Trip to Bagan (ပုဂံသို့ တစ်ခေါက်) -၁


2012 June 7
ဒီတစ်ခါ ရန်ကုန်ပြန်ရင် မေမေ ပုဂံသွားမည်ဟု စဉ်းစားထားသည့်အတိုင်း ပုဂံကို သွားဖြစ်ခဲ့သည်။ ကျွန်တော်ရယ်၊ မေမေရယ်၊ တီတီကြီးရယ် သုံးယောက်သွားဖြစ်ခဲ့သည်။ အဝေးပြေးကားဂိတ်ကို ဖေဖေလိုက်ပို့သည်။ ရန်ကုန်မှ ပုဂံကိုထွက်သော အဝေးပြေးကားသည် ညနေခင်းတွင် စတင်ထွက်ခွာပါသည်။ ရန်ကုန်အထွက် နေ၀င်ဆည်းဆာ မြင်ကွင်းဖြစ်သည့် ပန်းဆီရောင်သွေးနေသော မိုးကောင်းကင်၏ ရှုမျှော်ခင်းကို ငေးမော ခံစားရင်းဖြင့် ရန်ကုန်မြို့ ကို နှုတ်ဆက်ထွက်ခွာ လာခဲ့ပါသည်။
အချိန်က ညနေ ၉ နာရီဖြစ်သည်။
ရန်ကုန် ဆည်းဆာ

အဝေးပြေးလမ်းပေါ်က နားနေစခန်းတစ်ခုကို ရောက်တော့ အပေါ့အပါးသွား၊ လမ်းဆင်းလျောက်ကြသည်။ အဝေးပြေးလမ်း နားနေစခန်းသည် ဂျပန်နိုင်ငံတွင် တွေ့ ရသော နားနေစခန်းများကဲ့သို့ပင် အဆင့်မြင့်လှပါသည်။ ကွာခြားသည်မှာ စားသောက်ဆိုင်တိုင်းတွင် အိမ်သာရှိခြင်းနှင့် လမ်းဘေးဈေးသည်များ ရှိခြင်းပင်ဖြစ်သည်။ ကားကြီးများရပ်နားရန်နေရာ ခွဲခြားထားမှု၊ ကားငယ်များရပ်ရန်နေရာခွဲခြားထားမှု၊ ကားအ၀င်အထွက် ဆိုင်းဘုတ်များ တပ်ဆင်ထားခြင်းများသည် နိုင်ငံတကာ အဆင့်မှီသည်ဟု ဆိုနိုင်ပါသည်။

2012 June 8
ပုဂံကိုရောက်တော့ မနက်၈နာရီခန့် ဖြစ်သည်။ ဖေဖေ စီစဉ်ပေးထားသော မိတ်ဆွေတစ်ဦး၏ တည်းခိုခန်းတွင် Check in လုပ်ကာ၊ စီစဉ်ပေးထားသော မြင်းလှည်းဖြင့် မျိုးမျိုး ထမင်းဆီဆမ်း ဆိုင်သို့ ချီတက်ပြီး၊ မနက်စာကို စားကြပါသည်။ အချိန်က မနက် ၉ နာရီဖြစ်သည်။

မျိုးမျိုး ထမင်းဆီဆမ်း

မနက်ခင်းစာကို စားသောက်ပြီး၊ မြင်းလှည်းလေးကို စီးပြီး၊ ပုဂံမြို့ ကို လှည့်ပတ်ကြည့်ရှုခြင်း စတင်ပါတော့သည်။ ပုဂံမြို့ ကို ရောက်ရောက်ခြင်း ခံစားရသည်က မျှော်လင့်ထားသော အပူပို်င်းဒေသ၏ ပူပြင်းမည်ဟူသော ခံစားချက်မျိုး မဖြစ်ပေါ်ပါပဲ၊ စိမ်းလန်းစိုပြေသော သစ်ပင်ကြီးများနှင့် မျက်စိတဆုံး မြင်တွေ့ နိုင်သော ဘုရားစေတီပုထိုးများကို ကြည့်ရှုရင်း အေးချမ်းသော၊ သာယာသော၊ စိုပြေသော၊ စသဖြင့် ကောင်းမွန်မြတ်သော ခံစားချက်ပေါင်းစုံဖြင့် အလွန်ပင် ငြိမ်းချမ်းမှုပီတိကို ခံစားခဲ့ရပါသည်။ ကျွန်တော် ပုဂံကို ချစ်မိသွားပါသည်။

ပုဂံ မြင်းလှည်း

ပထမဦးဆုံးသွားဖြစ်တဲ့ ဘုရားကတော့ အလိုတော်ပြည့်ဘုရား ဖြစ်ပါသည်။ လွန်ခဲ့သော ၁၀နှစ်ကျော်က ရန်ကုန်အိမ်တွင် အလိုပြည့် အုတ်ခွပ်ဘုရားတစ်ဆူကို ဖေဖေပင့်လာပေးချိန်ကစပြီး စိတ်ဝင်တစားဖြစ်ခဲ့ရပါသော အလိုတော်ပြည့်ဘုရားဖြစ်ပါသည်။ ဘုရားအတွင်းခန်းတွင် လေအေးပေးစက်များကို တပ်ဆင်ထားပါသည်။ မေမေရဲ့  ဘုရားရှိခိုးပူဇော်ကန်တော့နေသော ပုံရိပ်များကို မှတ်တမ်းတင်ပြီး၊ ကျွန်တော်ကတော့ ဘုရားရင်ပြင်ဘေးက ပတောက်ပင်ကြီးအောက်က ခုံတန်းလျားပေါ်တွင် ထိုင်ရင်း ပုဂံ၏ လေပြေကို ရှုရှိုက်ရင်း နားနေမိပါသည်။ အချိန်က မနက် ၁၀နာရီဖြစ်သည်။

အလိုတော်ပြည့်ဘုရား

ဒုတိယသွားဖြစ်ခဲ့တဲ့ ဘုရားကတော့ ထီးလိုမင်းလို ဘုရားဖြစ်ပါသည်။ ထုထည်ထူသော နံရံများဖြင့် လက်မှုလက်ရာပြောင်မြောက်လှပါသော စေတီတော်ကို ကြည့်ရှုရသည်မှာ ကြည်နူးစရာပင်ဖြစ်သည်။ ရှေးမြန်မာများ၏ နည်းပညာ ကြွယ်ဝမှုကိုလည်း အံ့သြမိပါသည်။ စေတီဘေးမှာရှိသော ခေါင်းလောင်း၊ အရုပ်ဆိုင်လေးတွင် တင်ထားသော လက်မှုလက်ရာများသည်လည်း အနုပညာမြောက်လှပါသည်။

ထီးလိုမင်းလို

နောက်ထပ်ဘုရားတွေလည်း တစ်စူပြီးတစ်စူ သွားပြီး နေ့လည်စာကိုတော့ ပုဂံမြို့ က အ၀စား ထမင်းဆိုင်မှာ စားဖြစ်သည်။ ဟင်းပွဲပေါင်းများစွာဖြင့် စားကောင်းသော နေ့လည်စာတစ်ခု ဖြစ်ခဲ့ပါသည်။ နေ့လည်စာ စားပြီးတော့ တစ်ခါထပ်ပြီး ဘုရားများကို လှည့်ပတ် ဖူးမြော်ဖြစ်ခဲ့ပါသည်။ ညနေခင်း တည်းခိုခန်းပြန်ပြီး အိပ်တော့ အတော်ပင်အိပ်လို့ကောင်းပါသည်။

နောက်တစ်ရက် ဆက်ပါဦးမည်။

ကောင်းမြတ်ထွန်း
Kaung Myat Tun
2014 Nov 21

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: