Cebu Note (Sun Apr 15, 2018)


Cebu Note (Sun Apr 15, 2018)

About GIC Philippines Inc.

GIC Japan ရဲ့  Global Strategy Division မှာ လွန်ခဲ့တဲ့ ၃နှစ် ၂၀၁၅ ခုနှစ်က စတင် ကြည့်ရှုပေးဖြစ်ပါတယ်။ ဒီ Division က ဂျပန်နိုင်ငံက လုပ်ငန်းများ နိုင်ငံရပ်ခြားကို သွားရောက် ရင်းနှီးမြှုပ်နှံ လုပ်ငန်းတိုးချဲ့ တဲ့ အခါမှာ လိုအပ်တဲ့ Consulting လုပ်ငန်းကို လုပ်ကိုင်ပါတယ်။ GIC Group Company တွေက Myanmar, Philippines နဲ့ USA တို့မှာ ရှိတာဖြစ်တော့ အဓိကအားဖြင့် ၄င်းနိုင်ငံများကို သွားရောက် ရင်းနှီးလုပ်ကိုင်ကြမယ့် ဂျပန်လုပ်ငန်းရှင်များကို အကူအညီ Consulting Services ပေးရပါတယ်။ Consulting Services ဆိုရာမှာ Oversea expansion consulting, Local Market Research, Local Company establishment, Local Company Accounting Outsourcing (BPO) after establishment, Post-expansion consulting, Lawyer Support, and etc. စတာတွေဖြစ်ပါတယ်။ GIC Japan ဘက်ခြမ်းအနေနဲ့က နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ GIC Myanmar, GIC Philippines, GIC USA စတဲ့ GIC Group Companies တွေနဲ့ ချိတ်ဆက်ပြီး ၀န်ဆောင်မှုကို ပေးပါတယ်။ Japan ဘက်အနေနဲ့ကတော့ Marketing & Sales ကို အဓိကထားလုပ်ဆောင်ပါတယ်။

ဂျပန်နိုင်ငံဘက်အခြမ်းမှာ Global Strategy Divisionကို ၃နှစ်လောက် ကြည့်ပေးခဲ့ပြီးတော့ ၂၀၁၈ ခုနှစ် ၄လပိုင်းကစပြီး GIC Philippines Inc (GICP) ကို ကြည့်ပေးဖို့ ဖြစ်လာပါတယ်။ GIC Philippines Inc က Cebu Business Park က Keppel Tower 10F မှာ ရှိပါတယ်။ ဝန်ထမ်း စုစုပေါင်း ၁၃ ယောက် ရှိပါတယ်။ အဓိက လုပ်တဲ့ လုပ်ငန်းက ဂျပန် ကုမ္ပဏီတွေ ဖိလစ်ပိုင်ကို လာရောက် စီးပွားရေးလုပ်ကိုင်တာကို အတိုင်ပင်ခံ အကူအညီပေးတဲ့ Consulting လုပ်ငန်းကို လုပ်ပါတယ်။ Accounting လုပ်ငန်းကိုလည်း လုပ်ကိုင်ပြီး CPAရ ဝန်ထမ်းများလည်း ရှိပါတယ်။ ဖိလစ်ပိုင် အခြေစိုက် ဂျပန်လုပ်ငန်းတွေအတွက် Accounting Services ကို ဝန်ဆောင်မှုပေးပါတယ်။ ဂျပန်လူမျိုး ဝန်ထမ်း ၂ ဦး၊ ဖိလစ်ပိုင်ဝန်ထမ်း ၁၀ ဦးရှိပါတယ်။ ဖိလစ်ပိုင် ရှေ့ နေရုံးတခုနဲ့ စာချုပ်ချုပ်ထားပြီး ရှေ့ နေ ၆ ဦးက တာဝန်ထမ်းဆောင်ပေးပါတယ်။

GICPရဲ့  clients တွေက ဂျပန်ကုမ္ဗဏီများသာဖြစ်ပြီး၊ လုပ်ငန်းအမျိုးအစားများက အိုင်တီလုပ်ငန်းများ၊ အင်္ဂလိပ်စာသင်ကျောင်းများ၊ BPO Call Center လုပ်ငန်းများ၊ Diving Shopsလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ ဂျပန်စားသောက်ဆိုင်လုပ်ငန်း၊ Spa လုပ်ငန်း၊ Services လုပ်ငန်းများ စတဲ့ လုပ်ငန်းပေါင်းစုံ လုပ်ကြပါတယ်။ ထိုလုပ်ငန်းများ ဖိလစ်ပိုင်နိုင်ငံကို စတင်ဝင်ရောက်ဖို့ လုပ်ကိုင်စဉ်ကတည်းက အတိုင်ပင်ခံ အကူအညီပေးပြီး၊ ယခု လုပ်ငန်းလည်ပတ်တဲ့အခါမှာလည်း လိုအပ်တဲ့ Back Office Support (Accounting) ကိုဆက်လက် ၀န်ဆောင်မှုပေးနေပါတယ်။ အခုကနေစပြီး ဖိလစ်ပိုင်နိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေတဲ့ လုပ်ငန်းများကိုလည်း Research, Company တည်ထောင်မှု ၀န်ဆောင်မှုပေးနေတဲ့ GICP ဖြစ်ပါတယ်။

Kaung Myat Tun
Sun Apr 15, 2018 @ Cebu

 

30052451_10156276368090970_2436644930421236059_o.jpg

29983602_10156276368275970_3110493791290156963_o.jpg30051572_10156276368410970_1379284268173307005_o.jpg

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: