ဆေးလိပ်ငွေ့ များနဲ့ ကျွန်တော်


ကျွန်တော် ဆေးလိပ်ကို တွေ့ ရင် ချိုးပစ်တတ်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့် အဖေက ဆေးလိပ်သောက်တတ်တယ်။ ကျွန်တော် နည်းနည်းလေး သိတတ်စအရွယ်ရောက်တော့ ဆေးလိပ်မကောင်းကြောင်းတွေ သိလာပြီး အဖေ၀ယ်ထားတဲ့ ဆေးလိပ်တွေကို ချိုးပစ်တတ်လာတယ်။ အဲ့ဒါကြောင့်ပဲလားတော့ မသိဘူး အဖေ ဆေးလိပ်မသောက်တော့ဘူး။ အခုထိပါပဲ။

 

ဆေးလိပ်သောက်တာကို ကောင်းတယ်လို့ ကျွန်တော် တခါမှ မတွေးကြည့်ခဲ့ဖူးဘူး။ ဆေးလိပ်သောက်တဲ့သူတွေ ပြောတဲ့ ဆေးလိပ်အရသာကို ကျွန်တော်ဘယ်လိုမှ နားလည်ပေးလို့မရနိုင်တာပါ။ ဆေးလိပ်ကို ကျွန်တော် ဘာကြောင့် ဒီလောက်အထိ ဖြစ်သလဲ ကျွန်တော် ကို်ယ်တိုင်လည်း မသိပါဘူး။

 

သေချာတာတစ်ခုကတော့ ဆေးလိပ်အနံ့ ကို ကျွန်တော် နည်းနည်းလေးရလိုက်တာနဲ့ ခေါင်းမူးတတ်တာပါပဲ။ ဆေးလိပ်အငွေ့ တွေက ကျွန်တော့်ကို မူးနောက်စေတယ်။ အငွေ့ အတော်များများကို ရှုလိုက်မိရင် တစ်နေကုန် ခေါင်းမူးတော့တာပါပဲ။

 

သူငယ်ချင်းတွေ ဆေးလိပ်သောက်တတ်တဲ့ အရွယ် ကျွန်တော်လည်း လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အရွယ် သူတို့တွေ ဆေးလိပ်သောက်ရင် ကျွန်တော်အငွေ့ တွေနဲ့ လွတ်အောင် နေရာယူရတယ်။ သူငယ်ချင်းဆေးလိပ်သောက်တဲ့ သူတွေကလည်း ကျွန်တော့်စီကို ဆေးလိပ်ငွေ့ မရောက်အောင် သောက်ကြပါတယ်။

 

ဆေးလိပ်ငွေ့ ကို ကြောက်တဲ့ ကျွန်တော် ဆေးလိပ်ငွေ့ ကို အတတ်နိုင်ဆုံးရှောင်ပါတယ်။ ဆေးလိပ်သောက်တဲ့ သူတွေကိုလည်း အားမနာတမ်း  ကျွန်တော် ပြောတတ်ပါတယ်။

 

မေလ ၃၁ရက်နေ့က မ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ (No Tabacco Day)ဖြစ်တယ်ဆိုတာကို ဒီနေ့ ရုံးသွားရင်းနဲ့ ကြော်ငြာ ဆိုင်းဘုတ်မှာ ဖတ်လိုက်ရတယ်။ ဆေးလိပ်မသောက်ရေးနေ့တွေ နေ့တိုင်းဖြစ်နေရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။ 

 

ဆေးလိပ်ငွေ့ ကင်းစင်သော လောကကြီးမဖြစ်နိုင်ရင်တောင် ဆေးလိပ်ငွေ့ ကင်းတဲ့ သန့်စင်တဲ့ လေကောင်းလေသန့်ကို ရှုရှိုက်နိုင်တဲ့ နေရာလေးတွေ များပြားပါစေ။ 

 

က မ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ (No Tabacco Day)ကို ဂုဏ်ပြုလျက်။ 

 

ကောင်းမြတ်ထွန်း

With all the special,

Kaung Myat Tun

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: