IoST (Internet of Secure Things) Seminar အကြောင်း


ဒီနေ့ DNP ( Dai Nippon Printing) ပုံနှပ်စက်လုပ်ငန်းစုကြီးက ကျင်းပတဲ့ IoSTSeminar ကိုသွားတက်ခဲ့ပါတယ်။ Internet of Things မှာ Secure ထည့်ပြီး Internet of Secure Things ဆိုပြီး solutions တွေ promotion လုပ်တာလည်း ပါတာပေါ့။ 
DNP ဆိုတာ ဂျပန်မှာ သုံးနေတဲ့ IC card တွေကို ထုတ်တဲ့ ကုမ္ပဏီပါ။ နေ့စဉ်သုံးနေတဲ့ Suicaကဒ်တွေ ဘဏ်ကဒ်တွေ credit ကဒ်တွေ သူတို့ လုပ်ငန်းကနေ printing လုပ်တာပါ။
အခုက IoTခေတ်ရောက်နေပြီ ဖြစ်ပြီး security ကအရေးကြီးတဲ့ နေရာမှာရှိပါတယ်ဆိုပါတယ်။ ဂျပန်နိုင်ငံအစိုးရအနေနဲ့လည်း ပညာရှင်များကို တိုင်ပင်ပြီး IoT Guideline ကို ထုတ်ပြန်ထားပါတယ် လို့ အစိုးရအဖွဲမှာ အကြံပေးဝင်လုပ်နေသူက ဆိုပါတယ်။ 

http://saitohome.com/about/
Social Networking ခေတ်မှာ ဂျပန်က နောက်ကောက်ကျခဲ့ကြောင်း၊

 ကြေငြာလုပ်ငန်း Facebook 

ရုပ်ရှင်လုပ်ငန်း YouTube

ဟိုတယ်လုပ်ငန်း Airbnb

လက်လီရောင်းလုပ်ငန်း Alibaba 

စတဲ့ လုပ်ငန်းတွေက ဂျပန်ရှိနည်းပညာများဖြင့် လုပ်လို့ မရခဲ့စရာ အကြောင်းမရှိခဲ့ပေမယ့် ဂျပန်လုပ်ငန်းများ မထွန်းပေါက်ခဲ့ပါဘူး။
ဂျပန်နိုင်ငံက ကားတွေ နိုင်ငံတကာမှာ ဈေးကွက်ရရှိနေတာက စိတ်ချ လုံခြုံမှုရှိတာကြောင့်ဖြစ်ကြောင်း၊ ရှင်းကန်စံဟာဆိုလျင်လည်း အမြန်နှုန်းမြင့် သွားနေပေမယ့် ငလျင်လှုပ်လျင် ချက်ခြင်း ရပ်တန့်နိုင်သော ဘရိတ်စနစ်နဲ့ စိတ်ချ လုံခြုံမှုရှိခြင်းကြောင့် နာမည်ကြီးကြောင်း စသည်တို့ကို ဥပမာပေးပြီး ယခု IoT ခေတ်မှာတော့ Things လို့ခေါ်တဲ့ ပစ္စည်းတွေက မည်သူမဆို ထိတွေ့နိုင်လို့ လုံခြုံစိတ်ချရမှုက အရေးကြီးတာဖြစ်လို့ လုံခြုံစိတ်ချမှုကို အမြဲဦးစားပေးလုပ်ဆောင်တဲ့ ဂျပန် လုပ်ငန်းတွေအနေနဲ့ ကြိုးစားစွမ်းဆောင်သင့်ကြောင်း ပြောသွားပါတယ်။

Security ABCD ဆိုတာနိုင်ငံတော်အဆင့်လည်း ထိန်းသိမ်းရတာဖြစ်ကြောင်း

A : Atomic

B : Bio

C : Chemical

D : Digital

စသဖြင့် အသီးသီး ရှိကြောင်းသိရပါတယ်။ 
ယခုအခါ Cold War မှာ Code War အဖြစ်ပြောင်းနေပြီဖြစ်ပြီး၊ နိုင်ငံ အဆင့် Hackers အဖွဲ့အစည်းများပင်ရှိနေပြီး၊ စစ်ပွဲများတွင်လည်း အမေရိကန်သည် Cyber Attack များဦးစွာ ပြုလုပ်ပြီးမှ လက်နက်နဲ့တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိတယ် ဆိုပါတယ်။ 
လုံခြုံမှု security ဆိုရာတွင် များသောအားဖြင့် ကုန်ကျစားရိတ် များလာမယ်လို့ပဲ တွေးကြပေမယ့်။ နောက်တခု အသုံးဝင်မှု Usability ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်းပြောပါတယ်။ 
CAMBRIC အကြောင်းလည်း ပြောပါတယ်။

C : Cloud

A : AI

M : Mobility

B : Big Data

R : Robot

I : IoT

C : Cyber 
အင်တာနတ်ခေတ်ဖြစ်လာပြီး တိုးတက်ပြောင်းလဲလာရာမှ ယခုအခါမှာ IoTခေတ် ဖြစ်လာနေပါပြီ။ Things ပစ္စည်းတွေ လုံခြုံမှု Secure မဖြစ်ရင်တော့ IoT ဆိုတာ Internet of Threats ဖြစ်သွားနိုင်တယ် ဆိုပါတယ်။ 
ဂျပန်မှာ Things ပစ္စည်းအတော်များများက အင်တာနက်နဲ့ ချိတ်ဆက်နေပြီး Data Analysis အဖြစ် အသုံးပြုကြပါတယ်။ IoT , Cloud , Big Data
ကောင်းမြတ်ထွန်း

2016 Dec 2

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: