နာကျင်နေသူများစီ ပို့ပေးဖြစ်ခဲ့သော အပြုံးများ


အပြုံးများလိုအပ်နေသည်။ လုပ်အားများ လိုအပ်နေသည်။ အပြုံးများစွာနဲ့ လုပ်အားများကို ပို့ပေးမည်။ ကျွန်တော် အိပ်မက်မက်တတ်သည်။

 

လုပ်အားပေးလုပ်ဖို့ အလုပ်တွေများရသည်။ တစ်ပတ်တစ်ခါ အစည်းအဝေးသွားရသည်။ ရုံးကစောစောပြန်တတ်တဲ့ ကျွန်တော် အစည်းအဝေးမစခင် ၁နာရီအမြဲကြိုရောက်သည်။ သူငယ်ချင်းတွေကတော့ အလုပ်များကြတော့ နောက်ကြကြပါသည်။ ဒါပေမယ့် ကျွန်တော် စောင့်စားတတ်သည်။ အလုပ်တစ်ဖက်နဲ့ လုပ်အားပေးအတွက် အလုပ်လုပ်ရတာလည်း အလွန် ပင်ပန်းသည်။ ဒါပေမယ့် ပင်ပန်းတယ်လို့ မထင်ပါ။ ဘာ့ကြောင့်ရယ်တော့ မသိ၊ ဒါပေမယ့် ကျွန်တော်ပျော်ပါသည်။ ဂျပန်ရောက် မြန်မာကျောင်းသားကျောင်းသူတွေနဲ့ မြန်မာ ပညာရှင်တွေအတူတူ လုပ်အားပေးသွားနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်ပေးရတာကို ပျော်သည်။

 

တစ်နေ့တစ်နေ့ ရုံးကအပြန် အစည်းအဝေးကစောင့်ကြိုနေသည်။ စောစောအိပ်တတ်သော ကျွန်တော် ကွန်ပြူတာကပြောသော ၁နာရီထိုးပြီဆိုသော စကားကို ကြားဖူးခဲ့ပြီ။ ဒါပေမယ့် ပျော်ပါသည်။ ပျော်ပါသည်ဆိုလို့ စိတ်ညစ်တတ်သလားဆိုတော့လည်း စိတ်ကလည်း မညစ်တတ်ပါ။ တစ်ခုသဘောကြတာက အစည်းအဝေးလုပ်ကြသော သူငယ်ချင်းများ အချင်းချင်း ရန်မဖြစ်ကြပါ။ အလွန်ခင်ဖို့ကောင်းပါသည်။ ကျွန်တော်က ရန်ဖြစ်ကြည့်ချင်လိုက်သေးပေမယ့် မဖြစ်လိုက်ရပါ။ (စနောက်ခြင်းဖြစ်ပါသည်)

 

စုစုပေါင်း မြန်မာလူငယ် ၄၃ယောက်၊ အဖွဲ့တွေခွဲလိုက်တော့ ၄ဖွဲ့ ဖွဲ့ ဖြစ်သည်။ ခေါင်းဆောင်တွေကိုရွေးပြီး တာဝန်ခွဲဝေရေးလုပ်သည်။ အားလုံးကို ခေါင်းဆောင်များက အဆင်ပြေအောင် လုပ်ပေးသည်။ ကျွန်တော် ပီတိဖြစ်မိသည်။ ပြီးတော့ ကျွန်တော်ပျော်သည်။ ထုံးစံအတိုင်း မိန်းကလေး အင်အားကများသည်၊ ယောက်ျားလေးက ၁၀ယောက်နီးနီးပင် မနည်းထိန်းထားရသည်။ ဒါပေမယ့် အဆင်ပြေသည်။ အားလုံးရဲ့ နှလုံးသားက ပွင့်လင်းသည်။

 

စနေနေ့မနက် ခရီးသွားဖို့ အိပ်ရာထသည်။ နှိုးရမည့် သူများကို နှိုးသည်။ နှိုးမရသည့်သူများကို ထပ်ထပ်နှိုးရသည်။ အစောကြီးထရသည်၊ ဒါပေမယ့် လန်းဆန်းနေသည်။ ပထမဆုံး ထွက်ခွာလာသော ရထားကို စီးသည်။ ပြီးတော့ မသိသောလမ်းကိုသွားသည်။ ဒါပေမယ့် လမ်းမပျောက်သော လမ်းညွန်ရှိသည်။ အစောဆုံးရောက်နေသည်။ ပြီးတော့ ပစ္စည်းတွေသယ်သည်။ သူငယ်ချင်းများ စုရပ်ကို သွားသည်။ အားလုံး ရောက်နေကြသည်။ နောက်ကျသူမရှိ၊ သာမာန်ကိစ္စတစ်ခုပင်ဖြစ်သည်။ ဂုဏ်ယူမိသည်။ ပြီးတော့ ကျေးဇူးတင်မိသည်။

 

စကားတွေအများကြီးပြောဖြစ်သည်။ အပြုံးတွေအများကြီး တွေ့ ရသည်။ နာမည်လွယ်လွယ် မမှတ်မိသော ကျွန်တော် နာမည်အများကြီး မှတ်ရသည်။ အလွန်ပင် ခက်ခဲသည်။ အခက်ခဲဆုံး အလုပ်ဖြစ်သည်။ ဒါပေမယ့် အပြုံးတွေ အများကြီး တွေ့ ရသည်။ အပြုံးများပေးဝေမိသည်။ ကားပေါ်မှာ အနားယူဖြစ်သည်။ ဒါပေမယ့် ရှုခင်းများလည်း အတော်လှသည်။

 

နေ့လည်စာ စားကြတော့ ဆိုင်တစ်ဆိုင်ကို ၀င်သည်။ ဆိုင်ဝန်ထမ်းက အသံမာမာနဲ့ပြောသည်။ မခံစားနိုင်သော သူငယ်ချင်းများ ထွက်သွားကြသည်။ စိတ်မကောင်းဖြစ်မိသည်။ ဒါပေမယ့် ကျွန်တော် ထမင်းဝအောင်စားသည်။ ပြီးတော့ ဓာတ်ပုံရိုက်သည်။ လမ်းလျောက်သည်။ သူငယ်ချင်းများကို ပြုံးပြသည်။

 

တိုးဟိုခုသွားမယ် သာပြောတယ်။ ကိုယ်သွားမယ့် မြို့ နာမည်ကို အတော်နဲ့ မမှတ်မိခဲ့ပါ။ နတိုရီမြို့  လို့ခေါ်တဲ့ မြို့ ရောက်တော့ နယ်မြို့ တို့ထုံးစံအတိုင်း ကားအရောင်းပြခန်းများ အများအပြားတွေ့ ရသည်။ မြို့ နယ်ရုံးကို ရောက်တော့ လူတစ်ဦးတက်လာသည်။ ကလေးတစ်ဦးလည်းပါသည်။ ဆာကူရအိ အမည်ရ မြို့ ခံ တံငါသည် တစ်ဦးဖြစ်သည်။ ဇာတ်လမ်းများ ပြောပြသည်။ ကြေကွဲဝမ်းနည်းတတ်သော ကျွန်တော် ရင်ဘက်ထဲမှာ ငိုမိသည်။ ဒီလူ စကားပြောတတ်သည်ဟုလည်း ထင်မိသည်။ ဒါပေမယ့် ကလေးကတော့ အတော်ဆော့သည်။ ဒါပေမယ့် အားလုံး ပြုံးနေသည်။

 

လယ်ကွင်းတစ်ခုစီသို့ရောက်သည်။ ဂျပန်လယ်ကွင်းထဲက စပါးနှံများကို စားကြည့်မိသည်။ ချိုမွေးသော ရနံ့ကို နှစ်ခြိုက်မိသည်။ လယ်ကွင်းတည်ဆောက်ပုံကို သဘောကြသည်။ စည်းစနစ်ကြသည်။ နည်းပညာ ရှိသည်။ ကျွန်တော် အားကြသည်။ ပြီးတော့ မြန်မာပြည်ကိုလည်း ဖြစ်စေချင်သည်။

 

ဆူနာမီဒဏ်ခံမြို့  အရှေ့ ခြမ်းကို သွားသည်။ အဝေးပြေးလမ်းမတစ်ဖက်ခြမ်းမှာ ရှိသည်။ အဝေးပြေးလမ်းမကို ကျော်တော့ ဟင်းလင်းပြင်ကြီးကို တွေ့ ရသည်။ ဒီနေရာမှာ အရင်က လူနေအိမ်တွေ ရှိသည်။ ကြေကွဲစရာ ဇာတ်လမ်းများ ရှိခဲ့ပြီ။ နှလုံးသားတစ်ခြမ်းနဲ့ ငိုမိသည်။ တောင်ကုန်းလေးပေါ်က ဘုရားကျောင်း ပျက်ကလေးမှာတော့ ဆုမွန်ကောင်းတွေ တောင်းခဲ့သည်။ ပင်လယ်ကြီးလည်း မြင်ရသည်။ ကျွန်တော် ပင်လယ်ကို မမုန်းနိုင်သေးဘူး။

 

ညနေစောင်းတော့ ရေချိုးသည်။ ဂျပန်ရေချိုးခန်းဖြစ်သည်။ အညောင်းအညာပြေသည်။ စကားအချို့ ပြောဖြစ်သည်။ ဒါပေမယ့် မျက်စိမှုန်နေသည်။ ပင်ပန်းမှုတွေတော့ ပြေပျောက်သွားသည်။ အပြန်လမ်းကို ကြည့်မိသည်။ နေ၀င်နေပြီ။

 

ညစာထမင်းစားပွဲရှိသည်။ အလုပ်ရှုပ်သူတွေ ရှုပ်ကြသည်။ အလုပ်လုပ်သူတွေ လုပ်ကြသည်။ ပြီးတော့ စားကြသည်။ သောက်ကြသည်။ ပျော်ကြသည်။ ပြုံးပန်းဝေကြသည်။ အချိန်တွေလည်း အကုန်မြန်လှသည်။ ကျွန်တော်လည်း သနပ်ခါးလိမ်းဖြစ်သည်။ အားလုံး ပြုံးနေသည်။

 

မနက်ဖြန်ပွဲအတွက် ပြင်ဆင်ရမည်။ ချက်မယ်ပြုတ်မယ်။ လှီးမယ် ခုတ်မယ်။ ဆေးမယ်။ ထုံးစံအတိုင်း အခက်အခဲများရှိသည်။ ဒါပေမယ့် ထုံးစံအတိုင်းပဲ ကျော်လွှားလိုက်သည်။ ဘယ်နေရာမှာ ဘာကို လုပ်လုပ် အမြဲပြုံးထားသည်။ သို့သောလည်း အိပ်ချင်သည်။ မနက်၂နာရီထိုးသွားသည်။ အိပ်လိုက်သည်။ အိပ်စရာနေရာ အတော်ရှာလိုက်ရသည်။ ဒါပေမယ့် အိပ်ပျော်သွားသည်။

 

မနက်၎နာရီထိုးတော့ နိုးပြန်သည်။ နှိုးသင့်သူများကို နှိုးသည်။ လုပ်သင့်သည်များကို လုပ်သည်။ ပြင်ဆင်စရာရှိတာ ပြင်ဆင်သည်။ ပွဲနေရာသွားကြည့်သည်။ အချိန်ကိုက် မဖြစ်နိုင်အောင် မိုးရွာနေသည်။ ကြိုသိခဲ့ပေမယ့် မျှော်လင့်မိသည်။ အဲဒီအတွက် မိုးတိတ်သွားသည်။

 

ချက်ကြ၊ ပြုတ်ကြပြန်သည်။ ပြင်ကြ ဆင်ကြပြန်သည်။ အချက်အပြုတ်အသင်းဝင်တွေ မမောမပန်းချက်နိုင်ကြသည်။ ပြီးတော့ လှူဒါန်းကြမည်။ စားကြသူတွေကို ကြည့်ပြီး ပီတိဖြစ်သည်။ အမောများလည်း ပြေသည်။ ကတဲ့သူတွေကလည်း ကကြသည်။ ဆိုတဲ့သူတွေကလည်း ဆိုကြသည်။ တီးတဲ့သူတွေကလည်း တီးကြသည်။ စားတဲ့သူတွေက စားလည်းစားသည် ကြည့်လည်းကြည့်သည် ပြီးတော့ နားလည်းထောင်သည်။ အလှူဒါနမြောက်အောင် အားပေးသူ ၂၀၀၀နီးပါးရှိမည်။ ပျော်ပါသည်။ အပြုံးများလည်း တွေ့ ရသည်။

 

ပွဲပြီတော့ သိမ်းဆည်းပြီး လုပ်အားပေးရန် သွားရမည်။ ထမင်းဘူးကို လမ်းပေါ်မှာ ကားပေါ်မှာ စားကြသည်။ ပင်ပန်းနေကြသည်။ ဒါပေမယ့် တက်ကြွနေကြသည်။ ဇွဲရှိကြသည်။ ပီတိဖြစ်သည်။  လုပ်အားပေးခေါင်းဆောင်တစ်ယောက်လာသည်။ ရှင်းလင်းပြောကြားစရာများကို ပြောသည်။ နားထောင်ကြသည်။ ပြီးတော့ လမ်းလျောက်ပြီး မြို့ ပျက်ထဲကိုသွားသည်။ ကွင်းတစ်ကွင်းကို ရောက်သည်။ မြက်ပင်များကို တွေ့ ရသည်။ ထိုမြက်များကို နှုတ်ရမည်။ အားလုံးတန်းစီ။ အားလုံးပြုံးနေသည်။

 

မြက်ပင်များကို နင်းသူကနင်းသည်။ နှုတ်သူကနှုတ်သည်။ ထိုးသူကထိုးသည်။ ဆွဲသူကဆွဲသည်။ ခဏနားကြသည်။ ဆက်လုပ်ကြသည်။ ပြီးတော့ အားလုံးရှင်းသွားသည်။ ပျော်ကြသည်။ ဓာတ်ပုံများလည်း ရိုက်ကြသည်။ ပြီးတော့ ပြန်ဖို့ ကားစီကိုသွားသည်။ အမှတ်တရ ပစ္စည်းများလည်း ၀ယ်ကြသည်။

 

ရေချိုးခန်းတစ်ခေါက်သွားသည်။ ရေစိပ်သည်။ အနှိပ်ခံသည်။ အပြန် နောက်ကြသည်။ တောင်းပန်သည်။ ထမင်းစားသည်။ ထို့ကြောင့် အားရှိသည်။ လူပျောက်သည်။ ဒါပေမယ့် အဆင်ပြေသည်။ ပြန်တဲ့သူတွေ ပြန်သည်၊ ကျန်တဲ့သူတွေ ကျန်သည်။  ပြီးတော့ အားလုံး အိပ်ကြသည်။ မအိပ်ခင် သန့်ရှင်းရေးလုပ်ကြသည်။ အားလုံး ပြုံးနေသည်။

 

မနက်မိုးလင်းတော့ မျက်နှာသစ်သည်။ ပြီးတော့ သန့်ရှင်းရေးလုပ်ကြသည်။ အထုပ်အပိုးပြင်သည်။ ပြန်ကြမည်။ နှုတ်ဆက်ပါသည်။ လမ်းမှာ ရဲတိုက်တစ်ခုနဲ့ ဘုရားကျောင်းတစ်ကျောင်းကို ၀င်သည်။ လက်ခုပ်တီးကြည့်သူ တီးသည်။ ဓာတ်ပုံရိုက်သူ ရိုက်သည်။ လက်ဆောင်ပစ္စည်းဝယ်သည်။ ပြီးတော့ ပြန်ကြသည်။ လမ်းတစ်လျောက်လုံး အိပ်သည်။ ဆူနာမီ ကာတွန်းကားကြည့်သည်။ ပြန်အိပ်သည်။

 

တစ်ရေးနိုးတော့ ကျွန်တော်အိပ်မက်မက်နေသည်။ အားလုံးကို ကျေးဇူးတင်သည်။

 

မှင်စက်@YokohamaImage

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: