သမီးလေးကိုပြောဖြစ်တဲ့ PREP အကြောင်း


သမီးလေးရေ…

သမီးလေးလည်း တချိန်မှာ လူတွေနဲ့ စကားတွေ ပြောရမယ်။ စကားတွေ နားထောင်ရမယ့် အရွယ်ကို ရောက်လာမယ်။ အဲ့ဒီ အခါကြရင် အသုံးဝင်နိုင်ဖို့ ဖေ့ဖေ့အတွေ့အကြံလေးတွေ ပြောပြမယ်။

ဖေဖေက အခုဆိုရင် ဖိလစ်ပိုင်နိုင်ငံ Cebuမြို့ မှာ အလုပ်လုပ်နေရတယ်။ လွန်ခဲ့တဲ့ ၃လပိုင်းအထိ ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေရာကနေ သမီးလေးတို့နဲ့ ခွဲပြီး ဒီမှာ အလုပ်လာလုပ်နေရတယ်။

သမီးရေ ဖေဖေက ဒီကျွန်းမြို့ လေးမှာ ဖိလစ်ပိုင်နိုင်ငံသားတွေ၊ ဂျပန်နိုင်ငံသားတွေနဲ့ အလုပ်လုပ်ရင်းနဲ့ တွေးမိတာလေးတွေ ပြောပြမယ်။ ဖေဖေ့အလုပ်က စီမံခန့်ခွဲရေး ဆိုတော့ စကားတွေ အများကြီး နားထောင်ရတယ်။ ၀န်ထမ်းတွေ ပြောတဲ့ စကား၊ လုပ်ငန်းအပ်ထားတဲ့ဂျပန်တွေ ပြောတဲ့စကား အားလုံးက ပြောပြတာတွေကို နားထောင်ပေးရတဲ့ အလုပ်က ဖေဖေ့ရဲ့ အလုပ်တခုပါ။

ဝန်ထမ်းတွေရဲ့ စကားတွေကို နားထောင်တဲ့အခါမှာ များသောအားဖြင့် အစီအစဉ်မကြပဲ ဟိုဟာကြောင့် ဟိုဒင်းကြောင့် ဒီလိုဖြစ်ပြီး မရတာ ရတာ စသဖြင့် ပြောကြတယ်။ များသော အားဖြင့် လူတွေက မိမိသိထားတဲ့ အကြောင်းအရာကို အကြောင်းပြချက်တွေက စပြောပြီး ကောက်ချက် (Conclusion) ကို နောက်ဆုံးမှ ပြောတတ်ကြတယ်။ ဒီနေရာမှာ တဖက်လူရဲ့  ပြောစကားကို မှန်မှန်ကန်ကန် သိရှိနားလည်ဖို့က အရေးကြီးတယ်။ ပြီးတော့ ကိုယ်ပြောတဲ့ စကားကို တဖက်လူက မှန်မှန်ကန်ကန် သိရှိနားလည်ဖို့ အရေးကြီးတယ်။

ပြောဆို ဆက်ဆံ Communication လုပ်ကြတဲ့ အခါမှာ အရေးကြီးဆုံး အချက်က ကောက်ချက် Conclusion ပါ။ အကြောင်းပြချက်တွေက အရေးအကြီးဆုံး မဟုတ်ပဲ ကောက်ချက် Conclusion ကို အရင်ဆုံး ပြောတာက နားလည်လွယ်တဲ့ ပြောဆိုဆက်ဆံမှု Communication တခုဖြစ်စေတယ်။ ဒီလို စကားပြောဖို့ ဘယ်လို ပြောကြမလဲဆိုရင် PREP ဆိုတဲ့ နည်းစနစ်တခုရှိတယ်။ P ဆိုတာ Point ကောက်ချက် Conclusion ကိုပြောမယ်, R ဆိုတာ Reason အကြောင်းပြချက်တွေကို ပြောမယ်, EဆိုတာExample ဥပမာအနည်းဆုံး တခုပေးမယ် , PဆိုတာPoint ကောက်ချက် Conslusionကိုသေချာအောင် ထပ်ပြောမယ်.. ဖြစ်ပြီး အတိုချုပ်အနေနဲ့ PREP Methodology လို့ခေါ်တယ်။

ဥပမာအနေနဲ့
Point : ဂျပန်နိုင်ငံကို သွားပြီး ဂျပန်အိုင်တီလုပ်ငန်းမှာ အင်ဂျင်နီယာ အလုပ်လုပ်ချင်တယ်။
Reason : ခေတ်မှီ တိုးတက်နေတဲ့ ဂျပန်နိုင်ငံက လုပ်ငန်းမှာ လုပ်ကိုင်ခြင်းဖြင့် မိမိနိုင်ငံမှာ မရနိုင်တဲ့ အတွေ့ အကြုံတွေရပြီး၊ မိမိအတွက် တိုးတက်မှုကိုဖြစ်စေတယ် ငွေကြေး ၀င်ငွေများစေတယ် ဂျပန်စာတတ် အင်ဂျင်နီယာဆိုအလုပ်ရလွယ်တယ်။
Example : မိမိပတ်ဝန်းကျင်က အသိမိတ်ဆွေ သူငယ်ချင်းတွေ ၊ မိမိထက်ကြီးသူတွေ ဂျပန်နိုင်ငံကို သွားပြီး ဂျပန်လုပ်ငန်းတွေမှာ အိုင်တီ အင်ဂျင်နီယာ အလုပ်ကို လုပ်ကိုင်ပြီး အတွေ့ အကြုံကောင်းတွေရ အောင်မြင်တိုးတက်နေတာ တွေ့ရတယ်။
Point : ဒါ့ကြောင့်မို့လို့ ဂျပန်နိုင်ငံကို သွားပြီး ဂျပန်အိုင်တီလုပ်ငန်းမှာ အင်ဂျင်နီယာ အလုပ်လုပ်ချင်တယ်။

ပုံမှန် စကားပြောတဲ့ အချိန်မှာပဲဖြစ်ဖြစ်၊ မေးခွန်းတွေကို ဖြေကြားတဲ့ အခါမှာပဲ ဖြစ်ဖြစ် ဒီ PREP နည်းစနစ်ကို စိတ်ထဲစွဲပြီး ပြောဆိုဆက်ဆံ Communicate လုပ်မယ်ဆိုရင် မိမိပြောဆိုလိုတာကို တဖက်လူက နားလည်လွယ်ပါလိမ့်မယ်။ အလားတူပဲ မိမိက နားထောင်ပေးရတဲ့ အခါမှာလည်း တဖက်လူကို PREP နည်းစနစ်နဲ့ ပြောဆိုနိုင်အောင် လမ်းကြောင်းပေးတတ်ရမယ်။ ဒါမှ တဖက်လူ ပြောဆိုချင်တာကို ပြည့်ပြည့်၀၀ နားလည်ပေးနိုင်မှာပါ။ လူတွေနဲ့ Communication လုပ်ရတာ ပျော်စရာကောင်းလာမယ်။

သမီးရေ..သမီးက စကားပြောဖို့စပြီး အားယူနေပြီဆိုတော့ မေးခွန်းတွေ မေးတတ်လာတော့မယ်။ အဲ့ဒီအခါကြရင် ဖေဖေ မေမေတို့က PREP နည်းစနစ်ကိုသုံးပြီး သမီးလေး ပြည့်ပြည့်၀၀ နားလည်အောင် ဖြေပေးမယ်။ ဒါဆိုရင် သမီးလေးလည်း PREP နည်းစနစ် ကို အလိုလို သုံးတတ်သွားမယ်။ လူတွေနဲ့ Communication လုပ်ရတာ ပျော်လာမယ်။

သမီးလေး ပျော်ရွှင်စေဖို့။

19 July, 2018
Kaung Myat Tun @ Cebu

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: