ကျွန်တော့်အကြောင်း


ကျွန်တော့်အကြောင်း

အမည်              ။          ။

ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။

မွေးနေ့              ။          ။

၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။

မွေးရပ်              ။          ။

မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။

ပညာအရည်အချင်း။          ။

ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။

အလုပ်အကိုင်      ။          ။

မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ Delivery Manager ဆိုပါတော့။

တတ်ခဲ့တဲ့Stateကျောင်းတွေက         ။          ။

မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။

တပိုင်တနိုင်သိတာလေးတွေက         ။          ။

OpenSource PL ထဲမှာ Java, PHP, JavaScript,

Framewrok ထဲမှာ Struts2, Struts1, Peer, Lucence, Smarty

Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA

DB ထဲမှာ MySQL, MSSQL, DB2, Postgre,

Server ထဲမှာ AS400, MSS2003

ကျွန်တော့ နာမည်က ကောင်းမြတ်ထွန်းလို့ ခေါ်ပါတယ်။ အီးမေးလ် လိပ်စာကတော့ kaunggyi@gmail.com ပါ။ သူငယ်ချင်းများက ကောင်းကြီးလို့ ခေါ်ကြပါတယ်။ ကျွန်တော့် ကို မန္တလေးမြို့တွင် မွေးဖွားခဲ့ပါတယ်။ ကျွန်တော် ငယ်ငယ်က  စစ်တွေမြို့ တွင် နေထိုင်ခဲ့ဖူးပါတယ်။ မူကြိုအရွယ်ဆိုပါတော့ လို့ ဆိုနိုင်ပါတယ်။

အဲဒီကမှ ကျောင်းနေအရွယ်ရောက်တော့ ရန်ကုန်ကို ရောက်လာပြီး ဒေါ်မေကြည်သိန်း မူကြိုတွင် တက်ရောက်ခဲ့ပါတယ်။ အဲဒီနောက်ငယ်ငယ် မူလတန်း၊ အလယ်တန်း တုန်းကတော့ အလက(၄) တောင်ဥက္ကလာမှာ ကျောင်းတတ်ပါတယ်။

တောင်ကြီးမြို့က အထက(၄) မှာတော့ ၇တန်းနှစ်မှာ တက်ခဲ့ဖူးပါတယ်။

အဲဒီနောက်တော့ ရန်ကုန်ပြန်လာပြီး အထက (၂) ကမာရွတ်မှာ တတ်ရောက်ပြီး ၁၀ တန်းအောင်ခဲ့ပါတယ်။

တက္ကသိုလ်တတ်တော့ ပထမဆုံး သန်လျင်မြို့က GTC မှာ electronic ဘာသာအဓိကနဲ့ တတ်ခဲ့သေးပါတယ်။ ဒါပေမယ့် ဒုတိယနှစ်မှာ ကျောင်းထွက်ခဲ့ပါတယ်။

ပြီးတော့ ၂၀၀၂ခုနှစ်၁၀လပိုင်းက ဂျပန်ခဏဆိုပြီ သွားလိုက်တာ ၂နှစ်နဲ့ ၁၀ လလောက်ကြာသွားပါတယ်။ အလွန်ကို ပျော်စရာကောင်းခဲ့ပါတယ်။ ဂျပန်မှာ ဂျပန်စာ သင်ရင်း အလုပ်လုပ်ရတာ အလွန်ပင်ပန်းပါတယ်။ အတွေ့အကြုံတွေလည်းရတာပေါ့။

၂၀၀၅ခုနှစ်၉လပိုင်းပြန်ရောက်ပြီး KMD Computer Center တွင် IDCS, IAD, BCIS အထိ တတ်ရောက် သင်ကြားခဲ့ပါတယ်။

ဒဂုံတက္ကသိုလ် အဝေးသင် english အဓိကနဲ့ တတ်ရောက်ခဲ့ပါတယ်။

အခုတော့ ဘွဲ့ တွေလည်းရတော့ အလုပ်လုပ်ရပြီပေါ့ဗျာ။ လောလောဆယ် Myanmar DCR မှာ အလုပ်လုပ်နေပါတယ်။ စ၀င်ဝင်ချင်းတုန်းကတော့ programmer ပေါ့ဗျာ။ ပြီးတော့ Team Leader/ Project Leaderလုပ်ခဲ့ရတယ်။ အခုတော့ Delivery Manager အနေနဲ့ အလုပ်လုပ်ရပါတယ်။ တစ်ခါတစ်ခါလည်း BSE(Bridge SE)ပေါ့။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ တုန်းက အလင်းစေတမန်(http://groups.google.com/group/a_lin_say_ta_mum )ဆိုတဲ့ google group တစ်ခု ကို စတင် လုပ်ဖြစ်ပါတယ်။

Advertisements

15 responses to “ကျွန်တော့်အကြောင်း

  • taylay

    သူငယ်ချင်း ကျွန်တော်တို့သူငယ်ချင်းနဲ့မိတ်ဆက်ချင်ပါတယ်၊သူငယ်ချင်းရဲ့blogလေးကိုဖတ်ရပါတယ်။သူငယ်ချင်းရဲ့အရေးအသားကို သဘောကျပါတယ်။ကျွန်တော်တို့ရဲ့http://taylaydoeyethmatthan.ning.com/မှာလဲရေးပေးစေချင်ပါတယ်။အကယ်လို့ ရေးရန်အခက်အခဲတစ်စုံတစ်ရာ ရှိလို့ မရေးနိုင်လျှင်လည်း။ ကျွန်တော်တို့ကြိုက်တဲ့စာများကိုRefrenceလုပ်ဖို့ခွင့်ပြုစေချင်ပါတယ်။သူငယ်ချင်းကလောင်အမည်နဲ့သူငယ်ချင်း၏blog Link ကို ပါ Refrence ၏နောက်တွင်ရေးပေးမည်ဖြစ်ပါသည်။အများဖတ်ရှု့ရန၊်ဗဟုသုတနှင့်ရသ ဖြေဖျော်မှုရရန်အတွက်လုပ်ခြင်းဖြစ်သည့်အတွက်နားလည်စေချင်ပါသည်။
    update ဖြစ်သောpostများကိုလည်းtaylaymin@gmail.comသို့ပို့ပေးးစေချင်ပါသည်။ကျေးဇူးအများကြီးတင်ပါသည်ခင်ဗျာ။
    တေလေများ

    • KaungGyi

      Dear friend,
      it is ok,
      you can use my post in ur site.
      if i have a chance, i will write in your site.
      i will be proud if i can write a post in your site.

      • Rosy

        သူငယ်ချင်း

        သဘောကောင်းမျက်နှာကိုတွေရတော့ခင်ကြမယ်နော်

        ဘိုင်

      • KaungGyi

        ခင်နိုင်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

  • ma san san aye

    INN , YOUR LOOK IS QUIET CHEERFULLY AND FRIENDLY WHICH IS GOOD TO MAKE FRIEND,,,,,,I CAME AND VISIT IN YOUR SITE ,,,,,,,,,INN NOT BAD,,,,I CAN FEEL WHAT YOU TRY TO EXPOSE YOUR FEELING AND INTERESTING,,,,,,,,SO I HOPE WHATEVER YOUR OBJECTIVE BECOME TRUE. TAKEARE.

  • Zar Ni

    今、日本にいますか?
    それともミャンマー?

  • လွှမ်းမိုးထက်

    အကို
    အကို့ ကို ခင်မင်လေးစားတဲ့သူ တစ်ယောက်တိုးတယ်လို့ သဘောထားပေါ့ဗျာ။
    နောက်များမှာ ဆုံကြသေးတာပေါ့။
    အကို့ရဲ့ မေးလ်တွေကိုလဲ forward လုပ်မယ်နော်။အကို့ရဲ့ ဘလော့ခ် ပို့စ် ကနေပြန်မျှတယ်လို့ သဘောထားပေးပေါ့။

    • KaungGyi

      ဟုတ်ပါပြီခင်ဗျာ။ ခင်မင်မှုကို ကျေးဇူးတင်ပါတယ်။ ပြန်လည်မျှဝေပေးတဲ့အတွက်ရောပါ။
      ခင်မင်လျက်

  • Khin Sandar

    အချစ် အကြောင်းရေးသားထား သောစာများဖတ် လို့ ကောင်းပါတယ်။
    ခံစားချက် အမှန်လား စိတ်ကူး ပုံဖော်ထားတာလား လို့ ဝေခွဲ မရအောင် ပင် လက်ရာမြောက်လှသည်။
    အိုင်တီစာမျက်နှာ များကို ပါ တင်ထားသောကြောင့်  ပညာ လည်းရသော ဘလော့တစ်ခုဟုထင်ပါသည်.။
    အချိန်ကိုအကြိုးရှိစွာ အသုံးချ ခဲ့ ပုံ ကို ပါ ပြောပြစေချင်ပါ သည်.။
    ဘာပဲပြောပြောအကို့ ဘလော့  မှာအကုန်စုံအောင် ဖတ်လို့ကောင်းပါသည်။

  • ဘာနေ

    အလင်းစေတမန်ကို လုပ်တဲ့သူဆိုတာသိလို့ ကျေးဇူးပါဗျာ .
    ဝမ်းသာစရာပါ .ပို့စ်ကောင်းတွေလည်း ဖတ်ရလို့ ကျေးဇူးပါ
    ကိုကောင်းကြီး ပျော်ရွှင်ပါစေဗျာ .

  • san tun

    I am glad to read your pages.

  • thiri

    I also read ur post if I like pls allow to share ok

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: