Love Cycle (အချစ်သံသရာ)


အချစ်ဆိုသည်မှာ၊ ရေနှင့်တူသည်။ ကြည်လင်သည်။ အရောင်မရှိ၊ ဖော်ပြလို့ရတဲ့ ပြောပြလို့ရတဲ့ အရသာမရှိ။ ရေဆိုသည်လည်း ထိုအတိုင်းပင် ဖြစ်သည်။ ဒီအတိုင်းဆိုရင် ကောင်းသော်လည်း ရောနှောပတ်သက်မှုကြောင့် ပြောင်းလဲတတ်သော သဘောတရားရှိသည်။ ၄င်း၏ ပင်ကိုမူလသည်မှာ ရေစင်ပင်ဖြစ်သည်။

အချစ်ဆိုသည်မှာ၊ ယောက်ျားလေးများတွင် ချစ်တတ်လာပြီ ဆိုလျှင် ထိုအချစ်များသည် ရေကဲ့သို့ စီးဆင်းလာပါသည်။ ဒီလိုဖြင့်ပင် ချစ်တတ်သော ယောက်ျားလေးများသည် မြစ်ချောင်းများကဲ့သို့ ရေကို စီးဆင်းစေပါသည်။ ထို့ကြောင့် ယောက်ျားလေးများ၏ အချစ်သည် မြစ်ချောင်းများကဲ့သို့ အချစ်များကို အစဉ် စီးဆင်းစေသည်။ အချစ်မရှိသေးသော အချိန်အထိ ယောက်ျားလေးများ၏ ဘ၀သည် ရေမရှိသော မြစ်ချောင်းများကဲ့သို့ ခြောက်သွေ့ နေတတ်ပါသည်။

အချစ်ဆိုသည်မှာ၊ မိန်းမလေးများတွင် ချစ်တတ်လာပြီဆိုလျှင် ထိုအချစ်များသည် ဆည်များ ကန်များတွင် ရေရှိရန်လိုအပ်သကဲ့သို့ပင် အချစ်များကို တောင့်တလာပါသည်။ ထို့ကြောင့် ချစ်တတ်သော မိန်းမလေးများသည် မြစ်ချောင်းများစီမှ စီးဆင်းလာသော ရေများကို လှောင်ထားတတ်သော ဆည်များ ကန်များကဲ့သို့ပင်၊ ၄င်းတို့အတွက် ပြည့်စုံသောအချစ်များ ပြည့်ဝသည်အထိ သိုလှောင်ပါတော့သည်။ ထို့ကြောင့် မိန်းမလေးတွေရဲ့  အချစ်သည် ဆည်တွေကန်တွေကဲ့သို့ပင် အချစ်များဖြင့် အစဉ်အမြဲ ပြည့်ဝနေစေပါသည်။ အချစ်မရှိသေးသော  အချိန်အထိ မိန်းမလေးများ၏ဘ၀သည် ရေမရှိသော ဆည်၊ ကန်ကဲ့သို့ ဖြစ်နေတတ်ပါသည်။

မြစ်ချောင်းဖြင့်တူသော ယောက်ျားလေးနှင့် ဆည်ကန်ဖြင့် တူတဲ့ မိန်းမလေး နှစ်ယောက် ချစ်မိကြပြီဆိုလျင်……ယောက်ျားလေးက မိန်းမလေးအတွက် လိုအပ်သော အချစ်များကိုပြည့်ဝစေရန် အစဉ်အမြဲ ဖြည့်တင်းပေးရပါသည်။ မိန်းမလေးသည်လည်း ၄င်းအတွက် လိုအပ်သော အချစ်ပမာဏထက် ပိုမိုသော အချစ်များကို ရရှိတော့မှသာ ၄င်းချစ်သော မြစ်ချောင်းဖြင့်တူသော ယောက်ျားလေးကို အချစ်တွေ ပြန်ပေးသဖြင့်  မြစ်ချောင်းဖြင့်တူသော ယောက်ျားလေးသည်လည်း အချစ်များ ပြန်လည်ရရှိပြီး လောကလမ်းကို ဆက်လက်ပြီး လျောက်လှမ်းသွားနိုင်ပါသည်။ ဒီလိုဖြင့် ချစ်တတ်သောသူနှစ်ဦး ဖြစ်လာပါတော့သည်။

မြစ်များ ချောင်းများသည် ပင်လယ်တွင်းသို့ စီးဆင်းပါသည်။ ထိုပင်လယ်ကြီးသည် လူ့လောကကဲ့သို့ပင် ကျယ်ဝန်း၊ နက်ရှိုင်းပါသည်။ ပင်လယ်ဖြင့် တူသော ထိုလောကကြီးသည်လည်း အချစ်များကို လိုအပ်ပါသည်။ အချစ်များဖြင့် တည်ဆောက်ထားမှသာလျှင် ထိုလောကကြီးသည် သာယာလှပနေပေမည်ဖြစ်သည်။ ပင်လယ်ထဲတွင် ရေများ အမြဲရှိနေပါသော်လည်း၊ မြစ်ချောင်းတိုင်းကတော့ ပင်လယ်သို့ ပေးအပ်သော ရေပမာဏက မတူညီနိုင်ကြပါ။ သို့သော်လည်း ပင်လယ်ကြီးသည် စီးဝင်လာမည့် ရေများကို အမြဲလက်ခံနေဦးမည်ပင်ဖြစ်သည်။

နေမင်းကြီးက…ဘာသာတရားဖြင့်တူသည်။ နေ၏ စွမ်းဆောင်ပေးမှုကြောင့် ပင်လယ်ထဲမှ ရေများသည် အငွေ့ အဖြစ်ဖြင့် တိမ်တိုက်တွေဖြစ်ပြီး မြစ်ချောင်းများ၊ ဆည်ကန်များ၏ မူလပထမ ရေကြည်စင် ဖြစ်တည်ရန်အတွက် ပြန်လည်ဖော်ဆောင်ပေးသည်။ ချစ်ခြင်းမေတ္တာများကို ဖန်တီးပေး တည်ဆောက်ပေးသော ဘာသာတရားကြောင့် အေးချမ်းသော ကြည်လင်မှုအပြည့်ရှိသော ရေစင်ကို ဖြစ်တည်စေပါသည်။

တောင်တန်းများသည် မိဘနဲ့တူတယ်သည်။ အချစ်စစ် မေတ္တာမှန်နဲ့ တူသော ရေစင်စစ်စစ်သည် ထိုနေရာတွင်သာ ဖြစ်တည်နိုင်သည်။ ထို့နောက် ၄င်းရေများကိုမြစ်ချောင်းများ၊ ဆည်ကန်များထဲသို့ စီးဆင်းသွားစေသော်လည်း မည်သည့်အခါမျှ စီးဆင်းသွားသောရေများကို စုန်ပြန်လာစေရန် မျှော်လင့်မနေတတ်ပါ။ သူတို့မှ ဖြစ်တည်သွားတဲ့စတင်သွားတဲ့ ရေလို အချစ်တွေ လောကနဲ့တူတဲ့ ပင်လယ်ထဲကို စီးဆင်းသွားသည်ကိုပဲ အပြုံးမျက်နှာဖြင့် စောင့်ကြည့်နေတတ်သော မိဘများပင်ဖြစ်ပါသည်။

သစ်ပင်တောအုပ်များသည် မိတ်ဆွေသူငယ်ချင်း ဆွေမျိုးများဖြင့် တူသည်။ ၄င်းတို့ကလည်း ရေဖြင့်တူသော ချစ်ခြင်းမေတ္တာကို လိုအပ်ကြသကဲ့သို့ ၄င်းတို့ကြားသို့ မြစ်ချောင်းလေးများ ဖြတ်သန်းစီးဆင်းသွားစေချင်ကြသည်။ တခါတရံ ဆည်ကန်တည်သောအခါ အနည်းအများသော သစ်ပင်များ ပျက်စီးသွားတတ်ကြပါသည်။ သစ်ပင်တောအုပ်များဖြင့် ဖြစ်ချောင်းလေးတွေကလည်း အပြန်အလှန် မှီခိုအားထားနေကြရသော မိတ်ဆွေကောင်း ဆွေမျိုးကောင်းတွေပင်ဖြစ်သည်။

ဒီလိုဖြင့်ပင် ရေသံသရာ လည်နေသကဲ့သို့ အချစ်သံသရာ လည်တတ်ပါသည်။


မှင်စက်…..@Yokohama

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

One response to “Love Cycle (အချစ်သံသရာ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: