Start from oneself


ကျွန်တော် လူ့လောကထဲကို ရောက်လာတော့ လောကကြီးထဲမှာ ကျင်လည်နေရင်းနဲ့ ကြီးပြင်းလာခဲ့တယ်။ အသိပညာ အတတ်ပညာတွေလည်း အများကြီး တက်မြောက်လာတော့ ကျွန်တော်စဉ်းစားမိတာက ဒီလောကကြီးကို ကျွန်တော် ပြောင်းလဲမှ ဖြစ်မယ်ဆိုတာပါပဲ။ ဒီလောကကြီးကို ကောင်းသည်ထက် ကောင်းအောင် ပြောင်းလဲလိုက်ဖို့ တာဝန်က ကျွန်တော့်ရဲ့  တာဝန်ပဲလို့ သက်မှတ်ပြီး ကျွန်တော် လောကကြီးကို ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း အချိန်တွေ ကုန်လာတာနဲ့ အမျှ လောကကြီးက ပြောင်းလဲမလာတော့ ကျွန်တော် စိတ်နည်းနည်းလျော့လိုက်ပြီး ကျွန်တော့် နိုင်ငံကိုပဲ ပြောင်းလဲနိုင်အောင် ကြိုးစားမယ်ဆိုပြီး ကျွန်တော် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် ဘယ်လိုပဲ ကြိုးစားပါစေ ကျွန်တော် ဖြစ်ချင်တဲ့ ပြောင်းလဲမှုက ဖြစ်မလာဘူး။ ဒါနဲ့ပဲ ကျွန်တော်က ကျွန်တော်နေတဲ့ မြို့ လေးကိုပဲ ပြောင်းလဲဖို့ ကျွန်တော် စိတ်လျော့ပြီး ကြိုးစားပါတယ်။ ဒါလဲပဲ ကျွန်တော် မျှော်လင့်သလို ပြောင်းလဲမှုတွေ ဖြစ်မလာပါဘူး။ အဲဒီလိုနဲ့ ကျွန်တော်နေတဲ့ ရပ်ကွက်၊ ကျွန်တော်နေတဲ့ အိမ်၊ ကျွန်တော့် မိသားစု စသဖြင့် တဖြည်းဖြည်းခြင်း လျော့ချပြီး ပြောင်းလဲမှုတွေ ဖြစ်လာအောင် ကြိုးစားခဲ့ပါတယ်။ 

အခုကျွန်တော် အိပ်ရာပေါ်မှာလဲပြီး နာကျင်မှုဝေဒနာတွေနဲ့ ရောဂါဒဏ်ကို ခံစားရင်း တွေးမိလိုက်တာက ကျွန်တော် ကိုယ့်ကိုကိုယ် ပြောင်းလဲဖို့ မကြိုးစားခဲ့တာကို စဉ်းစားလိုက်မိတယ်။ တကယ်လို့ ကျွန်တော်က ကိုယ့်ကိုကိုယ် ကောင်းမွန်တဲ့ ကျွန်တော် ဖြစ်ချင်တဲ့ ကျွန်တော်အနေနဲ့ ပြောင်းလဲခဲ့နိုင်မယ်ဆိုရင်၊ ကျွန်တော်နဲ့ ဆက်စပ်ပြီး ကျွန်တော့်မိသားစုလည်း ပြောင်းလဲလာမယ်၊ ပြီးတော့ ကျွန်တော့် ပတ်ဝန်းကျင်၊ ကျွန်တော့်သူငယ်ချင်းတွေ၊ ကျွန်တော်နေတဲ့ ရပ်ကွက်၊ ကျွန်တော်နေတဲ့ မြို့  စသဖြင့် အဆင့်ဆင့် ပြောင်းလဲမှုတွေ ဖြစ်လာမှာပဲ။ ဘယ်သူပြောနိုင်မလဲဗျာ ကျွန်တော်ရဲ့ နိုင်ငံကြီးလည်း ပြောင်းလဲသွားပြီး၊ လောကကြီးလည်း ပြောင်းလဲသွားနိုင်တာပေါ့။ အဲ့ဒီလို ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ဖို့ ကျွန်တော်ကိုယ်တိုင်က စပြီးပြောင်းလဲမှုတွေ လုပ်ရမယ်ဆိုတာကို ကျွန်တော် သိတဲ့ အချိန်မှာ ကျွန်တော် သေဆုံးရတော့မယ်လေ။ နောင်တတွေနဲ့ပဲ ကျွန်တော် သေဆုံးသွားရပါတယ်။

=====

ကျွန်တော် ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ Chicken Soup for the Soulစာအုပ်ထဲက ဆောင်းပါးတစ်ပုဒ်ကို ပြန်လည် စဉ်းစားရေးသားထားတာပါ။ ကျောက်စာတစ်ခုအနေနဲ့ အမည်မသိရှေးစာဆို တစ်ဦးက ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်လို့ သိရပါတယ်။ ကျွန်တော် ကျွန်တော့်အကြောင်းPresentationတွေထဲမှာ အမြဲ ထည့်ရေးလေ့ရှိတဲ့ Start from oneselfဆိုတာဒီ ဆောင်းပါးလေးကို ဖတ်ပြီးတွေးထားတဲ့ Motto ပေါ့ဗျာ။ 

ကျွန်တော်တို့ သာမန်လူသားတွေက အမြဲပဲ အကောင်းဆုံးတွေကို မျှော်လင့်တတ်ပြီး၊ မိမိကို အကောင်းဆုံးတွေပဲ ဖြစ်စေချင်တတ်ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင်က အကောင်းဆုံးတွေကို ပထမဆုံး လုပ်ဆောင်တာ၊ ပြောင်းလဲမှုဆိုတာ ကိုယ်ကိုယ်တိုင်က စရတာ၊ စသည်တို့က အရေးကြီးတယ်ဆိုတာကို မေ့နေတတ်ကြပါတယ်။

လူဆိုတာ အမှားတွေ လုပ်တတ်ပါတယ်။ အမှားမရှိတဲ့သူမရှိလို့ အမှားလုပ်ရမှာကို မကြောက်တတ်ဖို့အရေးကြီးပါတယ်။ ဒါပေမယ့် အမှားလုပ်မိမှာကို လူတိုင်းနီးပါး ကြောက်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က စပြီးဘာမှ မလုပ်ပဲ၊ ဘာမှ မဖြစ်နိုင်တော့လည်း ကိုယ်ကိုယ်တိုင်က စရမည်သာပါ။ Just start from oneself!

With all the best,
Kaung Myat Tun

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: