ချစ်သူရဲ့ ပင်ဒိုရာသေတ္တာ


ချစ်သူရဲ့ ပင်ဒိုရာသေတ္တာ
by စွန်းထင်ခဲ့သော မှင်စက်များ on Saturday, September 22, 2012 at 5:29pm ·

ချစ်သူပေးခဲ့သော ဖြစ်တည်ခြင်းများ

ရှေးဟောင်း ဂရိဒဏ္ဍာရီထဲက

နတ်ဘုရားပေးတဲ့ သေတ္တာတစ်လုံး

လက်ဆောင် အဖြစ်နဲ့ ရခဲ့ဖူးတဲ့

ပင်ဒိုရာ သေတ္တာလိုပါပဲလား။

ချစ်သူကို နားလည်ချင်သော

သေတ္တာထဲမှာ ဘာတွေပါမလဲ

စူးစမ်းရှာဖွေ သိနားလည်ချင်ခဲ့တဲ့

ရှေးဟောင်း လူသားတစ်ယောက်လို

ပင်ဒိုရာ သေတ္တာကိုဖွင့်လိုက်ပါတယ်။

ချစ်သူရဲ့  အလုံးစုံသော ဖြစ်တည်ခြင်းများ

ရှေးဟောင်း ပင်ဒိုရာ သေတ္တာထဲမှာလို

အရာအားလုံးက လွင့်ပျံထွက်သွားလိုက်တာ

အံ့သြငေးမောနေပြီး မှင်သက်နေမိခဲ့တယ်။

ရှေးလူသားကတော့ ရုတ်တရက် ပြန်ပိတ်လိုက်လို့

မျှော်လင့်ချက်ဆိုတာတစ်ခုပဲ သေတ္တာထဲမှာကျန်ခဲ့ပြီး

လူသားတွေက ဘ၀တစ်သက်တာမှာ

မျှော်လင့်ချက်နဲ့ပဲ အသက်ရှင်ရပါတော့တယ်တဲ့။

ဒါပေမယ့် ကျွန်တော်ကတော့

ချစ်သူရဲ့  ပင်ဒိုရာ သေတ္တာထဲက ရှိဖြစ်တည်ခြင်းများ

အရာအားလုံး ကုန်လွင့်သွားသည့်တိုင်

အပြုံး တစ်ခုနဲ့ ငေးမောကြည့်ရင်း

မျှော်လင့်ချက်ကိုပါ လွင့်ပျံသွားစေချင်တယ်။

ဘာမှ မကျန်သည့်တိုင်အောင်ပေါ့။

မှင်စက်@Tokyo

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: