တစ်ခါတစ်လေတော့လည်း


တစ်ခါတစ်လေတော့လည်း သိစေချင်တယ်။ တစ်ယောက်တည်း ဖြစ်နေတဲ့ အချိန်တွေမှာ ဘာလို့ လွမ်းသလိုလို သတိရမိသလိုလို ဖြစ်နေရတာလဲ။ ဘာမှန်းမသိတဲ့ ခံစားချက်တွေနဲ့ ခံစားချက်ထဲမှာ စီးမျောရင်း ငါတွေးမိပါတယ်။ အရင်က ပြောခဲ့ ကြားခဲ့ရတဲ့ မင်းစကားတွေ မင်းပုံရိပ်တွေ ပြန်မြင်ရောင်မိတိုင်း ငါဘာလို့ ၀မ်းနည်းမိတာလည်း။ မင်းက ငါ့ကို မချစ်နိုင်ခဲ့လို့လား။ ငါက မင်းချစ်လာအောင် မလုပ်နိုင်ခဲ့လို့လား။ ဘာမှန်းမသိတဲ့ အကြောင်းပြချက်တွေနဲ့ ငါနဲ့ မင်းနဲ့ မနီးစပ်နိုင်ခဲ့ပေမယ့် ငါမင်းကို ချစ်ခဲ့တယ် ချစ်နေတယ် ဆိုတာကိုတော့ နင့်ကို သိစေချင်ပါတယ်။

တစ်ခါတစ်လေတော့လည်း ခံစားမိတယ်။ ငါက ဘာကို ချစ်ခဲ့တာလည်းပေါ့။ နင်အမြဲမေးတဲ့ နင့်ကို ဘာလို့ချစ်တာလည်း လို့မေးလာတိုင်း ငါဘာကို ပြန်ဖြေရမှန်းမသိ ဖြစ်ခဲ့ရပေမယ့်။ အကြောင်းပြချက်တွေ မရှိတဲ့ အကြောင်းမဲ့ ချစ်ခြင်းနဲ့ နင့်ကို ငါချစ်ခဲ့တာပါလို့ ငါပြန်ပြောနေမိပါတယ်။ ချစ်တယ်ဟာ လို့ပဲ ပြောတတ်တဲ့ ငါ့ နှုပ်ခမ်းတွေက စကားလုံးတွေကို မယုံဘူးဆိုတဲ့ နင့်စီက လွင့်ကြလာတဲ့ အသံကို ကြားတိုင်း ငါရင်တွေ နာရပါတယ်။

တစ်ခါတစ်လေတော့လည်း ငါနင့်ကို တွေ့ချင်တယ်။ ငါနင်နဲ့ နေခဲ့တဲ့ အချိန်လေးတွေက မကြာခဲ့တဲ့ ရေပွတ်လို အချိန်လေးတွေ ဖြစ်ခဲ့ပေမယ့်။ ငါဘာလို့ အဲဒီ အချိန်တွေကိုပဲ တမ်းတမ်းတတ ဖြစ်နေလည်း မသိဘူး။ စိတ်လှုပ်ရှားမှုတွေနဲ့ ပျော်ခဲ့ရတဲ့ အဲဒီလို အချိန်တွေကို ငါ ပြန်သွားလို့ရရင် ပြန်သွားပြီး အချိန်တွေကို ရပ်တန့်ထားချင်တယ်။
တစ်ခါတစ်လေပါပဲ။ တကယ်ပါ တစ်ခါတစ်လေ လေးပါပဲ။

တစ်ခါတစ်လေတော့လည်း အဝေးကြီးမှာပဲ နေချင်တယ်။ ငါနင့်ကို တွေ့တိုင်း ငါနင့်ကို မြင်တိုင်း ရင်ဘက်ထဲက အောင့်အောင့်လာတယ်။ ငါနင်နဲ့ မတွေ့ ချင်ဘူး။ ဘာလို့လဲဆိုရင် နင့်ကို မြင်ရင် ငါရင်တွေနာတယ်။ ငါတစ်ကိုယ်ကောင်းဆန်တယ်ပဲ ပြောပြော နင့်ကို မတွေ့နိုင်တဲ့ အဝေးကြီးတစ်နေရာမှာပဲ နင့်ကို လွမ်းနေ သတိရနေရတာကပဲ ငါ့အတွက် အကောင်းဆုံးပဲ လို့ ထင်ပါတယ်။

တစ်ခါတစ်လေတော့လည်း တစ်ကယ်ပါ တစ်ခါတစ်လေလေးပါပဲ။

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

9 responses to “တစ်ခါတစ်လေတော့လည်း

  • ပိုင်ပိုင်

    ကိုကောင်းကြီးရေ
    ရေးထားတာတစ်ကယ်ကိုကောင်းပါတယ်
    ဒါပေမယ့် စာလုံးပေါင်းတွေကတော့မှားတုန်းပဲနော် 😛

    • KaungGyi

      စာလုံးပေါင်းတွေမှားတာတော့ မပြောပါနဲ့ တော့။ မြန်မာစာ အတွက် spelling check function ထွက်လာမှပဲ မှန်တော့မယ် ထင်တယ်။ 😀

  • lei wai

    ခံစားချက်တွေ….
    မေ့ဖို့ကြိုးစားခဲ့တာတွေရော….
    အသစ်ဖြစ်လာတဲ့နာကျင်မူတွေ……တကယ့်ကို..ရင်ဘက်ထဲက အောင့်အောင့်လာတယ်
    🙂

  • Fried Fish

    ကိုကောင်းကြီး
    ရင်တွင်းဖြစ်တွေလား ဖြစ်ရပ်မှန်တွေလား
    စာသားတွေကကောင်းတယ်ဗျာ….
    ဒီစာသားပိုကိုကြိုက်တယ်….
    မင်းက ငါ့ကို မချစ်နိုင်ခဲ့လို့လား။ ငါက မင်းချစ်လာအောင် မလုပ်နိုင်ခဲ့လို့လား။

    • KaungGyi

      အင်း ငါးကြော်ရေ……..
      ရင်တွင်းဖြစ်တွေလို့ ပြောရမလား………………
      ………………………………………………………….
      ကျေးဇူးတင်ပါတယ်။

  • chozin

    တကယ်ကောင်းတဲ့ခံစားချက်လေး ပါ တော်တော်ကောင်းပါတယ်။။။။။။။။။။။။။။။။။။

  • ဇဉ်

    တစ်ခါတစ်လေတော့လည်း အဝေးကြီးမှာပဲ နေချင်တယ်။ ငါနင့်ကို တွေ့တိုင်း ငါနင့်ကို မြင်တိုင်း ရင်ဘက်ထဲက အောင့်အောင့်လာတယ်။ ငါနင်နဲ့ မတွေ့ ချင်ဘူး။ ဘာလို့လဲဆိုရင် နင့်ကို မြင်ရင် ငါရင်တွေနာတယ်။ ငါတစ်ကိုယ်ကောင်းဆန်တယ်ပဲ ပြောပြော နင့်ကို မတွေ့နိုင်တဲ့ အဝေးကြီးတစ်နေရာမှာပဲ နင့်ကို လွမ်းနေ သတိရနေရတာကပဲ ငါ့အတွက် အကောင်းဆုံးပဲ လို့ ထင်ပါတယ်။

    တစ်ခါတစ်လေတော့လည်း တစ်ကယ်ပါ တစ်ခါတစ်လေလေးပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: