ဒါကာမြို့ကို ရောက်ခဲ့တုန်းက (၁)


ဒါကာမြို့ကို ရောက်ခဲ့တုန်းက (၁)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ မြို့ကို သွားလေ့လာဖြစ်ခဲ့ပါတယ်။ 2016 May 23 ကနေ 27 အထိ ၅ ရက်ကြာ ခရီးစဉ်အဖြစ်သွားခဲ့ပါတယ်။ 
မသွားခင် တိုကျိုက ဘင်္ဂလားဒေ့ရှ် သံရုံးမှာ အလည်အပတ် ဗီဇာ သွားယူပါတယ်။ ဗီဇာကောင်တာက တခုပဲရှိပြီး ဂျပန်တွေလည်း လာယူနေကြပါတယ်။ ကောင်တာထိုင်တဲ့ သူက သဘောကောင်းပါတယ်။ ဒါပေမယ့် မိုဘိုင်းဖုန်းနဲ့ အလုပ်ချိန်မှာ ဘာပြောနေမှန်းမသိတဲ့ စကားတွေပြောနေတတ်ပါတယ်။ အလုပ်ချိန်မှာ အလုပ်ကိစ္စမဟုတ်တဲ့ ဖုန်းပြောတတ်တာ မြန်မာနိုင်ငံက အချို့ အစိုးရဝန်ထမ်းတွေနဲ့တူသလိုပါပဲ။ 
2016 May 23

Have a safe flight! ကိုယ့်ကိုယ်ကို ပြောရင်း လေယာဉ်ကွင်းကို သွားခဲ့ပါတယ်။ ဒါကာမြို့ကို သွားရမယ်ဆိုတော့ မရောက်ဖူးတဲ့ဒေသဆိုတော့ စိတ်လှုပ်ရှားစွာနဲ့ ခရီးစတင်ခဲ့ပါတယ်။ တိုကျိုကနေ တိုက်ရိုက်လေယာဉ်မရှိတော့ မလေးရှားကနေတဆင့် လေယဉ်ပြောင်းစီးရပါတယ်။ မလေးရှားမှာ လေယာဉ်ပြောင်းတော့ ဘင်္ဂလားဒေရှ်လူမျိုးတွေလားမသိ အတူတူ စီးမယ့်သူတွေ အများကြီးတွေ့ရပါတယ်။ 


ဒီလိုနဲ့ ညဘက်မှာပဲ ဒါကာ လေဆိပ်ကို ရောက်ရှိပါတယ်။ လေယာဉ်ပေါ်က ဆင်းတာနဲ့ ပူနွေးတဲ့ ရာသီဥတုကို ခံစားရပါတယ်။ လေဆိပ်က သန့်သန့်ရှင်းရှင်းပါပဲ။ ဒါပေမယ့် နာရီတာလေဆိပ်၊ မလေး လေဆိပ်နဲ့နှိုင်းရင်တော့ အတော်လေးကို ဟောင်းတယ်လို ပြောရမှာပဲ။


လေဆိပ် လဝက ကို ဖြတ်တော့ မြန်မာနိုင်ငံသားဆိုပြီး အထူးအဆန်းနဲ့ မေးပါတယ်။ အလုပ်ကိစ္စနဲ့ လာကြောင်းပြောတော့မှ တည်းမယ့် ဟော်တယ်၊ စီးပွားရေး မိတ်ဆွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နာမည် ဖုန်းနံပတ် ရေးပေးပါပြောပြီး ဗီဇာ ထုပေးပါတယ်။ နယ်စပ်ဒေသ ပြဿနာတွေရှိတော့ နှစ်နိုင်ငံ အဝင်အထွက်က အနည်းငယ် အခက်အခဲရှိမယ် ထင်ထားခဲ့ပြီးသားပါ။ ဒါပေမယ့် သေချာ ရှင်းပြပြောပြရင် အေးအေးဆေးဆေးပါပဲ။ သူတို့မှာလည်း မေးမြန်းရမယ့် တာဝန်ရှိတာပဲလေ။ 
လာကြိုတဲ့ စီးပွားရေး မိတ်ဆွေ ဘင်္ဂလားဒေ့ရှ် လူမျိုးနဲ့အတူတူ ကားနဲ့ ဟော်တယ်ကို သွားပါတယ်။ လေဆိပ်ကအထွက်မှာ လက်နက်ကိုင် စစ်သား ၄- ၅ ယောက်လောက် လုံခြုံရေးယူထားပါတယ်။ လေဆိပ်အပြင်မှာ လူတွေလည်း အများကြီးပါပဲ။ တခုကောင်းတာက ရန်ကုန်လေဆိပ်လို အထုတ်ကို အတင်း သယ်ပေးမယ် မလုပ်တာပါပဲ။ ရန်ကုန်မှာတော့ အထုတ်ကို နီးနီးလေးသယ်ပေးတာကို ကျပ် ၁၀၀၀ အနည်းဆုံးမပေးရင် စိတ်ဆိုးခံရသေးတာ။ 
လေဆိပ်က သိပ်အကြီးကြီးတော့ မဟုတ်ပါဘူး။ လေဆိပ်က ထွက်တော့ ကားတွေပိတ်နေတယ်။ မီးပွိုင့်တွေမှာ မော်တော်ပီကယ်တွေလည်းရှိပြီး လမ်းရှင်းရေးလုပ်နေကြပါတယ်။ ကားလမ်းတလျောက် မောင်းလာရင်း မြို့ထဲက ဟိုတယ်ကိုရောက်ပါတယ်။ ဟိုတယ်က ရန်ကုန်မြို့လယ်ခေါင်က လမ်းထဲက ဟိုတယ်လိုမျိုးပါပဲ။ မအိပ်ခင် ပတ်ဝန်းကျင်ခဏ ကြည့်ချင်တာနဲ့ ဟိုတယ်နားက လမ်းကို လျောက်ကြည့်ဖြစ်ပါတယ်။ လမ်းတွေက ရန်ကုန်က လမ်းတွေလိုပဲ။ ဓာတ်တိုင်တွေက ဝါယာကြိုးတွေ ရှုတ်နေပြီး၊ ဆောက်လက်စ တိုက်တွေလည်း ရှိပါတယ်။ ထူးထူးခြားခြား ရန်ကုန်မြို့ထဲကလို Fuji Color ဓာတ်ပုံဆိုင်လည်း ရှိတယ်။ ကုန်စုံဆိုင်တခုမှာ အအေးနဲ့ မုန့် နည်းနည်း ဝယ်ပြီး ဟိုတယ် ပြန်ခဲ့ပါတယ်။


 ရေချိုးတော့ တဘက်တွေက အဖြူရောင်ဖြစ်တော့ နည်းနည်း နွမ်းနေတယ်။ တဘက် ဘေးအသားလေးတွေလည်း နည်းနည်း ပြဲနေပါတယ်။ လျော်ထားတာ မပြောင်လို့လားမသိပေမယ့် ဆေးလိပ်အနံ့ နည်းနည်းရတယ်။ ဒီဈေးနဲ့ ဒီဟော်တယ် လောက်ပဲရမှာပေါ့လို့ ဖြေသိမ့်ရပါတယ်။ ရေချိုးပြီးတော့ မေးလ်စစ် ပြန်စာပြန်ပြီး အိပ်စက်အနားယူလိုက်ပါတယ်။ အင်တာနက် အမြန်နှုန်းက အတော် မြန်ပါတယ်။ အိပ်ရာနဲ့ အိပ်ရာခင်း ခေါင်းအုံးကတော့ သန့်ပါတယ်။ အဲယားကွန်းလည်း ကောင်းကောင်းအေးပါတယ်။ ရန်ကုန်စီးပွားရေး ဟိုတယ်တွေလို မဟုတ်ပဲ အအေးလည်း ချိန်လျော့ တိုးလို့ ရပါတယ်။ မနက်ဖြန် ဒါကာ လုပ်ငန်းတွေ လိုက်ကြည့် လေ့လာရမယ်။

Good Night..


ကောင်းမြတ်ထွန်း

2016 Dec 4

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: