YBS ဘယ်လိုဖြစ်လာလဲနှင့် JICA Transport Master Plan


အခု လူပြောများနေတဲ့ ရန်ကုန်မြို့  ဘတ်စ်ကား စနစ် #YBS Yangon Bus Service နဲ့ ပတ်သက်ပြီး ဘယ်လိုဘယ်ပုံ ဖြစ်ပေါ်လာတယ်၊ ရှေ့ ဆက်ပြီး လုပ်ဆောင်မယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး လေ့လာချင်သောသူများ လေ့လာနိုင်ရန် သိရှိထားသည်များကို မျှ ဝေပေးလိုက်ပါတယ်။
Screen Shot 2017-01-17 at 11.25.00 PM.png
၂၀၁၄ ခုနှစ်တွင် ဂျပန်နိုင်ငံ အဖွဲ့အစည်း JICA မှ မြန်မာနိုင်ငံ သက်ဆိုင်ရာ ၀န်ကြီးဌာနများအကူအညီဖြင့် လေ့လာတွေ့ ရှိ သုံးသပ်ချက်များကို စုစည်းကာ မြန်မာ တနိုင်ငံလုံးအတွက် ပို့ဆောင်ဆက်သွယ်ရေး ပင်မ စီမံကိန်းကို ကြေငြာခဲ့ပါတယ်။ လေ့လာရေးလုပ်ငန်းများ စတင်ခဲ့သည်မှာ ၂၀၁၂ခုနှစ်ဖြစ်ပြီး ၂နှစ်တာ လေ့လာမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ နောင် ၁၀ နှစ် ၂၀ နှစ် စတဲ့ နှစ်ရှည် စီမံကိန်းများ ချမှတ်နိုင်ရန် လုပ်ဆောင်ခဲ့ပါတယ်။
 
မြန်မာနိုင်ငံတနိုင်ငံလုံးဆိုင်ရာ ပင်မစီမံကိန်းက ၂၀၃၅ ခုနှစ်အထိရည်ရွယ်ချက်ထားကာ ရေးဆွဲ ထားပါတယ်။ နှစ်စဉ် ပျမ်းမျှ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၇.၂ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားကာ နောင် ၂၀၃၅ ခုနှစ်တွင် လက်ရှိ စီးပွားရေးထက် ၅.၄ စ တိုးတက်လာမယ်လို့ ရည်မှန်းထားပါတယ်။ ဒီရည်မှန်းချက် လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ အတွက် ၂၀၃၀ အထိ ပို့ဆောင်ဆက်သွယ်ရေး အခြေခံအဆေက်အဦးများတွင် ရင်းနှီးမြှုပ်နှံမှုများ ဒေါ်လာဖြင့် ၁၃ ဘီလီယံခန့် လိုအပ်မှာ ဖြစ်ပါတယ်။
 
ရန်ကုန်အတွက် ပို့ဆောင်ဆက်သွယ်ရေး စီမံကိန်းကတော့ ဒီတပတ် စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့ ပေါ်နေ လူဦးရေ က ၂၀၁၄ လက်ရှိ အခြေအနေတွင် ၅၇ သန်းရှိပြီး ၂၀၃၅ခုနှစ်မှာ ၉ ၇သန်းရှိလာမယ်လို့ ခန့်မှန်းကြပါတယ်။ လူစီး မော်တော်ကား ပိုင်ဆိုင်မှုကလည်း ၁၂ ရာခိုင်နှုန်းမှ ၃၂ ရာခိုင်နှုန်းအထိ မြင့်တက်လာမယ်လို့ ခန့်မှန်းကြပြီး လက်ရှိ ကားလမ်းပိတ်ခြင်းက ယခုထက် ၁.၈ ရာခိုင်နှုန်းမြင့်တက်လာမယ်လို့ ဆိုပါတယ်။
 
ရန်ကုန်မြို့  ပို့ဆောင်ဆက်သွယ်ရေး စီမံကိန်းကို အပိုင်း ၃ ပိုင်းနဲ့ ရေးဆွဲ ထားပါတယ်။
(၁) ရေတိုစီမံကိန်းအနေနဲ့ ၂၀၁၈ ခုနှစ်မတိုင်ခင်အထိ ဘတ်စ်ကား ကွန်ယက် ကို အကောင်အထည်ဖော်ရန်၊ မော်တော်ကား ရပ်နားရန်နေရာများ တည်ဆောက်ရန်၊ လက်ရှိ မြို့ ပတ်ရထားလမ်းကို ပြုပြင်ရန်
 
(၂) ၂၀၁၈ မှ ၂၀၂၅ ခုနှစ် အတွင်း မြို့ တွင်း မြို့ ပြင် ဆက်စပ် အမြန်ရထားနှင့် မြို့ ပတ်အမြန်ကားလမ်း၊ မြို့ သစ်ဆက်သွယ် ရထားလမ်းများ အကောင်အထည်ဖော်ရန်
 
(၃) ၂၀၂၅ မှ ၂၀၃၅ ခုနှစ် အတွင်း မြို့ တွင်း၊ မြို့ ပြင် ရထားလမ်းများ ကို တိုးချဲ့ ခြင်း၊ လျှပ်စစ်ရထားသို့ ပြောင်းလဲခြင်း၊ ရထားလမ်း အသစ်များ ဖောက်လုပ်ခြင်း များ အကောင်အထည်ဖော်ရန်
 
JICAအနေနဲ့ အထက်ပါ စီမံကိန်းများ လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် အစိုးရပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
 
အသေးစိတ် ဖတ်ရှု လေ့လာချင်သူများ လေ့လာနိုင်ရန် JICA မှ URL များကို မျှ ဝေပေးလိုက်ပါတယ်။ အင်တာနက်မှာ ထုတ်ပြန်ထားတာက report ပုံစံအချက်အလက်အချို့ သာဖြစ်ပြီး အသေးစိတ် ဒေတာ အချက်အလက်များက သက်ဆိုင်ရာ ၀န်ကြီးဌာနများမှာ ရှိနိုင်ပါတယ်။ JICA Report များကဂျပန်လို ရေးထားတာဖြစ်လို့ ဂျပန်စာ နားလည်သူတွေပဲ သိရှိနိုင်မှာ ဖြစ်ပေမယ့် မြန်မာတနိုင်ငံလုံးဆိုင်ရာ စီမံကိန်းကတော့ အင်္ဂလိပ်လို ရှိပါတယ်။ အချိန်ရရင်တော့ မြန်မာလို့ အနှစ်ချုပ် ဘာသာပြန်ပြီး ပြောပြ မျှဝေချင်ပါတယ်။
 
■JICA Announcement
 
■Myanmar’s National Transport Master Plan in English
 
■Yangon City Transport Master Plan (in Japanese)
ヤンゴン都市圏都市交通マスタープラン
 
 
ကောင်းမြတ်ထွန်း
၂၀၁၇ ဇန်န၀ါရီလ ၁၈ ရက်
Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: