီတော့ …
    ခင်ဗျားလဲ အလင်းစေတမန်ပါပဲလေ…။

    ဟိန်း

    • KaungGyi

      သူငယ်ချင်းရေ
      ချီတုံချတုံဖြစ်တာကတော့ ငါလည်း ဒီလိုပါပဲ။

      တစ်ခါတစ်လေ ဖောင်ဖျက်ပြီး လုပ်တာကောင်းသလို
      တစ်ခါတစ်လေ လည်းလွတ်လမ်းရှာ ထားသင့်တာပါပဲ။

      ဖောင်ဖျက်လိုက်ရင်တော့ အဆုံးအထိ လုပ်ရတော့မှာပေါ့။
      ဘယ်လို နည်းပဲ စဉ်းစားစဉ်းစားပါ။ ကိုယ်ဆုံးဖြတ်ချက်အတိုင်းသာ လုပ်ပါသူငယ်ချင်းရေ။

  • Jasmine

    terrific post!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: