ကျွန်တော်နဲ့ ပန်းဝတ်မှုံကျိန်စာ


သူငယ်ချင်းရေ….

 

ပန်းပွင့်တွေကို ကျွန်တော် အလွန်ပဲ နှစ်သက်ပါတယ်။ သစ်ပင်တွေကို ကြည့်ပြီး ပန်းပွင့်တွေရဲ့  ရနံ့ကို ရှုရှိုက်ရင်း စာအုပ်တစ်အုပ်ကို ပက်လက်ကထိုင်မှာ ဇိမ်ကျကျထိုင်ပြီး ဖတ်ရှုရတာကို အလွန်ပဲ နှစ်သက်တာပေါ့။ ဒီလိုမျိုး သစ်ပင် ပန်းမန်တွေကို နှစ်ခြိုက်တတ်တဲ့ ကျွန်တော်ကို ဘာ့ကြောင့်များ ပန်းဝတ်မှုံကျိန်စာက သက်ရောက်ရသလဲ ကျွန်တော်လည်း အများကြီးနားမလည်ပေမယ့် နည်းနည်း ရှာဖွေဖတ်ရှုပြီးရေးလိုက်ပါတယ်။

 

ဂျပန်က အလွန်ပဲ စိတ်ဝင်စားစရာတွေ ရင်ခုံစရာတွေ ပြည့်နှက်နေတဲ့ နိုင်ငံတစ်ခုပါပဲ။ ဒါပေမယ့် ဂျပန်စကားနဲ့ စာကိုတော့ နားလည်ထားမှ အပြည့်အ၀ အေးဆေးတည်ငြိမ်စွာ ခံစားနိုင်မှာပေါ့။ ဒီလိုမျိုး နိုင်ငံမှာ ပန်းဝတ်မှုန်ကျိန်စာသင့်နေတယ်ဆိုတာကို ကျွန်တော် မသိခဲ့ပါဘူး။ ဒါပေမယ့် ဒီနှစ်မှာတော့ အဲ့ဒီ ကျိန်စာရဲ့  အဖျားခတ်မှုကို ကိုယ်တိုင် ခံစားရပါမှပဲ အနည်းငယ် လေ့လာမိပါတယ်။

 

ဆောင်းအကုန် နွေအကူး နွေဦးရာသီ(Spring)ကို ပန်းဝတ်မှုံကျိန်စာ(Pollen Allergy, Kafunsho)သင့်ရာသီလို့ ဂျပန်မှာ ခေါ်ဝေါ်ကြပါတယ်။ ဒီကျိန်စာက နှစ်စဉ်နှစ်တိုင်း ဂျပန်မှာ နေတဲ့ ၂၀ရာခိုင်နှုန်းလောက်ကို အကျိုးသက်ရောက်မှုရှိတယ်လို့ ပြောကြပါတယ်။ ဂျပန်လူမျိုးမှရယ် မဟုတ်ပဲ နိုင်ငံခြားကနေ လာရောက်နေထိုင်နေတဲ့ ကျွန်တော်တို့လို နိုင်ငံခြားသားတွေမှာလည်း သက်ရောက်မှုရှိတတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဖေဖော်ဝါရီလကနေ ဧပြီလလောက်အထိ ဖြစ်တတ်ပါတယ်။

 

ဒီပန်းဝတ်မှုန်ကျိန်စာရဲ့  အစကတော့ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံ ပြန်လည် ထူထောင်ရေးကာလမှာ ဂျပန်နိုင်ငံရဲ့  သစ်တောစိမ်းလန်းဆိုပြေရေးအတွက် သစ်ပင်တွေ အများကြီး စိုက်ခဲ့ပါတယ်။ အဲ့ဒီ သစ်ပင်တွေထဲမှာ Cryptomeria(スギ)လို့ခေါ်တဲ့ အပင်တွေအများကြီး စိုက်ခဲ့ကြပါတယ်။ ဒီအပင်က ပန်းဝတ်မှုံတွေက နွေဦးလေပြေနဲ့အတူ ပြန့်လွင့်ရာကနေ ၀တ်မှုန်ကျိန်စာကို ခေါ်ဆောင်လာတာပေါ့။ ကျိန်စာရဲ့  သက်ရောက်မှုက ပြီးခဲ့တဲ့နှစ်နွေရာသီရဲ့  နေအလင်းရရှိခဲ့မှုအပေါ်မူတည်ပြီး သက်ရောက်မှု ပမာဏ ကွာခြားတတ်တယ်။ ပြီးခဲ့တဲ့နှစ် နွေက များများပူလေ၊ နောက်နှစ်ရဲ့  ၀တ်မှုံကျိန်စာက ဆိုးဝါးလေပဲပေါ့။

 

ပန်းဝတ်မှုံ ကျိန်စာ(Pollen Allergy)သင့်ခံရတဲ့သူက (၁)မျက်လုံးယားယံခြင်း၊ (၂) နှာရည်ယိုခြင်း၊ (၃)နှာချေခြင်း ဖြစ်တော့တာပေါ့။ မျက်လုံးထဲကို ပန်းဝတ်မှုံတွေဝင်ပြီးတော့ ဓာတ်မတည့်ခြင်း(Allergy)ဖြစ်ပြီး ကိုယ်ခံအားက မျက်ရည်ကို ကျစေတယ်။ မျက်လုံးယားယံတော့ မျက်လုံးနီလာတတ်တယ်။ နှာရည်ယိုပြီး နှာခေါင်းပိတ်တော့ အသက်ရှုရခက်ခဲပြီး ပါးစပ်နဲ့ အသက်ရှုရတယ်။ ပြီးတော့ အခြေအနေဆိုးတဲ့ သူအချို့ ဆိုရင် နှာရည် အဆက်မပျက်ကျနေတတ်တယ်။ နှာခေါင်းထဲကို ပန်းဝတ်မှုံတွေဝင်တော့ နှာခေါင်းယားယံခြင်းကိုလည်း ဖြစ်စေတာပေါ့။ ကြုံတွေ့ ခံစားဖူးမှ နားလည်နိုင်မယ့် အတော်ကို ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါပဲ။

 

ဒီရာသီရောက်ရင် ဂျပန်က ဆေးဆိုင်တွေမှာ ဒီပန်းဝတ်မှုံကျိန်စာကို ကာကွယ်ဖို့ ဆေးတွေရောင်းတော့တာပေါ့။ သက်ရောက်မှု အခြေအနေပေါ်မှာ မူတည်ပြီး ဆေးဆိုင်ကဆေးနဲ့ ပျောက်တဲ့သူရှိသလို ဆေးခန်း၊ ဆေးရုံကိုသွားပြီး ဆေးစစ်ကြည့်ပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရတဲ့ အခြေအနေအထိ ဖြစ်တဲ့သူတွေလည်း ရှိပါတယ်။ သူ့အခြေအနေနဲ့ သူပေါ့။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပြီး ဆေးစစ်ပြီးတော့ ဆေးသောက်တာက ပိုကောင်းတယ်လို့ ပြောကြပါတယ်။ ဆေးက နှာခေါင်းအတွက် သောက်ဆေး လိမ်းဆေးတွေရှိသလို၊ မျက်လုံးအတွက်က မျက်စဉ်းဆေးတွေလည်း ရှိပါတယ်။ ဆရာဝန်နဲ့ပြရမှာ အလုပ်များနေရင်လည်း ဆေးဆိုင်မှာ အလွယ်တကူ မေးမြန်းပြီး ၀ယ်နိုင်ပါတယ်။

 

ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုပြီး ကောင်းတယ်ဆိုတဲ့ စကားအတိုင်းပဲပေါ့။ ဒီပန်းဝတ်မှုံကျိန်စာကို ဘယ်လိုကာကွယ်နိုင်မလဲလို့ ဖတ်ရှုလေ့လာကြည့်မိတယ်။ ဒီရာသီမှာ ပန်းဝတ်မှုံတွေက နေရာအနှံပြန့်နှံနေတယ်၊ နေ့လည် ၁နာရီကနေ ၃နာရီအတွင်း နေရာအပေါ်မှာလည်း မူတည်ပေမယ့် အဲ့ဒီအချိန်တွေမှာ ပိုပြီးတော့ ပြန်နှံလေ့ရှိလို့ အဲ့ဒီအချိန်တွေမှာ အပြင်ထွက်တာမလုပ်တာကောင်းတယ်လို့ ဆိုပါတယ်။ ထွက်မယ်ဆိုရင်လည်း မျက်နှာဖုံးကာဗာလေး(Mask)နဲ့ ထွက်ရတာပေါ့။

 

ပြီးတော့ မိမိအိမ်ကို သန့်ရှင်းရေး ကောင်းကောင်းလုပ်သင့်တယ်လို့ဆိုပါတယ်။ ဖုန်စုပ်စက်နဲ့ အသေအချာ အိမ်ထောင့်စေ့ကို သန့်အောင်လုပ်ပြီး၊ ရေဆိုအ၀တ်နဲ့ ကြမ်းမျက်နှာပြင်ကို ပြောင်လက်နေအောင် တိုက်သင့်ပါတယ်။ ဒါမှ အမှုန်အမွှားတွေ ကပ်မနေမှာပါ။

 

အိမ်ကိုပြန်ရောက်တိုင်း လက်ကိုဆပ်ပြာနဲ့ဆေး၊ ပါးစပ်ကို ပါးလုပ်ကျင်း၊ မျက်နှာသစ်တာကို လုပ်ပေးသင့်ပါတယ်။ အပြင်မှာ ၀တ်လာတဲ့ အ၀တ်အစားတွေကိုလည်း ၀တ်မှုန်တွေကပ်လာမှာဖြစ်လို့ ၀တ်မှုံတွဖယ်ထုတ်ဖို့ ခါခပ်ပြီး လှမ်းထားသင့်ပါတယ်။ ပြတင်းပေါက်နဲ့ တံခါးတွေကို ပိတ်ထားသင့်ပါတယ်။ ပြီးတော့ အ၀တ်ကိုလည်း အပြင်မှာ မလှန်းပဲ အိမ်ထဲမှာပဲလှမ်းသင့်တယ်။ အပြင်မှာလှန်းရင် လေထဲက ပါလာမယ့် ၀တ်မှုံကျိန်စာတွေ ကပ်ငြိနိုင်တာကိုး။

 

ပရိုတိန်းအများကြီးပါတဲ့ အစားအစာ၊ အယ်ကိုဟော၊ စပ်တဲ့အစားအစာနဲ့ ဆေးလိပ်သောက်တာကို အလွန်အကျွန်လုပ်ခြင်းကနေ ရှောင်ကျင်သင့်တယ်လို့လည်း ပြောကြတယ်။ စိတ်ဖိစီးမှုလည်း မများအောင်နေသင့်ပါတယ်တဲ့။

 

ကျွန်တော်ကတော့ ဒီနှစ်ကြိုတင်ကာကွယ်မှုတွေ အားနည်းပြီး ပန်းဝတ်မှုံကျိန်စာကို လှလှပပကြီးကို ခံစားနေရတာပေါ့။ နောက်နှစ်များမှာတော့ ကြိုတင်ကာကွယ်ခြင်းတွေနဲ့ ရှောင်လွှဲနိုင်အောင် ကြိုးစားရမယ်။ သူငယ်ချင်းတို့လည်း ကြိုတင်ကာကွယ်ခြင်းနဲ့ ပန်းဝတ်မှုံကျိန်စာ(Pollen Allergy, Kafunsho)ကနေ ကင်းလွတ်နိုင်ကြပါစေ။

 

ခင်တဲ့

ကောင်းမြတ်ထွန်း

၂၀၁၃နှစ်၊ ၃လ၊ ၁၁ရက်

Image

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: